ျမန္မာႏိုင္ငံသားတို႔အထြက္အျမတ္ထားရာေနရာျဖစ္တဲ့ေ႐ႊတိဂုံကုန္းေတာ္ေပၚကသခ်ႋဳင္းတစ္ခုအေၾကာင္း

ရွှေတိဂုံမြန်မာနိုင်ငံသူနိုင်ငံသားတို့ရဲ့အထွတ်အမြတ်ထားရာနေရာ၊ မြန်မာကိုကမ္ဘာကသိစေခဲ့တဲ့ နေရာတစ်ခု၊

ဒီလိုနေရာတစ်ခုဟာ တစ်ချိန်ကမြန်မာလူမျိုးတို့ရဲ့ စက်ဆုပ်ရွံရှာဖွယ်လို့ သတ်မှတ်ခဲ့တဲ့ သင်္ချိုင်းနယ်မြေတစ်ခုဖြစ်ခဲ့တယ်လို့ ပြောလိုက်ရင် စာဖတ်သူတို့ စိတ်အနှောက်အယှက် ဖြစ်သွားမလားတော့မသိပါ။ ဒါပေမဲ့ဟုတ်ပါတယ်၊ ရွှေတိဂုံကုန်းတော်ဟာ တစ်ချိန်က သင်္ချိုင်းတစ်ခုဖြစ်ခဲ့ဖူးပါတယ်။

အတိတ်ကိုပြန်ကောက်ရရင် ၁၈၂၄ခုနှစ်ဒီဇင်ဘာလ၁ရက်နေ့ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲကာလ ရန်ကုန်စစ်မျက်နှာမှာ မြန်မာတွေရဲ့သူရဲကောင်းကြီးဖြစ်ဦးဖြစ်တဲ့ စစ်သူကြီးသတိုးသုဓမ္မမဟာဗန္ဒုလဦးဆောင်တဲ့ မြန်မာတပ်တွေနဲ့ ဗိုလ်ချုပ်ကြီးဆာအာချီဘော်ကင်းဘဲလ်ရဲ့ ဗြိတိသျှတပ်တွေ ပထမဦးဆုံးအကြိမ်နဲ့ အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့တဲ့ စစ်မျက်နှာတစ်ခုအကြောင်းကို ပြန်လည်ပြောပြရမှာပါ။

အဲ့ဒါကတော့ ရွှေတိဂုံတိုက်ပွဲပါပဲ၊ အဲ့ဒိနေ့မတိုင်ခင်က စစ်သူကြီးမဟာဗန္ဒုလဟာ အနောက်ဘက်စစ်မျက်နှာဖြစ်တဲ့ ရခိုင်မှာအင်္ဂလိပ်တွေကို အောင်ပွဲဆင်နေခဲ့ပြီး ရန်ကုန်ကို ရုတ်တရက်သိမ်းပိုက်လိုက်တဲ့ ဗြိတိသျှတပ်တွေကြောင့်

ရန်ကုန်ကို အပြင်းအထန်ချီတက်လာခဲ့ပြီ းရန်ကုန်ကိုသိမ်းပိုက်ထားတဲ့ ဗြိတိသျှတပ်တွေကို ရင်ဆိုင်ဖို့ အစီအစဉ်တွေရေးဆွဲနေခဲ့ပြီး ဗြိတိသျှတို့ဘက်ကလဲ နာမည်ကျော်မဟာဗန္ဒုလကို ရင်ဆိုင်ဖို့ ရွှေတိဂုံတပ်ကို အင်အားဖြည့်တင်းနေတဲ့ အချိန်ပါ။

ဒီလိုနဲ့ ၁၈၂၄ခုနှစ်ဒီဇင်ဘာလ၁ရက်နေ့ နံနက်ပိုင်းမှာတော့ မြန်မာတပ်တွေဟာ ရွှေတိဂုံဘုရားကုန်းတော်ရဲ့ မြောက်ဘက်မုခ်မှာ တပ်စွဲထားတဲ့ အင်္ဂလိပ်တပ်ကို ရင်ဆိုင်ဖို့ မျက်နှာချင်းဆိုင် တပ်စွဲထားလိုက်ပါတယ်။

