
Zawgyiျဖင့္ဖတ္ရန္
တရုတ္ႏိုင္ငံရဲ႕ အခ်မ္းသာဆံုး သူေဌးၾကီး ဂ်က္မားကိုေတာ့ ေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ။ ဂ်က္မားဟာ တရုတ္ျပည္မွာသာမက လက္ရွိမွာေတာ့ အာရွတိုက္ရဲ႕ အခ်မ္းသာဆံုး အိႏၵိယသူေဌးၾကီး Mukesh Ambani ကို ေက်ာ္ျပီးေတာ့ အာရွတိုက္ရဲ႕ အခ်မ္းသာဆံုး သူေဌးၾကီးဘြဲ႕ကို ရရွိခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။
ဒါ့အျပင္ ဂ်က္မားဟာ Alibaba ကုမၸဏီက် က်င္းပတဲ့ Show တစ္ခုမွာ သူကိုယ္တိုင္ ကုမၸဏီဝန္ထမ္းေတြနဲ႔ ပါဝင္ယွဥ္ျပိဳင္ျပီး ေစ်းေရာင္းခဲ့ဖူးေၾကာင္း Next Shark သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။
Alibab ကုမၸဏီက က်င္းပတဲ့ Show ကေတာ့ Alibaba ကုမၸဏီဝန္ထမ္းေတြဟာ ပံုးေတြ ပါကင္ပိတ္ျခင္း၊ အဝတ္အစားေတြကို ေမာ္ဒယ္လိုဝတ္ဆင္ျပရျခင္း၊ ႏႈတ္ခမ္းနီကို အြန္လိုင္းမွ Live ေရာင္းရျခင္း၊ ပစၥည္းေတြ ပို႔ေပးရျခင္းနဲ႔ ဂဏန္းေတြကို ၾကိဳးျခည္ရျခင္း အစရွိတဲ့ ျပိဳင္ပြဲေတြပဲ ျဖစ္ပါတယ္။
ဒီပြဲမွာေရာင္းရတဲ့ေငြက အေမရိကန္ေဒၚလာ ဘီလီယံ ၃၀ ေက်ာ္ရွိပါတယ္။ ဒီ Show ပြဲမွာ အသက္ ၅၄ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ဂ်က္မားကိုယ္တိုင္ သူ႔ကုမၸဏီဝန္ထမ္းေတြနဲ႔ သူနိုင္ကိုယ္နိုင္ျပိဳင္ျပီး ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။
ပထမဆံုးျပိဳင္တဲ့ပြဲကေတာ့ ပံုးေတြကို သတ္မွတ္ထားတဲ့အခ်ိန္အတြင္း ဘယ္ေလာက္ျပီးေအာင္ တိပ္နဲ႔ ပါကင္ပိတ္နိုင္လည္း ယွဥ္ျပိဳင္ရတာပဲ ျဖစ္ပါတယ္။ ဒီပြဲမွာ ဂ်က္မားဟာ ပါကင္ ၆ ပံုးသာပိတ္ႏိုင္ခဲ့ျပီး သူ႔ဝန္ထမ္းကေတာ့ ပါကင္ ၁၅ ပံုးအထိ ပိတ္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Online ကေန ႏႈတ္ခမ္းနီေရာင္းတဲ့ Live အစီအစဥ္မွာလည္း ဂ်က္မားက ထပ္ရႈံးခဲ့ျပန္ပါေသးတယ္။
ဂဏန္းေတြကို ၾကိဳးနဲ႔ခ်ည္တဲ့ အစီအစဥ္မွာလည္း ဂ်က္မားဟာ ဂဏန္း ၃ ေကာင္ကိုသာ စည္းႏိုင္ခဲ့ျပီး သူ႕ဝန္ထမ္းကေတာ့ ဂဏန္း ၁၆ ေကာင္အထိ စည္းႏိုင္ခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ သူ႔လို သူေဌးၾကီးတစ္ေယာက္က ကုမၸဏီဝန္ထမ္းေတြနဲ႔ အခုလိုစုစုစည္းစည္း ပါဝင္ခဲ့တာကေတာ့ ခ်ီးက်ဴးရမွာပဲ ျဖစ္ပါတယ္။
Pyi Hein Kyaw, Credit: shwemom
Unicodeဖြင့်ဖတ်ရန်
သူ့ ကုမ္ပဏီက ဝန်ထမ်းတွေနဲ့အတူ ဈေးပြိုင်ရောင်းခဲ့ဖူးတဲ့ ဂျက်မား
တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီး ဂျက်မားကိုတော့ တော်တော်များများ သိကြမှာပါ။ ဂျက်မားဟာ တရုတ်ပြည်မှာသာမက လက်ရှိမှာတော့ အာရှတိုက်ရဲ့ အချမ်းသာဆုံး အိန္ဒိယသူဌေးကြီး Mukesh Ambani ကို ကျော်ပြီးတော့ အာရှတိုက်ရဲ့ အချမ်းသာဆုံး သူဌေးကြီးဘွဲ့ကို ရရှိခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဂျက်မားဟာ Alibaba ကုမ္ပဏီကျ ကျင်းပတဲ့ Show တစ်ခုမှာ သူကိုယ်တိုင် ကုမ္ပဏီဝန်ထမ်းတွေနဲ့ ပါဝင်ယှဉ်ပြိုင်ပြီး ဈေးရောင်းခဲ့ဖူးကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Alibab ကုမ္ပဏီက ကျင်းပတဲ့ Show ကတော့ Alibaba ကုမ္ပဏီဝန်ထမ်းတွေဟာ ပုံးတွေ ပါကင်ပိတ်ခြင်း၊ အဝတ်အစားတွေကို မော်ဒယ်လိုဝတ်ဆင်ပြရခြင်း၊ နှုတ်ခမ်းနီကို အွန်လိုင်းမှ Live ရောင်းရခြင်း၊ ပစ္စည်းတွေ ပို့ပေးရခြင်းနဲ့ ဂဏန်းတွေကို ကြိုးခြည်ရခြင်း အစရှိတဲ့ ပြိုင်ပွဲတွေပဲ ဖြစ်ပါတယ်။
ဒီပွဲမှာရောင်းရတဲ့ငွေက အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ရှိပါတယ်။ ဒီ Show ပွဲမှာ အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်မားကိုယ်တိုင် သူ့ကုမ္ပဏီဝန်ထမ်းတွေနဲ့ သူနိုင်ကိုယ်နိုင်ပြိုင်ပြီး ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။
ပထမဆုံးပြိုင်တဲ့ပွဲကတော့ ပုံးတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်း ဘယ်လောက်ပြီးအောင် တိပ်နဲ့ ပါကင်ပိတ်နိုင်လည်း ယှဉ်ပြိုင်ရတာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂျက်မားဟာ ပါကင် ၆ ပုံးသာပိတ်နိုင်ခဲ့ပြီး သူ့ဝန်ထမ်းကတော့ ပါကင် ၁၅ ပုံးအထိ ပိတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Online ကနေ နှုတ်ခမ်းနီရောင်းတဲ့ Live အစီအစဉ်မှာလည်း ဂျက်မားက ထပ်ရှုံးခဲ့ပြန်ပါသေးတယ်။
ဂဏန်းတွေကို ကြိုးနဲ့ချည်တဲ့ အစီအစဉ်မှာလည်း ဂျက်မားဟာ ဂဏန်း ၃ ကောင်ကိုသာ စည်းနိုင်ခဲ့ပြီး သူ့ဝန်ထမ်းကတော့ ဂဏန်း ၁၆ ကောင်အထိ စည်းနိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့လို သူဌေးကြီးတစ်ယောက်က ကုမ္ပဏီဝန်ထမ်းတွေနဲ့ အခုလိုစုစုစည်းစည်း ပါဝင်ခဲ့တာကတော့ ချီးကျူးရမှာပဲ ဖြစ်ပါတယ်။
Pyi Hein Kyaw, Credit: shwemom
Leave a Reply