ချစ်ပရိသတ်အားလုံးရဲ့အချစ်ကို အပိုင်သိမ်းယူတော့မယ့် အေသင်ချိုဆွေရဲ့သမီးလေး IVY








ယူနီကုဒ်ဖြင့်ဖတ်ရန်

နိုင်ငံကျော်အဆိုတော်မလေး အေသင်ချိုဆွေဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့သမီးလေး Ivy ကလည်း ပရိသတ်တွေချစ်ရတဲ့သူလေးပဲ ဖြစ်ပါတယ်။ Ivy လေးက ခုဆိုရင် ချစ်စရာကောင်းတဲ့ အမူအယာလေးတွေပါ လုပ်တတ်နေပြီ ဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီးချစ်နေရတာပါ။

အသက် ၁ နှစ်ကျော်သာရှိသေးပေမယ့်လည်း တီတီတာတာနဲ့ အရမ်းကိုတတ်နေပြီဖြစ်တဲ့ Ivy လေးကတော့ ဆေးသောက်နေရင်းနဲ့ကို အိုက်တင်တွေလုပ်တတ်နေပြီပဲ ဖြစ်ပါတယ်။ မေမေအေသင်တောင် အရှုံးပေးရလောက်တဲ့ Ivy လေးရဲ့ အိုက်တင်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

သမီးလေးရဲ့ အိုက်တင်တွေကိုကြည့်ရင်း အချစ်ပိုနေရတဲ့ မေမေအေသင်ကတော့ ”အိုင်ဗီနဲ့ဘိုင်အိုဂျက်ဆစ် တွေ့ကြသောအခါ အနာဂတ်တွင် လူကြီးမင်းတို့၏ အချစ်များအားလုံးကို အပိုင်သိမ်းယူမည့် သောကြာဂြိုလ်မှ မတ်မတ် ဗီး Hehehe ချစ်ထှာကွယ်” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

မေမေအေသင်ရဲ့ အနုပညာအမွေတွေကို ဆက်ခံယူတော့မယ့် Ivy လေးကတော့ မိန်းကလေးပီပီ အလှအပကို ကြိုက်လွန်းတဲ့သူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ Ivy လေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ဆက်လက်ကြည့်ရှု ပေးသွားကြပါဦးနော်။ ဘိုင်အိုဂျက်ဆစ်မြင်လိုက်တာနဲ့

ကြော်ငြာအိုက်တင်တွေကို လုပ်တတ်နေပြီဖြစ်တဲ့ Ivy လေးကတော့ တစ်နေ့တစ်ခြားကို ချစ်စရာကောင်းလာခဲ့တာပါနော်။ အသက်အရွယ်နဲ့မလိုက်အောင် အရမ်းကိုတတ်နေပြီဖြစ်တဲ့ Ivy လေးကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ အချစ်ပိုမိကြမယ်လို့ ထင်ပါတယ်။

မေမေ့ရဲ့ အနုပညာအမွေတွေကို ဆက်ခံယူတော့မယ့် Ivy လေးရဲ့ အိုက်တင်တွေကိုကြည့်ရင်း အချစ်တွေပိုမိတယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို အထူးကျေးဇူးတင်ရှိပါတယ်နော်။

ခရက်ဒစ်ဂျပ်နောင်းမြန်မာနျူး