သမီးအတြက္ အရာအားလုံးေပးဆပ္ႏိုင္ပါတယ္ဆိုတဲ့ စိုင္းလႊမ္း

သမီးေလး စစ္လြန္းဝတီထက္ကို Single Father အျဖစ္ေစာင့္ေရွာက္ေနၿပီး အႏုပညာအလုပ္ေတြေရာ ျပင္ပအလုပ္ေတြကိုပါ လုပ္ကိုင္ေနသူ စိုင္းလႊမ္းကေတာ့ သူ႔သမီးေလးအေပၚမွာထားတဲ့ သူရဲ႕ေမတၱာအခ်ိဳ႕ကို မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေျပာျပသြားပါတယ္။

စိုင္းလႊမ္းက သူ႔ရဲ႕လႈပ္ရွားမႈေတြနဲ႔ပတ္သက္ၿပီး “အခုကေတာ့ သမီးလည္းေပ်ာ္ေနတယ္ က်ေနာ္လည္းေအးေဆးပါပဲ။ က်ေနာ့္အလုပ္ က်ေနာ္လုပ္တာေပါ့။ ဖခင္တစ္ေယာက္ဆိုတာထက္ က်ေနာ့္အတြက္ဆိုတာ မရွိေတာ့ဘူးေလ က်ေနာ္မလုပ္ဖူးတာလည္း မရွိေတာ့ဘူး။

က်ေနာ္မ်ိဳးစုံလည္း ႀကဳံၿပီးသြားၿပီ က်ေနာ္အတြက္က မလိုေတာ့ဘူး။ က်ေနာ့္သမီးအတြက္ အရာအားလုံး က်ေနာ္လုပ္ေနပါတယ္။ သမီးနဲ႔က အစ္ကိုနဲ႔(ညိဳမင္းလြင္) ဒိုင္ႏိုေဆာ႐ိုက္ထားတယ္။ ပူဆာတာမရွိဘူး ျဖစ္ခ်င္လာလို႔ရွိရင္ အဆင္ေျပတာလုပ္ေပးပါ အဲ့ဒီလိုမ်ိဳးပဲေျပာတယ္ က်န္တာေတာ့မရွိပါဘူး။

အခုလက္ရွိကက်ေနာ္ သီခ်င္းဆက္လုပ္ေနတယ္ေပါ့ေနာ္။ မၾကာခင္ေတာ့ က်ေနာ္ အြန္လိုင္းကပဲလာေတာ့မယ္နဲ႔ တူပါတယ္။ Single ကေတာ့ Album အေနနဲ႔ မလြယ္ေသးပါဘူး။ ႐ုပ္ရွင္ကားေတာ့ ၉ ကားစာခ်ဳပ္နဲ႔ ႐ုပ္ရွင္ခ်ည္းပဲက်န္ေသးတယ္၊ အဲ့တာဆက္႐ိုက္ရမွာေပါ့။

ကား၂၀ မွာ ၁၁ ကားပဲ႐ိုက္ရေသးတယ္ ႐ုံေတြမတင္ရေတာ့ သူတို႔ကို စြတ္ႀကီးေတြမေျပာခ်င္ဘူး။ က်ေနာ္ကလည္း သူတို႔ကိုနားလည္ေပး သူတို႔ကလည္း က်ေနာ့္ကိုနားလည္ေပးေပါ့ က်ေနာ္ ေက်ာက္မ်က္လုပ္ငန္းလုပ္ေနတယ္ အဲ့ဒီေက်ာက္မ်က္လုပ္ငန္းကိုပဲ အဓိကထားတယ္ေပါ့။

ဒါေပမယ့္ သီခ်င္းဘက္ကိုလုပ္ျဖစ္တယ္ သူတို႔႐ိုက္ခ်င္တဲ့အခ်ိန္ က်ေနာ္ကေတာ့ အခ်ိန္မေ႐ြးျဖစ္ပါတယ္။ အႏုပညာနဲ႔ဂီတကို နည္းနည္းစိတ္ကုန္တဲ့အပိုင္းပါတယ္။ လုပ္ခ်ိန္မရွိဘူးေလ လုပ္ခ်ိန္မရွိတဲ့အခါမွာ ဒါႀကီးကိုေစာင့္ေနဖို႔ အခ်ိန္မရွိဘူး။ ႐ိုက္ခ်င္တဲ့အခ်ိန္႐ိုက္ တင္ခ်င္တဲ့အခ်ိန္တင္ေပါ့ဗ်ာ။

က်ေနာ္လည္း လုပ္ႏိုင္သေလာက္ လုပ္ႏိုင္တဲ့ဟာလုပ္မွာေပါ့ ဒါ Relax တစ္ခုအေနနဲ႔လုပ္တာ Professional အေနနဲ႔လုပ္တာမဟုတ္ဘူး အဲ့ဒီအခါက်ေတာ့ အဆင္ေျပတဲ့အခ်ိန္မွာ ႀကိဳးစားမႈက အျပည့္အဝထုတ္မယ္ အႏုပညာက က်ေနာ္ရဲ႕ Relax ပါ” လို႔ ေျပာျပသြားပါတယ္။