ဒီဇင်ဘာလ ၂ရက်နေ့နဲ့ ၃ရက်နေ့တွေမှာ မြန်မာတပ်တွေရဲ့ တပ်မှူးဗိုလ်ချုပ်မဟာမင်းလှရာဇာဦးဆောင်တဲ့ မြန်မာတပ်တွေဟာ ရွှေတိဂုံကုန်းတော်ကို သိမ်းပိုက်နိုင်ဖို့ သမိုင်းဝင်တိုက်ပွဲကြီးကို စတင်ဆင်နွဲပါတော့တယ်။

အဲ့ဒီတိုက်ပွဲကတော့ မြန်မာသမိုင်းနဲ့ ဗြိတိသျှတို့ရဲ့သမိုင်းစာမျက်နှာတွေမှာ အကျယ်တဝင့်ရေးထိုးခဲ့ကြတဲ့ သွေးဆေးကန်တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာလ၅ရက်နေ့မှာတော့ ဗိုလ်မှူးဆေးနဲ့ဗိုလ်မှူးဝေါလ်ကားတို့ဟာ ဗြိတိသျှစစ်သည်အင်အား ၁၅၀၀ခန့်ကိုဦးဆောင်ပြီး သွေးဆေးကန်အထိ သိမ်းပိုက်ထားတဲ့ မြန်မာတပ်တွေကို ရုတ်တရက်ဝင်ရောက် တိုက်ခိုက်ခဲ့ပါတော့တယ်။

ဒီတိုက်ပွဲမှာ ဗြိတိသျှတပ်ခေါင်းဆောင်ဗိုလ်မှူးဝေါလ်ကား (Major Walker)အပါအဝင် အရာရှိ၃ဦးနှင့်တပ်သား၂၄ယောက် ကျဆုံးပြီး အရာရှိ ၁၁ဦးနှင့် စစ်သား ၃၀၀ခန့် ဒဏ်ရာရခဲ့တယ်လို့ ဗြိတိသျှဘက်က မှတ်တမ်းတွေကဆိုပါတယ်။ ဒီဇင်ဘာလ၇ရက်နေ့မှာတော့ သွေးဆေးကန်မှာ တပ်စွဲထားတဲ့ မြန်မာတပ်တွေဟာ ကန်ဘဲ့ကို ဆုတ်ခွာခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၅ရက်နေ့မှာတော့ ရွှေတိဂုံကုန်းတော်ပေါ်က ဗြိတိသျှတပ်တွေဟာ ကုက္ကိုင်းမှာတပ်စွဲထားတဲ့ မြန်မာတပ်တွေကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ တောတွင်းမှာ တပ်စွဲထားတဲ့ မြန်မာတပ်တွေရဲ့ နှစ်ဖက်ညှပ် တိုက်ခိုက်ခဲ့မှု့ကြောင့် အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြန်ပါတယ်။

မြန်မာတပ်တွေဟာ အင်္ဂလိပ်တွေနဲ့ ဘတစ်ပြန်ကျားတစ်ပြန် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့ပေမဲ့လည်း လက်နက်ချင်းမမျှတာကြောင့် ရေရှည်စစ်ပွဲမှာ ရင်ဆိုင်နိုင်ခြင်းမရှိဘဲ ၁၈၂၅ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့မှာတော့ ရန်ကုန်စစ်မျက်နှာကနေ ဓနုဖြူကို ဆုတ်ခွာခဲ့ရပါတယ်။

ရန်ကုန်တိုက်ပွဲကို ရှုံးနိမ့်ပြီးသွားတဲ့ နောက်မှာတော့ မြန်မာတွေဟာ နိုင်ငံရဲ့အထွတ်အမြတ်ထားရာ ရွှေတိဂုံကုန်းတော်ကို ၁၈၂၆ခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ စစ်လျော်ကြေးပေးပြီးနောက်မှာမှ အင်္ဂလိပ်လက်ကနေ ပြန်လည်လွှဲပြောင်း ရယူခဲ့ရပါတယ်။

