ရန်ကုန် မှာ ရေချိုရှားပါးလာပါပြီ မြေအောက်ရေ ဆက်လက်မပျက်ဆီးအောင် ဘယ်လိုဆက်လုပ်ကြမလည်း…?

“မြေအောက်ရေဟာ ထုတ်ယူပါများလို့ ကျသွားရင် ရေငန်က ထိုးဝင်လာတယ်။ အဲဒီ တွင်းပျက်လို့ကတော့ ပြန်ပြင်လို့ကို မရတော့ဘူး။ ထာဝရပျက်သွားတာ ။ ထာဝရပျက်သွားတဲ့ အတွက် လူတွေဟာ သူတို့ မှီခိုရာ ရေချိုကို ထာဝရ အဲဒီနေရာကနေ မရတော့ဘူး။

နံပါတ် ၂ က မြေကြီးက အောက်နှိမ့်ဝင်သွားတာ ။ ဒါကြောင့်မို့လို လူတွေက ကိုယ့်ရဲ့ အိမ်တွေက ကံကြီးကောင်းပါမှ အိမ်တစ်လုံးလုံး မြေမြိုသွားမှာ။ ကံကြီး မကောင်းရင် တစ်ဖက် အနိမ့်အမြင့်ဖြစ်ပြီးတော့ တစ်ခြမ်းကွဲသွားတာတို့ ရှေ့ကို ငိုက်ကျတာတို့ ဘေးကို စောင်းပြိုတာတို့ အကုန်ဖြစ်နိုင်တယ်”

ရန်ကုန်မြို့တွင် လူတစ်ဦး နေ့စဉ် အသုံးပြု ရေဂါလန် ၃၀ ရှိပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ YCDC အနေနှင့် ရန်ကုန်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကိုသာ ရေချိုဖြန့်ဝေပေးနိုင်သေးသည်။ ထို့အတွက် ကျန် လူဦးရေ ၄၀ ရာခိုင်နှုန်းသည် ကိုယ်ထူကိုယ်ထ စက်ရေတွင်းများနှင့်

မြေအောက်ရေကို တူးယူသုံးစွဲနေကြရခြင်း (crd Dr Ni Ni Thein)မေလ ၁၂ ရက်နေ့ကတင်ခဲ့သောပို့စ်ပါ ပထမပုံသည် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့နေ ဆူဘဂျစ်မူကာဂျီ ရေးဆွဲသည့်ပုံ ဖြစ်သည်။ ဆူဘဂျစ်မူကာဂျီသည် မွန်ဘိုင်းကျောင်းကျောင်းသူကျောင်းသားများအား ပုံပါ “ရေစိမ့်ပုံး”များကို လက်တွေ့တပ်ဆင်စေခြင်းဖြင့် မြေအောက်ရေထိန်းသိမ်းတတ်အောင် ကြိုးပမ်းလျက်ရှိသည်။

ပလတ်စတစ်ပုံးတစ်လုံး၏ပတ်လည်နှင့်အောက်ခြေတွင် အပေါက်များဖောက်သည်။ ပုံး၏အချင်းထက် တစ်ပေ ပတ်လည်ခန့်ပိုကျယ်သောကျင်းတူးကာ ပုံးကိုမြေကြီးထဲထည့်သည်။ ကျင်းအောက်ခြေ၊ ပုံးနှင့်ကျင်းနံရံကြားတို့ထဲသို့ ကျောက်တုံး၊ ကျောက်စရစ်၊ အုတ်ကျိုးတို့ ထည့်သည်။ ကျောက်နှင့်အုတ်တို့သည် မြေသားများ

ပုံးထဲသို့ မ၀င်အောင် ဆန်ကာသဘောတားဆီးထားသည်။ ထို့နောက် ကျောင်းဆောင်အမိုးမှကျလာသော မိုးရေများကို ပိုက်ဖြင့်သွယ်၍ ပုံးထဲထည့်သည်။ အလွန်ရိုးရှင်းလွယ်ကူကာ ကုန်ကျစရိတ်လည်းနည်းသည်။ ရွှံ့မြေများမှလွဲ၍ ကျန်နေရာများတွင် ရေအနည်းနှင့်အများ စိမ့်၀င်နိုင်သည်။

