နောက်အိမ်ထောင်ပြုဖို့ လုံးဝအစီအစဉ်မရှိဘူးလို့ ပြောလာတဲ့ ခင်ဇာခြည်ကျော်

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းကနေ လက်ရှိချိန်ထိကို အောင်မြင်နေသေးတဲ့ မင်းသမီး ခင်ဇာခြည်ကျော်ကိုတော့ ပရိသတ်တွေအနေနဲ့ ရင်းနှီးနေပြီးသား ဖြစ်မယ် ထင်ပါတယ်။

မင်းသမီးခင်ဇာခြည်ကျော်ကတော့ လက်ရှိချိန်မှာတော့ သူ့ရဲ့ မျိုးဆက်လေးတွေဖြစ်တဲ့ သားနဲ့ သမီးနဲ့ အတူ အနုပညာလုပ်ငန်းတွေအတူ လုပ်ကိုင်နေပြီး Single Mother တယောက်အနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ သူကတော့ ရှေ့လျောက် နောက်အိမ်ထောင်မပြုတော့ပဲ တယောက်ထဲပဲ နေသွားတော့မယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

မင်းသမီး ခင်ဇာခြည်ကျော်ကတော့ “ဘယ်သူမှတော့ Single Mom တော့မဖြစ်ချင်ဘူးပေါ့နော်။

ဒါပေမယ့်လည်း အိမ်ထောင်တခုမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်သွားရင်လည်း စိတ်ဓါတ်မကျပါနဲ့လို့။ လောကကြီးမှာက ဖြစ်ချင်တိုင်းမဖြစ်ရပါဘူး။ လဲကျသွားရင်တော့ ကိုယ့်မိသားစု ရှေ့ကနေ မားမားမတ်မတ် ရပ်တည်နိုင်ဖို့ အရေးကြီးပါတယ်။

အခုနောက်ပိုင်းမှာတော့ ဆိုရှယ်မီဒီယာတွေ ပေါ်လာတဲ့အတွက်ကြောင့် ရင်ထဲမှာ ဖွင့်ပြောလို့ မရတဲ့အရာတွေကို ဒီဖေ့ဘုတ်ပေါ်မှာတွေ ရင်ဖွင့်ရင်းကောင်းတာတွေ မကောင်းတာတွေ လုပ်ရင်းနဲ့ ကုန်နေကြတယ်ပေါ့။

အဲ့ဒါကြောင့်ဝေဖန်မှုတွေ ခံရတယ်လို့ ထင်ပါတယ်။ အမကတော့ အဲ့ဒါတွေကို အရေထူနေပါပြီ။ ဘယ်သူပြောပြော ကိုယ့်ကိုအကောင်းဆုံး ရပ်တည်နိုင်ဖို့က အရေးကြီးပါတယ်

အမ လက်ရှိမှာတော့ လက်တွဲဖော်မရှိပါဘူး။ အမပြောခဲ့သလိုပဲ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက ရည်းစားထားခဲ့ပါတယ်။ ဒါပေမယ့် အဲ့တုန်းကလည်း ဒီအဖွားကြီး သွေးဆုံးနေပြီဆိုပြီး အပြောခံခဲ့ရတာလည်း ရှိပါတယ်။ လူတွေရဲ့ တိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီးပြောတာပါ။

ဒါပေမယ့်လည်း အခုချိန်မှာတော့ အမ အနေနဲ့ နောက်ထပ် အိမ်ထောင်ပြုဖို့ လုံးဝမရှိပါဘူး။ ပတ်ဝန်းကျင်ကြောင့်လည်း မဟုတ်ပါဘူး။ လောကအတွေ့အကြုံကို များစွာရင်ဆိုင်လာတဲ့ အမျိုးသမီးတယောက်ဟာ ကိုယ့်ဘဝအတွက်ရော သားသမီးတွေရဲ့ ရှေ့ရေးတွေအတွက်ပါ ကိုယ့်ဘာကိုယ် ရပ်တည်မယ်လို့ ဆုံးဖြတ်လိုက်တာပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။