ဧရာဝတီဘဏ္သို႔ က်ပ္သိန္းတစ္ေသာင္းငါးေထာင္ဆုရွင္ အဖြားေဒၚခင္တင့္ လာေရာက္၍ ဆုေၾကး ေငြမ်ားအပ္ႏွံ

၂၀၁၉ ခုႏွစ္ ဇူလိုင္လရဲ႕ ၅ ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းတစ္ေသာင္းဆုရွင္ ဧရာဝတီတိုင္းသူ ဟသၤာတမွ အဖြားေဒၚခင္တင့္တစ္ေယာက္ ဧရာဝတီဘဏ္ကို ဒီေန႔လာေရာက္ၿပီး သူေပါက္ထားတဲ့ ဆုေၾကးေငြေတြကို အပ္ႏွံခဲ့ပါတယ္။ အဖြားက ဒီေန႔ ၃-၇-၂၀၁၉ ရက္ေန႔ မနက္ ၅ နာရီက ဟသၤာတကေန ထြက္လာတာပါ။

အဖြားနဲ႔အတူ အဖြားရဲ႕သားတစ္ေယာက္နဲ႔ အဖြားတို႔ေနထိုင္တဲ့ ေအးျမသာယာ ရပ္ကြက္က အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္ထြန္းေအာင္ႏွင့္ဇနီးတို႔နဲ႔ အတူလာခဲ့တာပါ။ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲ သြားေရာက္ၿပီးတဲ့ေနာက္မွာ ေက်ာက္တံတားၿမိဳ႕နယ္၊ ဧရာဝတီဘဏ္ (႐ုံးခ်ဳပ္) မွာတည္ရွိတဲ့ ဧရာဝတီဘဏ္ခြဲ ရန္ကုန္-၂၆ ကို လာေရာက္ခဲ့ျခင္းျဖစ္ပါတယ္။

အဖြားလည္း ထိုင္ေနေရာ တစ္ဆင့္စကားတစ္ဆင့္ၾကားၿပီး အဖြားဆီကိုလာေရာက္ေတြ႕ဆုံ လက္ဆြဲႏႈတ္ဆက္ၿပီး ဓါတ္ကူးတဲ့သူေတြ၊ ဓါတ္ပုံတြဲ႐ိုက္တဲ့ ဝန္ထမ္းေတြ၊ customer ေတြ အမ်ားႀကီးပါပဲ။ အဖြားက ေဒၚခင္တင့္၊ အသက္ ၈၀ ပါ။ သားသမီး ၅ ေယာက္ရွိၿပီး တစ္ေယာက္ဆုံးသြားၿပီျဖစ္လို႔ လက္ရွိသားသမီး ၄ ေယာက္ရွိတယ္ ေျပာပါတယ္။

“မ်က္စိေရွ႕မွာ ေငြေတြ အပုံလိုက္ေရာက္ေနတာ“ အိပ္မက္မက္လို႔ ထီထိုးခဲ့တာပါတဲ့။ ဂဏန္းကိုေတာ့ မေ႐ြးခ်ယ္ခဲ့ဘဲ ထီေရာင္းတဲ့သူေပးတဲ့ ထီလက္မွတ္ကိုပဲယူခဲ့ၿပီး ေပါက္ခဲ့တာကေတာ့ အဖြားရဲ႕ကံပါပဲ။ အဖြားအလႉလုပ္မယ္ ေပ်ာ္တာေပါ့တဲ့။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက အဖြားထီေပါက္တယ္ဆိုတာ သိရကတည္းက

ထီလက္မွတ္ကိုထိန္းသိမ္းေပးၿပီး လုံၿခဳံေရးအတြက္ ရန္ကုန္ကိုလိုက္ပို႔ခဲ့တာလို႔ ေျပာပါတယ္။ ဧရာဝတီဘဏ္က အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးျမင့္ေဇာ္က အဖြားကိုေတြ႕ဆုံခဲ့တဲ့အခါ ဦးျမင့္ေဇာ္ကို TV ထဲ မွာေတြ႕ဖူးတယ္လို႔ အဖြားကေျပာပါတယ္။ ဧရာဝတီဘဏ္ရဲ႕ AYA Royal Banking ကလည္း အဖြားအတြက္

လိုအပ္တဲ့ဝန္ေဆာင္မႈေတြ ျပဳလုပ္ရွင္းျပေပးခဲ့ၿပီး အစစအရာရာအဆင္ေျပေအာင္ စီစဥ္ေပးခဲ့ပါတယ္။ ဘဏ္အေနနဲ႔လည္း အဖြားကိုေရာ အဖြားနဲ႔အတူတကြ လာေရာက္ခဲ့တဲ့သူေတြကို ဘဏ္ရဲ႕ အမွတ္တရလက္ေဆာင္ေတြ ေပးအပ္ခဲ့ပါတယ္။ ”စိတ္ခ်ယုံၾကည္ ဧရာဝတီ” ဆိုတဲ့ ဧရာဝတီဘဏ္ေဆာင္ပုဒ္နဲ႔အညီ

