ငယ်ငယ်ကအားပေးခဲ့ရတဲ့ အနုပညာရှင်တွေနဲ့ တစ်တန်းတည်းထိုင်ခွင့်ရခဲ့လို့ ဝမ်းသာနေတဲ့ ပိုင်တံခွန်

စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ ညှို့အားပြင်းတဲ့ ပိုင်တံခွန်ဟာ သူ့ရဲ့ ယောကျာ်းဆန်ဆန် အသွင်အပြင်ကြောင့် မိန်းကလေးတိုင်းက အသည်းစွဲ ဖြစ်နေရတာပါ။ ရုပ်ချောသလို မျက်နှာချိုပြီး စိတ်သဘောထား ညင်သာနူးညံ့တဲ့ ပိုင်တံခွန်ကို

ပရိသတ်တွေက မချစ်ပဲနဲ့ကို မနေနိုင်ပါဘူး။ ပိုင်တံခွန်က အခုဆိုရင် ပြည်တွင်း၊ ပြည်ပမှ အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်က ပြီးခဲ့တဲ့ စက်တင်ဘာလ (၉) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Not Copyrighted Brand ရဲ့ ဖက်ရှင်ရှိုးပွဲကြီးကို တက်ရောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ထိုပွဲမှာ ပိုင်တံခွန်က သူငယ်ငယ်က ဖန်သားပြင်မှာပဲ မြင်ဖူးပြီး ကြိုက်နှစ်သက်အားပေးခဲ့ရတဲ့ ရန်အောင်၊ မေသန်းနု၊ ဟိန်းဝေယံ၊ နန်းစုရတီစိုး စတဲ့ အနုပညာရှင်များနဲ့ တစ်တန်းတည်း ထိုင်ခွင့်ရခဲ့ပါတယ်။

ပိုင်တံခွန်က “ကျွန်တော်ငယ်ကတည်းက ဖန်သားပြင်မှာ အားပေးခဲ့ရတဲ့အနုပညာရှင်‌တွေနဲ့ ♥️” ဆိုပြီး သူချစ်တဲ့ အနုပညာရှင်တွေနဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့ခွင့်ရခဲ့လို့ ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ သူကိုယ်တိုင် လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် သူငယ်ငယ်က ကြိုက်ခဲ့ရတဲ့ အနုပညာရှင်များနဲ့ နီးနီးကပ်ကပ် ဆုံတွေ့တဲ့အခါမှာ

ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: Paing Takhon’s fb