ဒါပေမဲ့ဒါဟာ အပြီးအပိုင်တော့မဟုတ်သေးပါဘူး ဒုတိယစစ်ပွဲ၊ တတိယစစ်ပွဲတွေကို ထပ်မံရှုံးနိမ့်ပြီးတဲ့ နောက်မှာတော့ ဗြိတိသျှတွေဟာ ရန်ကုန်တစ်မြို့လုံးကို အထက်စီးကနေမြင်နိုင်တဲ့ ရွှေတိဂုံကုန်းတော်ကို ခံတပ်ကြီးအဖြစ် တည်ဆောက်တပ်စွဲခဲ့ကြပါတယ်။

ခံတပ်တည်ပြီး လူတွေတင်နေခဲ့တာမဟုတ်ပါဘူး ရွှေတိဂုံကုန်းတော်ပေါ်မှာ သင်္ချိုင်းတစ်ခုကိုပါ တည်ဆောက်ခဲ့ပါသေးတယ်။

အဲ့ဒိသင်္ချိုင်းကတော့ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ဗြိတိသျှစစ်သည်တွေရဲ့ စစ်သင်္ချိုင်းဖြစ်ပြီး ဒီစစ်သင်္ချိုင်းမှာ မြုတ်နှံထားခဲ့တဲ့ ထင်ရှားတဲ့သူတွေကတော့ အမှတ် ၁၈ဘုရင့်အိုင်းရစ်တပ်မှ ဒုဗိုလ်အာရ်ဒူရန်(Lt. R Doran)၊

အမှတ်၈မဒရပ်ခြေမြန်တပ်မှာ ဂျေအမ်တေလာ (J,M Taylor)နဲ့ ဝင်ချက်စတာသင်္ဘောမှ ကပ္ပတိန်စီဂျီလော့ (Captain C. G Locke)တို့ ဖြစ်ပြီး ၎င်းတို့ကို မြုတ်နှံထားတဲ့နေရာကတော့ ရွှေတိဂုံဘုရားအရှေ့မြောက်ထောင့် (တနင်္ဂနွေထောင့်)မှာပဲဖြစ်ပါတယ်။

ဒီလိုနဲ့နှစ်တွေကြာလာပြီးတဲ့ နောက်မှာတော့ ခေတ်ပညာတွေတတ်လာပြီး မျက်စိပွင့်နားပွင့် ဖြစ်လာတဲ့မြန်မာတွေဟာ ၁၉၁၉ခုနှစ်အရောက်မှာတော့ ရွှေတိဂုံဘုရားပေါ်မှာ တပ်စွဲထားတဲ့ဗြိတိသျှတပ်ကို ဘုရာကုန်းတော်ပေါ်က ဖယ်ရှားပေးဖို့ အပြင်းအထန်တောင်းဆိုလာကြတဲ့အပြင် ဘုရားပေါ်မှာ ဖိနပ်စီးတာကို ကန့်ကွက်ခဲ့ကြပြီး ၁၉၂၀ခုနှစ်ကျောင်းသားသပိတ်ကြီး အုံကြွလာခဲ့ပါတယ်။

၁၉၂၉ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့ရောက်မှ ရွှေတိဂုံဘုရားကုန်းတော်ပေါ်မှ တပ်စွဲထားတဲ့ဗြိတိသျှတပ်တွေဟာ ကုန်းတော်ပေါ်က စစ်သင်္ချိုင်းကို စစ်အခမ်းအနားကျင်းပကာ ကန်တော်မင်အင်္ဂလိပ်သင်္ချိုင်းကို ရွှေပြောင်းပေးခဲ့ပြီး ၁၉၂၉ခုနှစ် နိုဝင်ဘာလ ၂၇ရက်နေ့မှာတော့ ရွှေတိဂုံဘုရားကုန်းတော်ပေါ်မှာ တပ်စွဲထားတဲ့ဗြိတိသျှစစ်တပ်ဟာ ကုန်းတော်ပေါ်က ပြန်လည်ဆုတ်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့်ဗြိတိသျှတွေဟာ ရွှေတိဂုံဘုရားကုန်းတော်ကို ၁၈၂၄ခုနှစ်ကနေ ၁၉၂၉ခုနှစ်အထိ နှစ်ပေါင်း ၁၀၀ကျော်ခံတပ်ကော သင်္ချိုင်းပါပြုလုပ်ပြီး တပ်စွဲခဲ့တာပဲဖြစ်ပါတယ်။

