ခိုင္သင္းၾကည္ရဲ႕ စိန္ေဂၚလီမေယာက်ၤား ႐ုပ္ရွင္ဇာတ္ကားႀကီးမွ အမွတ္တရမ်ား

ဒီကႏွစ္ ၂၀၁၉ ခုႏွစ္ကေတာ့ ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြကို ရသမ်ိဳးစုံေပးႏိုင္တဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို အၿပိဳင္အဆိုင္ ႐ုံတင္ေနၾကတာပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြကို ဘဝအေမာေတြ ေျပေပ်ာက္ေစၿပီး ရယ္ေမာေပ်ာ္႐ႊင္ေစမယ့္ “စိန္ေဂၚလီမေယာက်ၤား” ႐ုပ္ရွင္ဇာတ္ကားႀကီးကိုလည္း အခု ဇြန္လအတြင္းမွာ ႐ုံတင္ျပသေနတာပဲ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာေတာ့ “စိန္ေဂၚလီမေယာက်ၤား”႐ုပ္ရွင္ဇာတ္ကားႀကီးမွ အဓိက သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ခိုင္သင္းၾကည္က ထိုကားႀကီး ႐ိုက္ကူးစဥ္က အမွတ္တရပုံရိပ္ေတြကို အခုလိုပဲ မွ်ေဝထားပါတယ္။

ဇာတ္ကားႀကီးကိုေတာ့ ဒါ႐ိုက္တာ ကိုေဇာ္ (အ႐ုဏ္ဦး) ႐ိုက္ကူးထားတာျဖစ္ၿပီး နာမည္ႀကီးသ႐ုပ္ေဆာင္မ်ားျဖစ္တဲ့ ေက်ာ္ရဲေအာင္၊ ေျပတီဦး၊ စိုးျမတ္သူဇာ၊ ခိုင္သင္းၾကည္၊ သူရိယ၊ ညီထြဋ္ေခါင္၊ ခင္လႈိင္၊ တကၠသိုလ္ဂြမ္းပုံ၊ ဆုအိမ့္စံနဲ႔ အျခားေသာ သ႐ုပ္ေဆာင္မ်ားစြာက သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

႐ုပ္ရွင္ဇာတ္ကားႀကီးက ဟာသဇာတ္ျမဴး ႐ုပ္ရွင္ဇာတ္ကားႀကီးျဖစ္ၿပီး စတင္ၿပီး ႐ုံတင္ျပသတဲ့အပတ္မွာတင္ ပရိသတ္ေတြ ႀကိတ္ႀကိတ္တိုး လာေရာက္အားေပးတဲ့အထိ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြနဲ႔ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ သ႐ုပ္ေဆာင္ထားၿပီး ဇာတ္လမ္းဇာတ္အိမ္ ခိုင္ခိုင္မာမာနဲ႔ေတြ႕ရတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီး ျဖစ္ပါတယ္။

“စိန္ေဂၚလီမေယာက်ၤား” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဒုတိယပတ္မွာလည္း သမၼတနဲ႔႐ုံႀကီးေတြအပါအဝင္ ၆၃ ႐ုံထပ္ၿပီးရတဲ့အတြက္ ဆက္ၿပီးအားေပးလို႔ရပါတယ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

ခရက္ဒစ္သိေစခ်င္

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒီကနှစ် ၂၀၁၉ ခုနှစ်ကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကို ရသမျိုးစုံပေးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အပြိုင်အဆိုင် ရုံတင်နေကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကို ဘဝအမောတွေ ပြေပျောက်စေပြီး ရယ်မောပျော်ရွှင်စေမယ့် “စိန်ဂေါ်လီမယောင်္ကျား” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း အခု ဇွန်လအတွင်းမှာ ရုံတင်ပြသနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ “စိန်ဂေါ်လီမယောင်္ကျား”ရုပ်ရှင်ဇာတ်ကားကြီးမှ အဓိက သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခိုင်သင်းကြည်က ထိုကားကြီး ရိုက်ကူးစဉ်က အမှတ်တရပုံရိပ်တွေကို အခုလိုပဲ မျှဝေထားပါတယ်။

ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ ကျော်ရဲအောင်၊ ပြေတီဦး၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ သူရိယ၊ ညီထွဋ်ခေါင်၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ၊ ဆုအိမ့်စံနဲ့ အခြားသော သရုပ်ဆောင်များစွာက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးက ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး စတင်ပြီး ရုံတင်ပြသတဲ့အပတ်မှာတင် ပရိသတ်တွေ ကြိတ်ကြိတ်တိုး လာရောက်အားပေးတဲ့အထိ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် သရုပ်ဆောင်ထားပြီး ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့တွေ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။

“စိန်ဂေါ်လီမယောင်္ကျား” ရုပ်ရှင်ဇာတ်ကားကြီးကို ဒုတိယပတ်မှာလည်း သမ္မတနဲ့ရုံကြီးတွေအပါအဝင် ၆၃ ရုံထပ်ပြီးရတဲ့အတွက် ဆက်ပြီးအားပေးလို့ရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ခရက်ဒစ်သိစေချင်