
ZawGyiျဖင့္ ဖတ္ရန္
ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံလို အာဆီယံႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ လမ္းေဘးအစားအစာ ေရာင္းခ်မႈေတြက ဒုနဲ႔ေဒးကို ရွိလို႔ေနပါတယ္။ လမ္းေဘးအစားအစာေတြဟာ ေဈးႏႈန္းအားျဖင့္ သက္သာလွတဲ့အျပင္ အလြယ္တကူ ဝယ္စားႏိုင္တာျဖစ္လို႔ အခ်ိန္ကုန္လည္း သက္သာၿပီး အရသာလည္း ရွိလွပါတယ္။
ဒါေပမယ့္ သန႔္ရွင္းလတ္ဆတ္မႈ အားနည္းခ်က္ရွိတာေၾကာင့္ လမ္းေဘးအစားအစာကို ပုံမွန္စားသုံးမယ္ဆိုရင္ေတာ့ အႏၲရာယ္ရွိလာႏိုင္ပါတယ္။
လမ္းေဘးအစားအစာေတြ ႂကြယ္ဝစြာ ေရာင္းခ်ေလ့ရွိတဲ့ အာဆီယံႏိုင္ငံေတြထဲမွာ ဖိလစ္ပိုင္ႏိုင္ငံလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာဆိုရင္ လမ္းေဘးအစားအေသာက္ဆိုင္မ်ားနဲ႔ စည္းကားလ်က္ရွိၿပီး ေဒသတြင္းက လူမ်ားနဲ႔ ႏိုင္ငံျခား ခရီးသြားမ်ားကပါ ႀကိဳက္ႏွစ္သက္ၾကေလ့ရွိပါတယ္။
ဒီလို လမ္းေဘးအစားအစာကို ႏွစ္သက္စြဲလန္းသူေတြထဲမွာ ဖိလစ္ပိုင္ႏိုင္ငံသူေလး Henschel Ann Quinto လည္း အပါအဝင္ျဖစ္ပါတယ္။ တစ္ေန႔ Henschel Ann Quinto ဟာ ပုံမွန္စားေနက်မဟုတ္တဲ့ လမ္းေဘးအစားအစာေတြကို စားေသာက္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ သူရဲ႕အစာအိမ္ထဲမွာ ထူးျခားတဲ့ ေဝဒနာေတြ စတင္ ခံစားလာခဲ့ရပါတယ္။
Henschel Ann Quinto ဟာ ဒီေဝဒနာေၾကာင့္ ေရေတြ မၾကာခဏ ငတ္လာခဲ့ရၿပီး ေသြးေတြလည္း မၾကာခဏ အန္လာပါေတာ့တယ္။ ဒီလိုနဲ႔ တျဖည္းျဖည္းမွာေတာ့ Henschel Ann Quinto ရဲ႕ ေရာဂါဟာ ပိုမိုဆိုး႐ႊားလာခဲ့ၿပီး ဝမ္းပ်က္ ဝမ္းေလွ်ာကေန အဖ်ားေရာဂါအထိပါ ျဖစ္လာခဲ့ရပါတယ္။
ဒီလိုနဲ႔ Henschel Ann Quinto ဟာ ေဆး႐ုံကိုသြားၿပီး စစ္ေဆးမႈေတြ သြားေရာက္ျပဳလုပ္ခဲ့ရာ Amoebiasis ဆိုတဲ့ ေရာဂါပိုးကို ခံစားေနမွန္း သိရွိခဲ့ရပါတယ္။ ဒါ့အျပင္ Henschel Ann Quinto ရဲ႕ ခႏၶာကိုယ္ထဲမွာ ေရာဂါဘယေတြကို အဓိကျဖစ္ေစႏိုင္တဲ့ ကပ္ပါးေကာင္မ်ားဟာ သုံးမ်ိဳးအထိေတာင္ ရွိလို႔ေနပါတယ္။
ဒါေၾကာင့္ Henschel Ann Quinto ဟာ ေဆးဝါးကုသမႈကို ခက္ခက္ခဲခဲ ကုသခဲ့ရၿပီး ယခုအခါမွာေတာ့ ေဆး႐ုံကေန ျပန္လည္ဆင္းခြင့္ ရရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။
ဒါေၾကာင့္ သင္လည္း Henschel Ann Quinto လို လမ္းေဘးအစားအစာကို ႏွစ္သက္စြဲလန္းသူတစ္ေယာက္ဆိုရင္ သတိေလးနဲ႔ ယွဥ္ၿပီး စားေသာက္ဖို႔ လိုအပ္ပါေၾကာင္း တိုက္တြန္းလိုက္ရပါတယ္ခင္ဗ်ာ။
Credit: STH
Unicodeဖြင့် ဖတ်ရန်