မိုးရေသည် ပုံးရှိအပေါက်များ၊ ဘေးပတ်လည်ရှိ ကျောက်များကိုဖြတ်ကာ မြေကြီးထဲစိမ့်၀င်သွားပြီး မြေအောက်ရေကို ပြန်ဖြည့်ပေးသည်။ ကျောင်းသားတို့သည် သူတို့လုပ်ထားသောရေစိမ့်ပုံးမှတဆင့် မိုးရေများ မြေအောက်စိမ့်၀င်သွား သည်ကို ကြည့်၍ မြေအောက်ရေဖြည့်ခြင်းသဘောကို ကောင်းစွာနားလည်သွားသည်။

မိုးကုန်သောအခါ သူတို့ ပြန်ဖြည့်ပေးသောရေကြောင့် ကျောင်းအဝီစိတွင်းတွင် ခါတိုင်းထက်ရေပိုမြင့်နေသည်ကိုတွေ့ရသဖြင့် အလွန် ပျော်ရွှင်ကြသည်။

အဆိုပါနည်းအတိုင်း မြန်မာနိုင်ငံကျောင်းများတွင်လုပ်ဆောင်နိုင်လျှင် မြန်မာကလေးငယ်တို့လည်း မြေအောက်ရေ သဘောတရားကို လက်တွေ့နားလည်၊ ကျောင်း၀န်းကျင်မြေအောက်ရေကိုလည်း ဖြည့်ပြီး ဖြစ်သွားလိမ့်မည်။

(မကြာမီထုတ်ဝေမည့် မိုးရေလှောင်ကန်စာအုပ်တွင် ပါရှိသည့် အကြောင်းအရာကို ကြိုတင်ဝေငှခြင်းဖြစ်ပါသည်။)

Zawgyi

“ေျမေအာက္ေရဟာ ထုတ္ယူပါမ်ားလို႔ က်သြားရင္ ေရငန္က ထိုးဝင္လာတယ္။ အဲဒီ တြင္းပ်က္လို႔ကေတာ့ ျပန္ျပင္လို႔ကို မရေတာ့ဘူး။ ထာဝရပ်က္သြားတာ ။ ထာဝရပ်က္သြားတဲ့ အတြက္ လူေတြဟာ သူတို႔ မွီခိုရာ ေရခ်ိဳကို ထာဝရ အဲဒီေနရာကေန မရေတာ့ဘူး။

နံပါတ္ ၂ က ေျမႀကီးက ေအာက္ႏွိမ့္ဝင္သြားတာ ။ ဒါေၾကာင့္မို႔လို လူေတြက ကိုယ့္ရဲ႕ အိမ္ေတြက ကံႀကီးေကာင္းပါမွ အိမ္တစ္လုံးလုံး ေျမၿမိဳသြားမွာ။ ကံႀကီး မေကာင္းရင္ တစ္ဖက္ အနိမ့္အျမင့္ျဖစ္ၿပီးေတာ့ တစ္ျခမ္းကြဲသြားတာတို႔ ေရွ႕ကို ငိုက္က်တာတို႔ ေဘးကို ေစာင္းၿပိဳတာတို႔ အကုန္ျဖစ္ႏိုင္တယ္”

ရန္ကုန္ၿမိဳ႕တြင္ လူတစ္ဦး ေန႔စဥ္ အသုံးျပဳ ေရဂါလန္ ၃၀ ရွိၿပီး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ YCDC အေနႏွင့္ ရန္ကုန္လူဦးေရ၏ ၆၀ ရာခိုင္ႏႈန္းကိုသာ ေရခ်ိဳျဖန႔္ေဝေပးႏိုင္ေသးသည္။ ထို႔အတြက္ က်န္ လူဦးေရ ၄၀ ရာခိုင္ႏႈန္းသည္ ကိုယ္ထူကိုယ္ထ စက္ေရတြင္းမ်ားႏွင့္

