သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ဘက္ကေလွ်ာက္ထားသည့္ ႐ုံးခ်ိန္းကင္းလြတ္ခြင့္ေလွ်ာက္လႊာ ပယ္ခ်ခံရ

သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ဘက္မွ တင္ျပေလွ်ာက္ထားသည့္ ႐ုံးခ်ိန္းကင္းလြတ္ခြင့္ေလွ်ာက္လႊာကို ယေန႔႐ုံးခ်ိန္းတြင္ သဃၤကြၽန္းၿမိဳ႕နယ္တရား႐ုံးက ပယ္ခ်လိုက္ေၾကာင္းသိရသည္။ အဆိုပါ႐ုံးခ်ိန္းသည္ သ႐ုပ္ေဆာင္ေဝဠဳေက်ာ္အား အလွမယ္သင္းသင္းက ကာမလိမ္လည္ရယူမႈျဖင့္ အမႈဖြင့္ထားသည့္ ႐ုံးခ်ိန္းျဖစ္သည္။

ယေန႔႐ုံးခ်ိန္းတြင္ တရားလိုျဖစ္သူ အလွမယ္သင္းသင္းဘက္မွ တင္ျပထားသည့္ အသံဖိုင္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ဘက္မွ တင္ျပထားသည့္ ႐ုံးခ်ိန္းကင္းလြတ္ခြင့္ေလွ်ာက္လႊာကို သက္ေသမခိုင္လုံေသာေၾကာင့္ တရား႐ုံးကပယ္ခ်ခဲ့သည္။

အလွမယ္သင္းသင္းဘက္မွ ဖုန္းေျပာဆိုမႈအသံဖိုင္မ်ားကို ေမလအတြင္းက တရား႐ုံးသို႔ သက္ေသအျဖစ္တင္ျပခဲ့တာျဖစ္ၿပီး စာျဖင့္ေရးသားထားသည့္ စာမ်က္ႏွာ ၂၃၅ မ်က္ႏွာခန႔္ရွိေၾကာင္း သိရသည္။

အလွမယ္သင္းသင္းမွ သ႐ုပ္ေဆာင္ေဝဠဳေက်ာ္အား ၿပီးခဲ့သည့္ ဇန္နဝါရီလ ၈ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္တရား႐ုံး၌ ဦးတိုက္ေလွ်ာက္တရားစြဲဆိုခဲ့ျခင္းျဖစ္ၿပီး အမႈဖြင့္ခံရသည့္ သ႐ုပ္ေဆာင္ေဝဠဳေက်ာ္သည္ ဇန္နဝါရီလ ၂၂ ရက္ေန႔၊ နံနက္ပိုင္းက က်ပ္သိန္း ၅ဝ ျဖင့္ အာမခံရရွိထားသည္။

ခရက္ဒစ္သိေစခ်င္

ယူနီကုဒ္ျဖင့္ဖတ္ရန္

သရုပ်ဆောင်ဝေဠုကျော်ဘက်မှ တင်ပြလျှောက်ထားသည့် ရုံးချိန်းကင်းလွတ်ခွင့်လျှောက်လွှာကို ယနေ့ရုံးချိန်းတွင် သင်္ဃကျွန်းမြို့နယ်တရားရုံးက ပယ်ချလိုက်ကြောင်းသိရသည်။ အဆိုပါရုံးချိန်းသည် သရုပ်ဆောင်ဝေဠုကျော်အား အလှမယ်သင်းသင်းက ကာမလိမ်လည်ရယူမှုဖြင့် အမှုဖွင့်ထားသည့် ရုံးချိန်းဖြစ်သည်။

ယနေ့ရုံးချိန်းတွင် တရားလိုဖြစ်သူ အလှမယ်သင်းသင်းဘက်မှ တင်ပြထားသည့် အသံဖိုင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သရုပ်ဆောင်ဝေဠုကျော်ဘက်မှ တင်ပြထားသည့် ရုံးချိန်းကင်းလွတ်ခွင့်လျှောက်လွှာကို သက်သေမခိုင်လုံသောကြောင့် တရားရုံးကပယ်ချခဲ့သည်။

အလှမယ်သင်းသင်းဘက်မှ ဖုန်းပြောဆိုမှုအသံဖိုင်များကို မေလအတွင်းက တရားရုံးသို့ သက်သေအဖြစ်တင်ပြခဲ့တာဖြစ်ပြီး စာဖြင့်ရေးသားထားသည့် စာမျက်နှာ ၂၃၅ မျက်နှာခန့်ရှိကြောင်း သိရသည်။

အလှမယ်သင်းသင်းမှ သရုပ်ဆောင်ဝေဠုကျော်အား ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အမှုဖွင့်ခံရသည့် သရုပ်ဆောင်ဝေဠုကျော်သည် ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ကျပ်သိန်း ၅ဝ ဖြင့် အာမခံရရှိထားသည်။

ခရက်ဒစ်သိစေချင်