ထူးအယ္လင္း ေလးေလးနက္နက္ဖြင့္ဆိုလာတဲ့ သူငယ္ခ်င္းရဲ႕အနက္အဓိပၸါယ္

အသံပါဝါေကာင္းေကာင္းနဲ႔ သီခ်င္းေတြကို ခံစားခ်က္အျပည့္နဲ႔ သီဆိုတတ္တဲ့ အဆိုေတာ္ႀကီး ထူးအယ္လင္းကေတာ့ ပြင့္ပြင့္လင္းလင္းရွိတဲ့ သူ႔ရဲ႕စိတ္ထားနဲ႔ ေကာင္းမြန္တဲ့ သူ႔ရဲ႕အႏုပညာတို႔ေၾကာင့္ အားေပးတဲ့ပရိသတ္ေတြ အခိုင္အမာရရွိထားတာပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ထူးအယ္လင္းက သူငယ္ခ်င္းဆိုတာရဲ႕ ေလးနက္တဲ့အဓိပၸါယ္ကို ဖြင့္ဆိုျပခဲ့တာ ေတြ႕ရပါတယ္။ သူငယ္ခ်င္းဆိုတာ ဘုရားေပးတဲ့ဆုလာဘ္တစ္ခုပဲမို႔ မဆက္သြယ္ျဖစ္ရင္ေတာင္ ေဝးကြာသြားတာမဟုတ္တဲ့အေၾကာင္း ေလးေလးနက္နက္ကို ေျပာျပခဲ့တာပါ။

ခ်စ္ပရိသတ္ေတြအတြက္ သူငယ္ခ်င္းရဲ႕အနက္အဓိပၸါယ္ကို ေလးေလးနက္နက္ဖြင့္ဆိုလာတဲ့ ထူးအယ္လင္းရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ထူးအယ္လင္းကေတာ့

“သူငယ္ခ်င္း ငါတို႔ၾကားမွာ အခ်င္းခ်င္းဆိုတာရွိလို႔ ေနာက္ေျပာင္တာေတြရွိရတယ္။ ငါတို႔ၾကားမွာ အခ်င္းခ်င္းဆိုတာရွိလို႔ လွ်ိဳ႕ဝွက္ခ်က္ေတြေျပာခြင့္ရတယ္။ မဆက္သြယ္တာၾကာတိုင္း ငါတို႔ေဝးကြာသြားတာ မဟုတ္ပါဘူး။ သတင္းေတြမၾကားတိုင္း ငါတို႔ဂ႐ုမစိုက္ေတာ့တာ မဟုတ္ပါဘူး။

သူငယ္ခ်င္းျဖစ္ၿပီဆိုတာနဲ႔ ငါတို႔မွာ အကြာအေဝးဆိုတဲ့သတ္မွတ္ခ်က္ မရွိေတာ့ပါဘူး။ ရင္ဘက္ထဲ သူငယ္ခ်င္းဆိုတဲ့သစ္ပင္ကို အျမစ္တြယ္ေအာင္ စိုက္ခဲ့ၿပီပဲ။ ေမ့သြားတယ္ဆိုတာမရွိခဲ့လို႔ သတိရစရာလည္း မလိုခဲ့ပါဘူး။ သူငယ္ခ်င္းဟာ သူငယ္ခ်င္းပါပဲ။ ဒီတစ္သက္မေျပာင္းလဲတဲ့

တစ္ေယာက္အေၾကာင္းတစ္ေယာက္သိတဲ့ ခင္မင္ရင္းႏွီးမႈနဲ႔ အခ်င္းခ်င္း တန္ဖိုးထားပါတယ္သူငယ္ခ်င္း။ ငါနားလည္သလို မင္းလည္းပဲနားလည္မယ္ဆိုတာ ငါ ယုံၾကည္ပါတယ္ သူငယ္ခ်င္း” ဆိုၿပီး တန္ဖိုးရွိတဲ့ သူငယ္ခ်င္းခ်စ္ျခင္းကို ေျပာထားတာပါ။ အဆိုေတာ္ ထူးအယ္လင္းကေတာ့ လတ္တေလာမွာ ခ်စ္ရတဲ့မိသားစုနဲ႔အတူ သာယာေပ်ာ္႐ႊင္တဲ့ဘဝကို ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

