ခေတ်ရှေ့ပြေးလွန်းတဲ့ ဖက်ရှင်နဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ သင်ဇာဝင့်ကျော်….

စွဲမက်ဖွယ် အပြုံးချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အနုပညာနဲ့ ပတ်သတ်ရင် အကောင်းဆုံးကြိုးစားပြီး ပရိသတ်ကို ချပြတတ်သူတစ်ဦးပါ။

လတ်တလောမှာတော့ သင်ဇာလေးက ခေတ်ရှေ့ပြေးလွန်းတဲ့ ဖက်ရှင်နဲ့ အရမ်းဂေါ်နေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အနက်ရောင် ပိုက်ကွန်အကျီင်္လေးနဲ့

အရမ်းကို ဆက်စီကျနေတဲ့ သင်ဇာ့ရဲ့ပုံရိပ်တွေကတော့ ပရိသတ်တွေကို ပါးစပ်အဟောင်းသား ဖြစ်သွားစေပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် လူငယ်အရမ်းဆန်တဲ့ သင်ဇာဝင့်ကျော်ရဲ့အလန်းစား ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာလေးကတော့ သူမရဲ့ပုံတွေကို စောင့်နေကြတဲ့ ပရိသတ်တွေအတွက် အမိုက်စားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖက်ရှင်ပိုင်းမှာ အရမ်းအမြင်ရှိတဲ့

သင်ဇာဝင့်ကျော်ကတော့ မကြာခဏဆိုသလို အလန်းစား ပွဲတက်ဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ရင်ကို လှုပ်ခတ်စေသူလေးဆိုလည်း မမှားပါဘူး။

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။

လတ်တလောမှာလည်း သူမနဲ့ ပိုင်တံခွန်တို့ အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ “သူ ဘယ်သူလဲ” ဇာတ်လမ်းကြီးကလည်း မကြာခင် ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။

အရမ်းလန်းတယ် သင်ဇာရယ်…။

သူမပါဝင်တဲ့ ဇာတ်ကောင်အတွက် အသေးစိတ်ပြင်ဆင်မှုတွေကအစ ပြုလုပ်တတ်တဲ့ သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ သင်ဇာလေးရဲ့အချစ်ရေးကတော့ အခုအချိန်အထိ တစ်ယောက်တည်းပါတဲ့နော်။

မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ခေတ်ရှေ့ပြေးပြီး ဂေါ်လွန်းတဲ့ သင်ဇာဝင့်ကျော်လေးကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Thinzar Wint Kyaw’s Facebook