ဧရာဝတီဘဏ္ကိုယုံၾကည္ၿပီး ထီေပါက္တဲ့ဆုေငြေတြကို လာေရာက္အပ္ႏွံတဲ့အဖြားကို ဧရာဝတီဘဏ္မိသားစုက အထူးပင္ေက်းဇူးတင္ပါတယ္။ အဖြားရဲ႕ယုံၾကည္မႈနဲ႔ ဧရာဝတီဘဏ္ကိုေ႐ြးခ်ယ္မႈဟာ ဧရာဝတီဘဏ္အတြက္ ဂုဏ္ယူစရာျဖစ္ခဲ့ပါတယ္။

ခရက္ဒစ္သလိုက္စတိုင္ျမန္မာ

ယူနီကုဒ္ျဖင့္ဖတ္ရန္

၂၀၁၉ ခုနှစ် ဇူလိုင်လရဲ့ ၅ ကြိမ်မြောက် အောင်ဘာလေသိန်းတစ်သောင်းဆုရှင် ဧရာဝတီတိုင်းသူ ဟင်္သာတမှ အဖွားဒေါ်ခင်တင့်တစ်ယောက် ဧရာဝတီဘဏ်ကို ဒီနေ့လာရောက်ပြီး သူပေါက်ထားတဲ့ ဆုကြေးငွေတွေကို အပ်နှံခဲ့ပါတယ်။ အဖွားက ဒီနေ့ ၃-၇-၂၀၁၉ ရက်နေ့ မနက် ၅ နာရီက ဟင်္သာတကနေ ထွက်လာတာပါ။

အဖွားနဲ့အတူ အဖွားရဲ့သားတစ်ယောက်နဲ့ အဖွားတို့နေထိုင်တဲ့ အေးမြသာယာ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းအောင်နှင့်ဇနီးတို့နဲ့ အတူလာခဲ့တာပါ။ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ သွားရောက်ပြီးတဲ့နောက်မှာ ကျောက်တံတားမြို့နယ်၊ ဧရာဝတီဘဏ် (ရုံးချုပ်) မှာတည်ရှိတဲ့ ဧရာဝတီဘဏ်ခွဲ ရန်ကုန်-၂၆ ကို လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။

အဖွားလည်း ထိုင်နေရော တစ်ဆင့်စကားတစ်ဆင့်ကြားပြီး အဖွားဆီကိုလာရောက်တွေ့ဆုံ လက်ဆွဲနှုတ်ဆက်ပြီး ဓါတ်ကူးတဲ့သူတွေ၊ ဓါတ်ပုံတွဲရိုက်တဲ့ ဝန်ထမ်းတွေ၊ customer တွေ အများကြီးပါပဲ။ အဖွားက ဒေါ်ခင်တင့်၊ အသက် ၈၀ ပါ။ သားသမီး ၅ ယောက်ရှိပြီး တစ်ယောက်ဆုံးသွားပြီဖြစ်လို့ လက်ရှိသားသမီး ၄ ယောက်ရှိတယ် ပြောပါတယ်။

“မျက်စိရှေ့မှာ ငွေတွေ အပုံလိုက်ရောက်နေတာ“ အိပ်မက်မက်လို့ ထီထိုးခဲ့တာပါတဲ့။ ဂဏန်းကိုတော့ မရွေးချယ်ခဲ့ဘဲ ထီရောင်းတဲ့သူပေးတဲ့ ထီလက်မှတ်ကိုပဲယူခဲ့ပြီး ပေါက်ခဲ့တာကတော့ အဖွားရဲ့ကံပါပဲ။ အဖွားအလှူလုပ်မယ် ပျော်တာပေါ့တဲ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဖွားထီပေါက်တယ်ဆိုတာ သိရကတည်းက

ထီလက်မှတ်ကိုထိန်းသိမ်းပေးပြီး လုံခြုံရေးအတွက် ရန်ကုန်ကိုလိုက်ပို့ခဲ့တာလို့ ပြောပါတယ်။ ဧရာဝတီဘဏ်က အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်က အဖွားကိုတွေ့ဆုံခဲ့တဲ့အခါ ဦးမြင့်ဇော်ကို TV ထဲ မှာတွေ့ဖူးတယ်လို့ အဖွားကပြောပါတယ်။ ဧရာဝတီဘဏ်ရဲ့ AYA Royal Banking ကလည်း အဖွားအတွက်

လိုအပ်တဲ့ဝန်ဆောင်မှုတွေ ပြုလုပ်ရှင်းပြပေးခဲ့ပြီး အစစအရာရာအဆင်ပြေအောင် စီစဉ်ပေးခဲ့ပါတယ်။ ဘဏ်အနေနဲ့လည်း အဖွားကိုရော အဖွားနဲ့အတူတကွ လာရောက်ခဲ့တဲ့သူတွေကို ဘဏ်ရဲ့ အမှတ်တရလက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။ ”စိတ်ချယုံကြည် ဧရာဝတီ” ဆိုတဲ့ ဧရာဝတီဘဏ်ဆောင်ပုဒ်နဲ့အညီ

ဧရာဝတီဘဏ်ကိုယုံကြည်ပြီး ထီပေါက်တဲ့ဆုငွေတွေကို လာရောက်အပ်နှံတဲ့အဖွားကို ဧရာဝတီဘဏ်မိသားစုက အထူးပင်ကျေးဇူးတင်ပါတယ်။ အဖွားရဲ့ယုံကြည်မှုနဲ့ ဧရာဝတီဘဏ်ကိုရွေးချယ်မှုဟာ ဧရာဝတီဘဏ်အတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။

ခရက်ဒစ်သလိုက်စတိုင်မြန်မာ