စိုင်းစိုင်း ကိုယ်တိုင်ပေးတဲ့ SAI Cosmetic အသစ်လေး လက်ဆောင်ရလိုက်တဲ့ ဘီလီလမင်းအေး
ခရက်ဒစ်ဆယ်လီကမ္ဘာ
ယူနီကုဒ်ဖြင့်ဖတ်ရန်
ဖူး လို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ ဘီလီလမင်းအေးကတော့ Myanmar Idol season 2 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး First Runner Up ဆုအထိရရှိခဲ့တဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။
သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံကြောင့် ပြိုင်ပွဲဝင်နေစဉ်အချိန်တည်းက ပရိသတ်တော်တော်များများကို ပိုင်ဆိုင်ထားပြီး ဒိုင်တွေရဲ့သဘောကျမှုကိုပါ ရရှိခဲ့တဲ့သူဆိုလည်း မမှားနိုင်ပါဘူးနော်။ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ပြီး အဆိုတော်ကောင်းတစ်ယောက်အနေနဲ့ ရပ်တည်နေသူပါ။
သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး တေးစီးရီး Album ၂ ခွေအထိ ထွက်ထားတာဖြစ်ပါတယ်။ ၂၀၁၈ မတ်လ ၃ ရက်နေ့မှာ သူမရဲ့ပထမအဆုံး Album ဖြစ်တဲ့ “အရှုံးမပေးတဲ့ဝိညာဉ်” Album ထွက်ရှိခဲ့ပါတယ်။
သူမရဲ့ ဒုတိယမြောက် Album ကိုတော့ ၂၀၁၉ ခုနှစ် မေလ ၁၉ ရက်နေ့က ထပ်မံထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဘီလီလမင်းအေးက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ “What a lovely gift that I got today.Thank you so much သတိတရရှိပေးတဲ့အတွက် ကျေးဇူးပါ”
ဆိုပြီး စိုင်းစိုင်းက SAI Cosmetic လေးလက်ဆောင်ပေးထားတာကို ကျေးဇူးတင်ပါတယ်ဆိုပြီး ဖာ်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ စိုင်းရဲ့ အသစ်စက်စက်ထွက်ထားတဲ့ Cosmetic လေးရဆောင်ရထားတဲ့ ဘီလီလမင်းအေးအတွက် ဂုဏ်ပြုစကားလေး ပြောသွားပေးပါဦးနော်။
ခရက်ဒစ်ဆယ်လီကမ္ဘာ