
Zawgyiျဖင့္ဖတ္ရန္
အြန္လိုင္းေပၚမွာေတြ႕လို႔ အခ်စ္မစစ္ဘူး မထင္ပါနဲ႔။ အြန္လိုင္းေပၚမွာေတြ႕ၿပီး ညားသြားၾကတဲ့သူေတြ အမ်ားႀကီးပါ။
အဲ့ထဲကမွ အြန္လိုင္းေပၚမွာေတြ႕ၿပီး ခ်စ္သြားၾကကာ အျပင္မွာေတြ႕ဆုံဖို႔ ခ်ိန္းရင္း မေတာ္တဆမႈတစ္ခုေၾကာင့္ အိပ္ယာထဲလဲ သြားရတဲ့ ခ်စ္သူကို ေန႔စဥ္မျပတ္ ေစာင့္ေရွာက္မႈေတြ လုပ္ေပးခဲ့တဲ့ ထိုင္းႏိုင္ငံက အမ်ိဳးသားတစ္ေယာက္လည္း အပါအဝင္ျဖစ္တယ္လို႔ worldofbuzz က ေဖာ္ျပပါတယ္။
ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာေနတဲ့ အသက္ (၃၁)ႏွစ္အ႐ြယ္ အမ်ိဳးသား Narawut Phongyen ဟာ မေတာ္တဆမႈတစ္ခုေၾကာင့္ အေၾကာေသသြားခဲ့တဲ့ အသက္ (၂၁)ႏွစ္အ႐ြယ္ ခ်စ္သူမိန္းကေလး Patcharaphan Lenkham ကို ၿငိဳျငင္မႈေတြမရွိပဲ ၾကည့္ရႈေစာင့္ေရွာက္ခဲ့ပါတယ္။
သူတို႔ႏွစ္ေယာက္ဟာ (၂၀၁၅)ခုႏွစ္ ဇူလိုင္လတုန္းက ဆိုရွယ္မီဒီယာကေနတစ္ဆင့္ ေတြ႕ဆုံခဲ့ၾကတာပါ။ သူတို႔တစ္ေယာက္နဲ႔ တစ္ေယာက္ အြန္လိုင္းေပၚမွာခင္လာၿပီး (၇)လအၾကာ (၂၀၁၆)ခုႏွစ္ေဖေဖာ္ဝါရီလမွာ ပထမဆုံးေတြ႕ဆုံ ဖို႔ခ်ိန္းဆိုခဲ့ၾကပါတယ္။ Patcharapan ဟာ ခ်ိန္းဆိုထားတဲ့ ေနရာကိုလာရင္း လမ္းမွာမေတာ္တဆမႈ တစ္ခုျဖစ္ပြားခဲ့ၿပီး ျပင္းထန္တဲ့ ဒဏ္ရာရရွိခဲ့ပါတယ္။
ဒီမေတာ္တဆမႈအတြင္း Patcharapan ဟာ ေက်ာ႐ိုးမႀကီးနဲ႔ ခ်ိတ္ဆက္ထားတဲ့ အဆစ္ဟာ ကြၽံသြားခဲ့ကာ လည္ပင္းေအာက္ပိုင္းတစ္ေလွ်ာက္ အေၾကာေသသြားခဲ့ၿပီး သူမရဲ႕လက္မေလးေတြသာ လႈပ္ရွားႏိုင္ပါေတာ့တယ္။
Narawut ဟာ Patcharaphan ရဲ႕သတင္းကို ၾကားၾကားခ်င္း သူတို႔ႏွစ္ေယာက္ေတြ႕ဆုံဖို႔ ခ်ိန္ထားတဲ့ စားေသာက္ဆိုင္ ကေန ေဆး႐ုံကို ခ်က္ခ်င္းေရာက္ရွိလာခဲ့ပါတယ္။
သူတို႔ႏွစ္ေယာက္ ပထမဆုံး ေတြ႕ဆုံခ်ိန္မွာ Patcharaphan ကေတာ့ ေဆး႐ုံရဲ႕ကုတင္ေပၚမွာသာ လွဲေနရတဲ့ အေနအထားကို ေရာက္ရွိေနပါၿပီ။ ဒါေပမယ့္ Narawut ဟာ Patcharaphan ကို စြန႔္ခြာသြားျခင္း မရွိပါဘူး။
Narawut က Patcharaphan ကို ခ်စ္တဲ့အတြက္ သူတို႔ထားခဲ့တဲ့ ကတိေတြအတိုင္း ေန႔တိုင္းလာေရာက္ၿပီး ေစာင့္ေရွာက္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ (၃)ႏွစ္လုံး တစ္ရက္မွ ပ်က္ကြက္ခဲ့ျခင္း မရွိပါဘူး။
