ပိုင္ေဇရဲထြန္းရဲ႕ မိန္းမျဖစ္သူကိုေျပာလိုက္တဲ့ အားေပးစကား

ပရိသတ္ေတြရဲ႕ အခ်စ္ေတြကိုအမ်ားႀကီးရရွိခဲ့တဲ့ ပိုင္ေဇရဲထြန္း နဲ႔ ဇင္သဲႏိုင္တို႔ဇနီးေမာင္ႏွံဟာ လတ္တေလာမွာေတာ့ မိသားစုကိစၥေၾကာင့္ ပရိသတ္တစ္ခ်ိဳ႕နဲ႔ သေဘာထားျခင္းကြဲလြဲေနၾကၿပီး ပရိသတ္ေတြရဲ႕ အထင္လြဲျခင္းကိုလဲခံေနရတာ ျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူတို႔ဇနီးေမာင္ႏွံဟာ မိဘေတြနဲ႔အတူ သေဘာထားကြဲလြဲမႈေတြကို ေျဖရွင္းခဲ့ၿပီး မိသားစုခ်င္းျပႆနာေတြကေတာ့ ေျပလည္သြားခဲ့ၿပီးျဖစ္ပါတယ္။ မိသားစုခ်င္းေျပလည္ခဲ့ေပမယ့္လဲ တခ်ိဳ႕ေသာပရိသတ္ေတြကေတာ့ အျမင္မၾကည္ျဖစ္ေနၾကေသးပါတယ္။

ဒါေပမယ့္လဲ သာယာေပ်ာ္႐ႊင္စရာေကာင္းလွတဲ့ ပိုင္ေဇရဲထြန္းတို႔ဇနီးေမာင္ႏွံကေတာ့ အခ်င္းခ်င္းေဖးမကူညီရင္း အားေပးေနၾကပါတယ္။ ပိုင္ေဇရဲထြန္းကေတာ့ မိန္းမျဖစ္သူကို အားေပစကား ေျပာလိုက္ျပန္ပါတယ္။ သူေျပာခဲ့တာကေတာ့ “ပင္လယ္ဆိုတာ ေလေတြလဲတိုက္မွာေပါ့၊

လႈိင္းေတြလဲ ထန္မွာေပါ့၊ လႈိင္းေတြေလေတြကိုေက်ာ္ျဖတ္ႏိုင္မွလဲ လိုရာေရာက္မွာေပါ့ သဲေလးရယ္” ဆိုၿပီး ဇနီးေခ်ာေလး ဇင္သဲႏိုင္အတြက္ ခြန္းအားေတြေပးလိုက္ျပန္ပါတယ္။ ပိုင္ေဇရဲထြန္းတို႔ ဇနီးေမာင္ႏွံဟာ အိမ္ေထာင္သက္ ၁၃ ႏွစ္ေက်ာ္ခဲ့ၿပီျဖစ္ၿပီး သားႏွစ္ေယာက္သမီးတစ္ေယာက္နဲ႔

ေပ်ာ္စရာေကာင္းတဲ့မိသားစုေလးကို ပိုင္ဆိုင္ထားရတာလဲ ျဖစ္ပါတယ္။ ခ်စ္ပရိသတ္ႀကီးေရ ပိုင္ေဇရဲထြန္းတို႔ဇနီးေမာင္ႏွံကို အရင္လိုဘဲ ဆက္လက္အားေပးလိုက္ၾကေအာင္ေနာ္။

ခရက္ဒစ္ျမန္မာန်ဴးမားကက္

ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေရဲ့ အချစ်တွေကိုအများကြီးရရှိခဲ့တဲ့ ပိုင်ဇေရဲထွန်း နဲ့ ဇင်သဲနိုင်တို့ဇနီးမောင်နှံဟာ လတ်တလောမှာတော့ မိသားစုကိစ္စကြောင့် ပရိသတ်တစ်ချို့နဲ့ သဘောထားခြင်းကွဲလွဲနေကြပြီး ပရိသတ်တွေရဲ့ အထင်လွဲခြင်းကိုလဲခံနေရတာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့ဇနီးမောင်နှံဟာ မိဘတွေနဲ့အတူ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းခဲ့ပြီး မိသားစုချင်းပြဿနာတွေကတော့ ပြေလည်သွားခဲ့ပြီးဖြစ်ပါတယ်။ မိသားစုချင်းပြေလည်ခဲ့ပေမယ့်လဲ တချို့သောပရိသတ်တွေကတော့ အမြင်မကြည်ဖြစ်နေကြသေးပါတယ်။

ဒါပေမယ့်လဲ သာယာပျော်ရွှင်စရာကောင်းလှတဲ့ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံကတော့ အချင်းချင်းဖေးမကူညီရင်း အားပေးနေကြပါတယ်။ ပိုင်ဇေရဲထွန်းကတော့ မိန်းမဖြစ်သူကို အားပေစကား ပြောလိုက်ပြန်ပါတယ်။ သူပြောခဲ့တာကတော့ “ပင်လယ်ဆိုတာ လေတွေလဲတိုက်မှာပေါ့၊

လှိုင်းတွေလဲ ထန်မှာပေါ့၊ လှိုင်းတွေလေတွေကိုကျော်ဖြတ်နိုင်မှလဲ လိုရာရောက်မှာပေါ့ သဲလေးရယ်” ဆိုပြီး ဇနီးချောလေး ဇင်သဲနိုင်အတွက် ခွန်းအားတွေပေးလိုက်ပြန်ပါတယ်။ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက် ၁၃ နှစ်ကျော်ခဲ့ပြီဖြစ်ပြီး သားနှစ်ယောက်သမီးတစ်ယောက်နဲ့

ပျော်စရာကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားရတာလဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးရေ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံကို အရင်လိုဘဲ ဆက်လက်အားပေးလိုက်ကြအောင်နော်။

ခရက်ဒစ်မြန်မာနျူးမားကက်