လမ်းဘေး အစားအစာကိုမှ ကြိုက်နှစ်သက်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ ဖြစ်ရပ်တစ်ခု
ကျွန်တော်တို့ မြန်မာနိုင်ငံလို အာဆီယံနိုင်ငံ တော်တော်များများမှာ လမ်းဘေးအစားအစာ ရောင်းချမှုတွေက ဒုနဲ့ဒေးကို ရှိလို့နေပါတယ်။ လမ်းဘေးအစားအစာတွေဟာ ဈေးနှုန်းအားဖြင့် သက်သာလှတဲ့အပြင် အလွယ်တကူ ဝယ်စားနိုင်တာဖြစ်လို့ အချိန်ကုန်လည်း သက်သာပြီး အရသာလည်း ရှိလှပါတယ်။
ဒါပေမယ့် သန့်ရှင်းလတ်ဆတ်မှု အားနည်းချက်ရှိတာကြောင့် လမ်းဘေးအစားအစာကို ပုံမှန်စားသုံးမယ်ဆိုရင်တော့ အန္တရာယ်ရှိလာနိုင်ပါတယ်။
လမ်းဘေးအစားအစာတွေ ကြွယ်ဝစွာ ရောင်းချလေ့ရှိတဲ့ အာဆီယံနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်တော်များများမှာဆိုရင် လမ်းဘေးအစားအသောက်ဆိုင်များနဲ့ စည်းကားလျက်ရှိပြီး ဒေသတွင်းက လူများနဲ့ နိုင်ငံခြား ခရီးသွားများကပါ ကြိုက်နှစ်သက်ကြလေ့ရှိပါတယ်။
ဒီလို လမ်းဘေးအစားအစာကို နှစ်သက်စွဲလန်းသူတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံသူလေး Henschel Ann Quinto လည်း အပါအဝင်ဖြစ်ပါတယ်။
တစ်နေ့ Henschel Ann Quinto ဟာ ပုံမှန်စားနေကျမဟုတ်တဲ့ လမ်းဘေးအစားအစာတွေကို စားသောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူရဲ့အစာအိမ်ထဲမှာ ထူးခြားတဲ့ ဝေဒနာတွေ စတင် ခံစားလာခဲ့ရပါတယ်။
Henschel Ann Quinto ဟာ ဒီဝေဒနာကြောင့် ရေတွေ မကြာခဏ ငတ်လာခဲ့ရပြီး သွေးတွေလည်း မကြာခဏ အန်လာပါတော့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်းမှာတော့ Henschel Ann Quinto ရဲ့ ရောဂါဟာ ပိုမိုဆိုးရွှားလာခဲ့ပြီး ဝမ်းပျက် ဝမ်းလျှောကနေ အဖျားရောဂါအထိပါ ဖြစ်လာခဲ့ရပါတယ်။
ဒီလိုနဲ့ Henschel Ann Quinto ဟာ ဆေးရုံကိုသွားပြီး စစ်ဆေးမှုတွေ သွားရောက်ပြုလုပ်ခဲ့ရာ Amoebiasis ဆိုတဲ့ ရောဂါပိုးကို ခံစားနေမှန်း သိရှိခဲ့ရပါတယ်။ ဒါ့အပြင် Henschel Ann Quinto ရဲ့ ခန္ဓာကိုယ်ထဲမှာ ရောဂါဘယတွေကို အဓိကဖြစ်စေနိုင်တဲ့ ကပ်ပါးကောင်များဟာ သုံးမျိုးအထိတောင် ရှိလို့နေပါတယ်။
ဒါကြောင့် Henschel Ann Quinto ဟာ ဆေးဝါးကုသမှုကို ခက်ခက်ခဲခဲ ကုသခဲ့ရပြီး ယခုအခါမှာတော့ ဆေးရုံကနေ ပြန်လည်ဆင်းခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါကြောင့် သင်လည်း Henschel Ann Quinto လို လမ်းဘေးအစားအစာကို နှစ်သက်စွဲလန်းသူတစ်ယောက်ဆိုရင် သတိလေးနဲ့ ယှဉ်ပြီး စားသောက်ဖို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
Credit: STH
Leave a Reply