Narawut ဟာ Patcharaphan ရဲ႕အိမ္ကို ေန႔တိုင္းလာၿပီး သူမရဲ႕အဝတ္ေတြကို ေလွ်ာ္ေပးကာ သူမအခန္းကိုလည္း သန႔္ရွင္းေရးေတြ ေန႔စဥ္မပ်က္ လုပ္ေဆာင္ေပးပါတယ္။
Narawut ဟာ Patcharaphan ရဲ႕ေသေနတဲ့အေၾကာေတြ ျပန္လည္လႈပ္ရွားႏိုင္ဖို႔ ကူညီ ေဆာင္႐ြက္ေပးခဲ့တဲ့အတြက္ အခုဆိုရင္ Patcharaphan ရဲ႕လက္ေမာင္းေတြဟာ အရင္အတိုင္း ျပန္လည္ လႈပ္ရွားႏိုင္ေနၿပီ ျဖစ္ပါတယ္။
(၂၀၁၉)ခုႏွစ္ ၾသဂုတ္လ (၂၉)ရက္ေန႔မွာေတာ့ ဗီဒီယိုဖိုင္တစ္ခု ထြက္ေပၚလာခဲ့ပါတယ္။ အဲ့ဒီဗီဒီယိုထဲမွာ Narawut ဟာ သူ႔ရဲ႕ ေန႔လယ္စာနဲ႔အတူ Patcharaphan အတြက္ အသီးအႏွံေတြ ဝယ္လာၿပီး Patcharaphan အိမ္ကို လာေနတာျဖစ္ပါတယ္။
ဒီဗီဒီယိုထဲမွာေတာ့ သူမအခုလိုေတြ ျပန္လည္လႈပ္ရွားႏိုင္လာတာ သူမရဲ႕ခ်စ္သူက အေကာင္းဆုံး ႀကိဳးစားေစာင့္ေရွာက္ေပးခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ Patcharaphan က ေျပာပါတယ္။
တစ္ရက္မွာေတာ့ သူတို႔အတူေနထိုင္ၿပီး မိသားစုေလးတစ္ခုကို စတင္ႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔လည္း သူတို႔စုံတြဲက ေျပာခဲ့ပါတယ္။
Credit : Shwemom
Unicodeဖြင့်ဖတ်ရန်
အွန်လိုင်းပေါ်မှာတွေ့လို့ အချစ်မစစ်ဘူး မထင်ပါနဲ့။ အွန်လိုင်းပေါ်မှာတွေ့ပြီး ညားသွားကြတဲ့သူတွေ အများကြီးပါ။
အဲ့ထဲကမှ အွန်လိုင်းပေါ်မှာတွေ့ပြီး ချစ်သွားကြကာ အပြင်မှာတွေ့ဆုံဖို့ ချိန်းရင်း မတော်တဆမှုတစ်ခုကြောင့် အိပ်ယာထဲလဲ သွားရတဲ့ ချစ်သူကို နေ့စဉ်မပြတ် စောင့်ရှောက်မှုတွေ လုပ်ပေးခဲ့တဲ့ ထိုင်းနိုင်ငံက အမျိုးသားတစ်ယောက်လည်း အပါအဝင်ဖြစ်တယ်လို့ worldofbuzz က ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာနေတဲ့ အသက် (၃၁)နှစ်အရွယ် အမျိုးသား Narawut Phongyen ဟာ မတော်တဆမှုတစ်ခုကြောင့် အကြောသေသွားခဲ့တဲ့ အသက် (၂၁)နှစ်အရွယ် ချစ်သူမိန်းကလေး Patcharaphan Lenkham ကို ငြိုငြင်မှုတွေမရှိပဲ ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ (၂၀၁၅)ခုနှစ် ဇူလိုင်လတုန်းက ဆိုရှယ်မီဒီယာကနေတစ်ဆင့် တွေ့ဆုံခဲ့ကြတာပါ။ သူတို့တစ်ယောက်နဲ့ တစ်ယောက် အွန်လိုင်းပေါ်မှာခင်လာပြီး (၇)လအကြာ (၂၀၁၆)ခုနှစ်ဖေဖော်ဝါရီလမှာ ပထမဆုံးတွေ့ဆုံ ဖို့ချိန်းဆိုခဲ့ကြပါတယ်။ Patcharapan ဟာ ချိန်းဆိုထားတဲ့ နေရာကိုလာရင်း လမ်းမှာမတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီမတော်တဆမှုအတွင်း Patcharapan ဟာ ကျောရိုးမကြီးနဲ့ ချိတ်ဆက်ထားတဲ့ အဆစ်ဟာ ကျွံသွားခဲ့ကာ လည်ပင်းအောက်ပိုင်းတစ်လျှောက် အကြောသေသွားခဲ့ပြီး သူမရဲ့လက်မလေးတွေသာ လှုပ်ရှားနိုင်ပါတော့တယ်။
Narawut ဟာ Patcharaphan ရဲ့သတင်းကို ကြားကြားချင်း သူတို့နှစ်ယောက်တွေ့ဆုံဖို့ ချိန်ထားတဲ့ စားသောက်ဆိုင် ကနေ ဆေးရုံကို ချက်ချင်းရောက်ရှိလာခဲ့ပါတယ်။
သူတို့နှစ်ယောက် ပထမဆုံး တွေ့ဆုံချိန်မှာ Patcharaphan ကတော့ ဆေးရုံရဲ့ကုတင်ပေါ်မှာသာ လှဲနေရတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် Narawut ဟာ Patcharaphan ကို စွန့်ခွာသွားခြင်း မရှိပါဘူး။
Narawut က Patcharaphan ကို ချစ်တဲ့အတွက် သူတို့ထားခဲ့တဲ့ ကတိတွေအတိုင်း နေ့တိုင်းလာရောက်ပြီး စောင့်ရှောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ (၃)နှစ်လုံး တစ်ရက်မှ ပျက်ကွက်ခဲ့ခြင်း မရှိပါဘူး။
Narawut ဟာ Patcharaphan ရဲ့အိမ်ကို နေ့တိုင်းလာပြီး သူမရဲ့အဝတ်တွေကို လျှော်ပေးကာ သူမအခန်းကိုလည်း သန့်ရှင်းရေးတွေ နေ့စဉ်မပျက် လုပ်ဆောင်ပေးပါတယ်။
Narawut ဟာ Patcharaphan ရဲ့သေနေတဲ့အကြောတွေ ပြန်လည်လှုပ်ရှားနိုင်ဖို့ ကူညီ ဆောင်ရွက်ပေးခဲ့တဲ့အတွက် အခုဆိုရင် Patcharaphan ရဲ့လက်မောင်းတွေဟာ အရင်အတိုင်း ပြန်လည် လှုပ်ရှားနိုင်နေပြီ ဖြစ်ပါတယ်။
(၂၀၁၉)ခုနှစ် သြဂုတ်လ (၂၉)ရက်နေ့မှာတော့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ Narawut ဟာ သူ့ရဲ့ နေ့လယ်စာနဲ့အတူ Patcharaphan အတွက် အသီးအနှံတွေ ဝယ်လာပြီး Patcharaphan အိမ်ကို လာနေတာဖြစ်ပါတယ်။
ဒီဗီဒီယိုထဲမှာတော့ သူမအခုလိုတွေ ပြန်လည်လှုပ်ရှားနိုင်လာတာ သူမရဲ့ချစ်သူက အကောင်းဆုံး ကြိုးစားစောင့်ရှောက်ပေးခဲ့တာကြောင့် ဖြစ်တယ်လို့ Patcharaphan က ပြောပါတယ်။
တစ်ရက်မှာတော့ သူတို့အတူနေထိုင်ပြီး မိသားစုလေးတစ်ခုကို စတင်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း သူတို့စုံတွဲက ပြောခဲ့ပါတယ်။
Credit : Shwemom
Leave a Reply