ခရက္ဒစ္နာမည္ႀကီး

ယူနီကုဒ္ျဖင့္ဖတ္ရန္

သမီးလေး စစ်လွန်းဝတီထက်ကို Single Father အဖြစ်စောင့်ရှောက်နေပြီး အနုပညာအလုပ်တွေရော ပြင်ပအလုပ်တွေကိုပါ လုပ်ကိုင်နေသူ စိုင်းလွှမ်းကတော့ သူ့သမီးလေးအပေါ်မှာထားတဲ့ သူရဲ့မေတ္တာအချို့ကို မီဒီယာတွေနဲ့အင်တာဗျူးမှာ ပြောပြသွားပါတယ်။

စိုင်းလွှမ်းက သူ့ရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး “အခုကတော့ သမီးလည်းပျော်နေတယ် ကျနော်လည်းအေးဆေးပါပဲ။ ကျနော့်အလုပ် ကျနော်လုပ်တာပေါ့။ ဖခင်တစ်ယောက်ဆိုတာထက် ကျနော့်အတွက်ဆိုတာ မရှိတော့ဘူးလေ ကျနော်မလုပ်ဖူးတာလည်း မရှိတော့ဘူး။

ကျနော်မျိုးစုံလည်း ကြုံပြီးသွားပြီ ကျနော်အတွက်က မလိုတော့ဘူး။ ကျနော့်သမီးအတွက် အရာအားလုံး ကျနော်လုပ်နေပါတယ်။ သမီးနဲ့က အစ်ကိုနဲ့(ညိုမင်းလွင်) ဒိုင်နိုဆောရိုက်ထားတယ်။ ပူဆာတာမရှိဘူး ဖြစ်ချင်လာလို့ရှိရင် အဆင်ပြေတာလုပ်ပေးပါ အဲ့ဒီလိုမျိုးပဲပြောတယ် ကျန်တာတော့မရှိပါဘူး။

အခုလက်ရှိကကျနော် သီချင်းဆက်လုပ်နေတယ်ပေါ့နော်။ မကြာခင်တော့ ကျနော် အွန်လိုင်းကပဲလာတော့မယ်နဲ့ တူပါတယ်။ Single ကတော့ Album အနေနဲ့ မလွယ်သေးပါဘူး။ ရုပ်ရှင်ကားတော့ ၉ ကားစာချုပ်နဲ့ ရုပ်ရှင်ချည်းပဲကျန်သေးတယ်၊ အဲ့တာဆက်ရိုက်ရမှာပေါ့။

ကား၂၀ မှာ ၁၁ ကားပဲရိုက်ရသေးတယ် ရုံတွေမတင်ရတော့ သူတို့ကို စွတ်ကြီးတွေမပြောချင်ဘူး။ ကျနော်ကလည်း သူတို့ကိုနားလည်ပေး သူတို့ကလည်း ကျနော့်ကိုနားလည်ပေးပေါ့ ကျနော် ကျောက်မျက်လုပ်ငန်းလုပ်နေတယ် အဲ့ဒီကျောက်မျက်လုပ်ငန်းကိုပဲ အဓိကထားတယ်ပေါ့။

ဒါပေမယ့် သီချင်းဘက်ကိုလုပ်ဖြစ်တယ် သူတို့ရိုက်ချင်တဲ့အချိန် ကျနော်ကတော့ အချိန်မရွေးဖြစ်ပါတယ်။ အနုပညာနဲ့ဂီတကို နည်းနည်းစိတ်ကုန်တဲ့အပိုင်းပါတယ်။ လုပ်ချိန်မရှိဘူးလေ လုပ်ချိန်မရှိတဲ့အခါမှာ ဒါကြီးကိုစောင့်နေဖို့ အချိန်မရှိဘူး။ ရိုက်ချင်တဲ့အချိန်ရိုက် တင်ချင်တဲ့အချိန်တင်ပေါ့ဗျာ။

ကျနော်လည်း လုပ်နိုင်သလောက် လုပ်နိုင်တဲ့ဟာလုပ်မှာပေါ့ ဒါ Relax တစ်ခုအနေနဲ့လုပ်တာ Professional အနေနဲ့လုပ်တာမဟုတ်ဘူး အဲ့ဒီအခါကျတော့ အဆင်ပြေတဲ့အချိန်မှာ ကြိုးစားမှုက အပြည့်အဝထုတ်မယ် အနုပညာက ကျနော်ရဲ့ Relax ပါ” လို့ ပြောပြသွားပါတယ်။

ခရက်ဒစ်နာမည်ကြီး