မြန်မာ-ဂျပန်ပွဲ၌ ကွင်းထဲပြေးဝင်သူကို အရေးယူထားပြီး ဘောလုံးအဖွဲ့ချုပ်မှ ဒေါ်လာ နှစ်သောင်းအထိဒဏ်ကြေးဆောင်ရနိုင်ဖွယ်ရှိ

မြန်မာ-ဂျပန်ပွဲ၌ ကွင်းထဲပြေးဝင်သူကို အရေးယူထားပြီး ဘောလုံးအဖွဲ့ချုပ်မှ ဒေါ်လာ နှစ်သောင်းအထိဒဏ်ကြေးဆောင်ရနိုင်ဖွယ်ရှိ
===================================================================
မြန်မာ့လက်ရွေးစင်အသင်း နှင့် ဂျပန်လက်ရွေးစင်အသင်းတို့ ပွဲစဉ်တွင် ဘောလုံးကွင်းထဲသို့ ပြေးဝင်ခဲ့သော

ပရိသတ်တစ်ဦးအား မဂ်လာတောင်ညွန့်ရဲစခန်းက ရန်ကုန်ရဲအက်ဥပဒေဖြင့် အရေးယူထားပြီး ယင်းဖြစ်စဉ်အတွက် အိမ်ရှင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့်

ဒဏ်ကြေး ဒေါ်လာ နှစ်သောင်း(ကျပ် သိန်း ၃၀၀) အထိ ဆောင်ရ
နိုင်ဖွယ်ရှိကြောင်း သိရသည်။

စက်တင်ဘာလ၁၀ရက် ညပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ပွဲချိန် မိနစ် ၄၀၌ ကွင်းထဲသို့ ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။”

ကျွန်တော်တို့က ရဲလုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းထားတာပဲရှိတယ်။ ကျွန်တော်တို့မှာလည်း တိုင်ကြားတဲ့သူရှိလာရင် အရေးယူပေးပါမယ်။ လောလောဆယ်တော့ မတိုင်ကြားသေးပါဘူးဗျ။

ကျွန်တော်တို့က ရဲလုပ်ထုံးလုပ်နည်းနဲ့ အရေးယူတယ်။ ထိန်းသိမ်းတယ် ဒါပဲရှိတယ်။ တစ်ခုတော့ရှိတယ်။ (ပ) နံပါတ်မပေးနိုင်ဘူး။ ပုဒ်မမပေးနိုင်ပါဘူးဗျ။ ရန်ကုန်ရဲအက်နဲ့ပဲ အရေးယူတယ်လို့ သိထားပါဗျ” ဟု
သင်္ဃန်ကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကောင်းနိုင်က ပြည်မြန်မာသို့ ပြောသည်။

ဘောလုံးကွင်းထဲသို့ ၀င်ရောက်လာသူသည် ဆန်းမင်းဦး အသက်၂၅နှစ် ၊ သာကေတမြို့နယ်နေထိုင်သူဖြစ်ကြောင်းသိရပြီး ယင်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အာရှဘောလုံးအဖွဲ့ချုပ်မှ ဒဏ်ကြေးချမှတ်သွားမည်ဖြစ်သည့်အပြင်

နောက်ပိုင်း အိမ်ကွင်းပွဲစဉ်များအတွက်လည်း အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် ပြင်းပြင်းထန်ထန်သတိပေးမှုများရှိမည် ဖြစ်ကြောင်း နှင့် ဒဏ်ကြေးအဖြစ် ဒေါ်လာ နှစ်သောင်းဝန်းကျင်အထိ

ဆောင်ရနိုင်ဖွယ်ရှိကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။

မိုင်းစောလွင်

Crd pyi myanmar