သီခ်င္းဆိုေနရရင္ေပ်ာ္တဲ့ ထူးအယ္လင္းကေတာ့ လက္ရွိမွာလည္း သီခ်င္းအသစ္ေတြဖန္တီးရင္း ပရိသတ္ေတြကို ခ်ျပသြားဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ ခ်စ္ပရိသတ္ေတြလည္း စစ္မွန္တဲ့သူငယ္ခ်င္းဆိုတာကို အဓိပၸါယ္ဖြင့္ခဲ့တဲ့ ထူးအယ္လင္းရဲ႕စာသားေလးကို သေဘာက်ရင္ Share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။

ခရက္ဒစ္ဂ်ပ္ေနာင္းျမန္မာႏ်ဴး

ယူနီကုဒ္ျဖင့္ဖတ္ရန္

အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့ အဆိုတော်ကြီး ထူးအယ်လင်းကတော့ ပွင့်ပွင့်လင်းလင်းရှိတဲ့ သူ့ရဲ့စိတ်ထားနဲ့ ကောင်းမွန်တဲ့ သူ့ရဲ့အနုပညာတို့ကြောင့် အားပေးတဲ့ပရိသတ်တွေ အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ထူးအယ်လင်းက သူငယ်ချင်းဆိုတာရဲ့ လေးနက်တဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုပြခဲ့တာ တွေ့ရပါတယ်။ သူငယ်ချင်းဆိုတာ ဘုရားပေးတဲ့ဆုလာဘ်တစ်ခုပဲမို့ မဆက်သွယ်ဖြစ်ရင်တောင် ဝေးကွာသွားတာမဟုတ်တဲ့အကြောင်း လေးလေးနက်နက်ကို ပြောပြခဲ့တာပါ။

ချစ်ပရိသတ်တွေအတွက် သူငယ်ချင်းရဲ့အနက်အဓိပ္ပါယ်ကို လေးလေးနက်နက်ဖွင့်ဆိုလာတဲ့ ထူးအယ်လင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ထူးအယ်လင်းကတော့

“သူငယ်ချင်း ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ နောက်ပြောင်တာတွေရှိရတယ်။ ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ လျှို့ဝှက်ချက်တွေပြောခွင့်ရတယ်။ မဆက်သွယ်တာကြာတိုင်း ငါတို့ဝေးကွာသွားတာ မဟုတ်ပါဘူး။ သတင်းတွေမကြားတိုင်း ငါတို့ဂရုမစိုက်တော့တာ မဟုတ်ပါဘူး။

သူငယ်ချင်းဖြစ်ပြီဆိုတာနဲ့ ငါတို့မှာ အကွာအဝေးဆိုတဲ့သတ်မှတ်ချက် မရှိတော့ပါဘူး။ ရင်ဘက်ထဲ သူငယ်ချင်းဆိုတဲ့သစ်ပင်ကို အမြစ်တွယ်အောင် စိုက်ခဲ့ပြီပဲ။ မေ့သွားတယ်ဆိုတာမရှိခဲ့လို့ သတိရစရာလည်း မလိုခဲ့ပါဘူး။ သူငယ်ချင်းဟာ သူငယ်ချင်းပါပဲ။ ဒီတစ်သက်မပြောင်းလဲတဲ့

တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့ ခင်မင်ရင်းနှီးမှုနဲ့ အချင်းချင်း တန်ဖိုးထားပါတယ်သူငယ်ချင်း။ ငါနားလည်သလို မင်းလည်းပဲနားလည်မယ်ဆိုတာ ငါ ယုံကြည်ပါတယ် သူငယ်ချင်း” ဆိုပြီး တန်ဖိုးရှိတဲ့ သူငယ်ချင်းချစ်ခြင်းကို ပြောထားတာပါ။ အဆိုတော် ထူးအယ်လင်းကတော့ လတ်တလောမှာ ချစ်ရတဲ့မိသားစုနဲ့အတူ သာယာပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

သီချင်းဆိုနေရရင်ပျော်တဲ့ ထူးအယ်လင်းကတော့ လက်ရှိမှာလည်း သီချင်းအသစ်တွေဖန်တီးရင်း ပရိသတ်တွေကို ချပြသွားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း စစ်မှန်တဲ့သူငယ်ချင်းဆိုတာကို အဓိပ္ပါယ်ဖွင့်ခဲ့တဲ့ ထူးအယ်လင်းရဲ့စာသားလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

ခရက်ဒစ်ဂျပ်နောင်းမြန်မာနျူး