“ႏွစ္ပါးသြား UPDATE” ဟာသ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ေနတိုးနဲ႔ဝတ္မႈံေ႐ႊရည္တို႔ကို အတူတူေတြ႔ရမည္

ပရိသတ္ေတြခ်စ္တဲ့ အႏုပညာရွင္ႏွစ္ေယာက္ျဖစ္တဲ့ ေနတိုးနဲ႔ဝတ္မႈံေ႐ႊရည္က အႏုပညာေလာကမွာေတာ့ ေအာင္ျမင္တဲ့ မင္းသားနဲ႔မင္းသမီးပါပဲ။ က်ရာဇာတ္႐ုပ္ကို အေကာင္းဆုံးသ႐ုပ္ေဆာင္ၿပီး အတြဲညီလြန္းတဲ့ ေနတိုးနဲ႔ဝတ္မႈံေ႐ႊရည္တို႔ရဲ႕ ႐ုပ္ရွင္ဗီဒီယိုဇာတ္ကားေတြကလဲ ေအာင္ျမင္မႈမ်ားစြာရရွိခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈမ်ားစြာကို ရရွိခဲ့တာပဲျဖစ္ပါတယ္။

လက္ရွိမွာလဲ ေနတိုးနဲ႔ဝတ္မႈံေ႐ႊရည္က အႏုပညာလုပ္ငန္းေတြကို အတူတူတြဲဖက္လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ ေနတိုးနဲ႔ဝတ္မႈံေ႐ႊရည္တို႔ရဲ႕ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ေစာင့္ေမွ်ာ္ေနၾကတဲ့ ပရိသတ္ေတြအတြက္ သတင္းေကာင္းေလး တစ္ခုရွိပါတယ္။

အဲ့ဒါကေတာ့ ေနတိုးနဲ႔ဝတ္မႈံေ႐ႊရည္တို႔ သ႐ုပ္ေဆာင္ထားတဲ့ “ႏွစ္ပါးသြား Update” ႐ုပ္ရွင္ဇာတ္ကားႀကီးကို မၾကာခင္ ႐ုံတင္ျပသေနေတာ့မွာ ျဖစ္ပါတယ္။

ထို “ႏွစ္ပါးသြား Update” ႐ုပ္ရွင္ဇာတ္ကားႀကီးက ဟာသဇာတ္ျမဴး ႐ုပ္ရွင္ဇာတ္ကားႀကီးျဖစ္ၿပီး ေနတိုးနဲ႔ ဝတ္မႈံေ႐ႊရည္တို႔ တစ္ေယာက္ကိုတစ္ေယာက္ ဘယ္လိုေတြ ပညာေပးမလဲဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ေနတိုးနဲ႔ဝတ္မႈံေ႐ႊရည္တို႔ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္လိုေတြ ေဆးထိုးၾကဦးမလဲဆိုတာ စိတ္ဝင္စားစရာပဲေနာ္။

“ႏွစ္ပါးသြား Update” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဇူလိုင္လ ၁၈ ရက္ေန႔ ၾကာသပေတးေန႔မွ စတင္ၿပီး တစ္ျပည္လုံး႐ုံတင္ျပသေတာ့မွာမို႔ ဆက္ဆက္သြားၾကည့္ဖို႔ မေမ့ပါနဲ႔ေနာ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

ခရက္ဒစ္ဂ်ပ္ေနာင္းျမန္မာန်ဴး

ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေချစ်တဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ နေတိုးနဲ့ဝတ်မှုံရွှေရည်က အနုပညာလောကမှာတော့ အောင်မြင်တဲ့ မင်းသားနဲ့မင်းသမီးပါပဲ။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်ပြီး အတွဲညီလွန်းတဲ့ နေတိုးနဲ့ဝတ်မှုံရွှေရည်တို့ရဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေကလဲ အောင်မြင်မှုများစွာရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုများစွာကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာလဲ နေတိုးနဲ့ဝတ်မှုံရွှေရည်က အနုပညာလုပ်ငန်းတွေကို အတူတူတွဲဖက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ နေတိုးနဲ့ဝတ်မှုံရွှေရည်တို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေး တစ်ခုရှိပါတယ်။

အဲ့ဒါကတော့ နေတိုးနဲ့ဝတ်မှုံရွှေရည်တို့ သရုပ်ဆောင်ထားတဲ့ “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင် ရုံတင်ပြသနေတော့မှာ ဖြစ်ပါတယ်။

ထို “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးက ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုတွေ ပညာပေးမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ နေတိုးနဲ့ဝတ်မှုံရွှေရည်တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုတွေ ဆေးထိုးကြဦးမလဲဆိုတာ စိတ်ဝင်စားစရာပဲနော်။

“နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၈ ရက်နေ့ ကြာသပတေးနေ့မှ စတင်ပြီး တစ်ပြည်လုံးရုံတင်ပြသတော့မှာမို့ ဆက်ဆက်သွားကြည့်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ခရက်ဒစ်ဂျပ်နောင်းမြန်မာနျူး