ယနေ့ထက်တိုင်ချစ်ခင်အားပေးနေသေးတဲ့ အနုပညာလောကကနေအနားယူသွားပြီဖြစ်တဲ့ နန္ဒာလှိုင်






ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေကြားမှာ ယနေ့ထက်တိုင် အားပေးမှုတွေရရှိနေဆဲ သူကတော့ မင်းသမီးချောလေးနန္ဒလှိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှ အနားယူလိုက်သော်လည်း ပရိသတ်တွေက အမြဲတမ်းချစ်ခင်အားပေးနေကြတာပါ။ သူမဟာ ခင်ပွန်းဇေသီဟနှင့် သမီးလေးတွေနဲ့အတူ ပျော်ရွှင်သာယာသော မိသားစုဘဝလေးကို တည်ဆောက်ထားကြတာပါ။

သူမရဲ့ခင်ပွန်းရဲ့ အရိပ်တကြည့်ကြည့် ဂရုစိုက်မှုတွေကြောင့်လည်း နန္ဒလှိုင်တစ်ယောက် ကြည်နူးပီတိဖြစ်နေရတာပါ။ သူမရဲ့ သမီးလေးတွေဟာလည်း ချစ်ဖို့ကောင်းလွန်းတာပဲဖြစ်ပြီး ဖေဖေ၊ မေမေတို့ရဲ့အသည်းကျော်လေးတွေ ဖြစ်နေရတာပါ။ သူတို့မိသားစုလေးဟာ အလှူရေစက် လက်နဲ့မကွာဆိုတဲ့စကားအတိုင်း အမြဲလိုလိုလှူဒါန်းမှုတွေ ပြုလုပ်နေတာပါ။

စီးပွားရေးဘက်မှာလည်း တော်လွန်းသူနန္ဒာလှိုင်ဟာ Missha အလှကုန်ပစ္စည်းတွေကို ဖြန့်ချိနေတဲ့အပြင် ခြံထွက်အသီးအနှံများကိုလည်း ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သမီးအငယ်ဆုံးဖြစ်သူ ဇေမဒီလှိုင်နဲ့အတူ ဓာတ်ဖမ်းနေတဲ့ပုံရိပ်လေးတွေကို ခင်ပွန်းဖြစ်သူဇေသီဟရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပါ။

နန္ဒာလှိုင်ဟာလည်း ကလေးသုံးယောက်မိခင်လို့ ထင်ရက်စရာမရှိလောက်အောင် နုပျိုလှပနေဆဲလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူမရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

ခရက်ဒစ်ဒေးလှီးမြန်မာနျူး