ေျမေအာက္ေရကို တူးယူသုံးစြဲေနၾကရျခင္း (crd Dr Ni Ni Thein)ေမလ ၁၂ ရက္ေန႔ကတင္ခဲ့ေသာပို႔စ္ပါ ပထမပုံသည္ အိႏၵိယႏိုင္ငံ မြန္ဘိုင္းၿမိဳ႕ေန ဆူဘဂ်စ္မူကာဂ်ီ ေရးဆြဲသည့္ပုံ ျဖစ္သည္။ ဆူဘဂ်စ္မူကာဂ်ီသည္ မြန္ဘိုင္းေက်ာင္းေက်ာင္းသူေက်ာင္းသားမ်ားအား ပုံပါ “ေရစိမ့္ပုံး”မ်ားကို လက္ေတြ႕တပ္ဆင္ေစျခင္းျဖင့္ ေျမေအာက္ေရထိန္းသိမ္းတတ္ေအာင္ ႀကိဳးပမ္းလ်က္ရွိသည္။

ပလတ္စတစ္ပုံးတစ္လုံး၏ပတ္လည္ႏွင့္ေအာက္ေျခတြင္ အေပါက္မ်ားေဖာက္သည္။ ပုံး၏အခ်င္းထက္ တစ္ေပ ပတ္လည္ခန္႔ပိုက်ယ္ေသာက်င္းတူးကာ ပုံးကိုေျမႀကီးထဲထည့္သည္။ က်င္းေအာက္ေျခ၊ ပုံးႏွင့္က်င္းနံရံၾကားတို႔ထဲသို႔ ေက်ာက္တုံး၊ ေက်ာက္စရစ္၊ အုတ္က်ိဳးတို႔ ထည့္သည္။ ေက်ာက္ႏွင့္အုတ္တို႔သည္ ေျမသားမ်ား

ပုံးထဲသို႔ မ၀င္ေအာင္ ဆန္ကာသေဘာတားဆီးထားသည္။ ထို႔ေနာက္ ေက်ာင္းေဆာင္အမိုးမွက်လာေသာ မိုးေရမ်ားကို ပိုက္ျဖင့္သြယ္၍ ပုံးထဲထည့္သည္။ အလြန္႐ိုးရွင္းလြယ္ကူကာ ကုန္က်စရိတ္လည္းနည္းသည္။ ႐ႊံ႕ေျမမ်ားမွလြဲ၍ က်န္ေနရာမ်ားတြင္ ေရအနည္းႏွင့္အမ်ား စိမ့္၀င္ႏိုင္သည္။

မိုးေရသည္ ပုံးရွိအေပါက္မ်ား၊ ေဘးပတ္လည္ရွိ ေက်ာက္မ်ားကိုျဖတ္ကာ ေျမႀကီးထဲစိမ့္၀င္သြားၿပီး ေျမေအာက္ေရကို ျပန္ျဖည့္ေပးသည္။ ေက်ာင္းသားတို႔သည္ သူတို႔လုပ္ထားေသာေရစိမ့္ပုံးမွတဆင့္ မိုးေရမ်ား ေျမေအာက္စိမ့္၀င္သြား သည္ကို ၾကည့္၍ ေျမေအာက္ေရျဖည့္ျခင္းသေဘာကို ေကာင္းစြာနားလည္သြားသည္။

မိုးကုန္ေသာအခါ သူတို႔ ျပန္ျဖည့္ေပးေသာေရေၾကာင့္ ေက်ာင္းအဝီစိတြင္းတြင္ ခါတိုင္းထက္ေရပိုျမင့္ေနသည္ကိုေတြ႕ရသျဖင့္ အလြန္ ေပ်ာ္႐ႊင္ၾကသည္။

အဆိုပါနည္းအတိုင္း ျမန္မာႏိုင္ငံေက်ာင္းမ်ားတြင္လုပ္ေဆာင္ႏိုင္လွ်င္ ျမန္မာကေလးငယ္တို႔လည္း ေျမေအာက္ေရ သေဘာတရားကို လက္ေတြ႕နားလည္၊ ေက်ာင္း၀န္းက်င္ေျမေအာက္ေရကိုလည္း ျဖည့္ၿပီး ျဖစ္သြားလိမ့္မည္။

(မၾကာမီထုတ္ေဝမည့္ မိုးေရေလွာင္ကန္စာအုပ္တြင္ ပါရွိသည့္ အေၾကာင္းအရာကို ႀကိဳတင္ေဝငွျခင္းျဖစ္ပါသည္။)

Be the first to comment

Leave a Reply

Your email address will not be published.


*