ဦးနတ်ရဲမူရင်းရေးသားသူဆရာအား လေးစားစွာcrdပေးပါတယ်

Zawgyi

ေ႐ႊတိဂုံျမန္မာႏိုင္ငံသူႏိုင္ငံသားတို႔ရဲ႕အထြတ္အျမတ္ထားရာေနရာ၊ ျမန္မာကိုကမာၻကသိေစခဲ့တဲ့ ေနရာတစ္ခု၊

ဒီလိုေနရာတစ္ခုဟာ တစ္ခ်ိန္ကျမန္မာလူမ်ိဳးတို႔ရဲ႕ စက္ဆုပ္႐ြံရွာဖြယ္လို႔ သတ္မွတ္ခဲ့တဲ့ သခ်ႋဳင္းနယ္ေျမတစ္ခုျဖစ္ခဲ့တယ္လို႔ ေျပာလိုက္ရင္ စာဖတ္သူတို႔ စိတ္အေႏွာက္အယွက္ ျဖစ္သြားမလားေတာ့မသိပါ။ ဒါေပမဲ့ဟုတ္ပါတယ္၊ ေ႐ႊတိဂုံကုန္းေတာ္ဟာ တစ္ခ်ိန္က သခ်ႋဳင္းတစ္ခုျဖစ္ခဲ့ဖူးပါတယ္။

အတိတ္ကိုျပန္ေကာက္ရရင္ ၁၈၂၄ခုႏွစ္ဒီဇင္ဘာလ၁ရက္ေန႔ ပထမအဂၤလိပ္-ျမန္မာစစ္ပြဲကာလ ရန္ကုန္စစ္မ်က္ႏွာမွာ ျမန္မာေတြရဲ႕သူရဲေကာင္းႀကီးျဖစ္ဦးျဖစ္တဲ့ စစ္သူႀကီးသတိုးသုဓမၼမဟာဗႏၵဳလဦးေဆာင္တဲ့ ျမန္မာတပ္ေတြနဲ႔ ဗိုလ္ခ်ဳပ္ႀကီးဆာအာခ်ီေဘာ္ကင္းဘဲလ္ရဲ႕ ၿဗိတိသွ်တပ္ေတြ ပထမဦးဆုံးအႀကိမ္နဲ႔ အျပင္းထန္ဆုံး တိုက္ခိုက္ခဲ့တဲ့ စစ္မ်က္ႏွာတစ္ခုအေၾကာင္းကို ျပန္လည္ေျပာျပရမွာပါ။

အဲ့ဒါကေတာ့ ေ႐ႊတိဂုံတိုက္ပြဲပါပဲ၊ အဲ့ဒိေန႔မတိုင္ခင္က စစ္သူႀကီးမဟာဗႏၵဳလဟာ အေနာက္ဘက္စစ္မ်က္ႏွာျဖစ္တဲ့ ရခိုင္မွာအဂၤလိပ္ေတြကို ေအာင္ပြဲဆင္ေနခဲ့ၿပီး ရန္ကုန္ကို ႐ုတ္တရက္သိမ္းပိုက္လိုက္တဲ့ ၿဗိတိသွ်တပ္ေတြေၾကာင့္

ရန္ကုန္ကို အျပင္းအထန္ခ်ီတက္လာခဲ့ၿပီ းရန္ကုန္ကိုသိမ္းပိုက္ထားတဲ့ ၿဗိတိသွ်တပ္ေတြကို ရင္ဆိုင္ဖို႔ အစီအစဥ္ေတြေရးဆြဲေနခဲ့ၿပီး ၿဗိတိသွ်တို႔ဘက္ကလဲ နာမည္ေက်ာ္မဟာဗႏၵဳလကို ရင္ဆိုင္ဖို႔ ေ႐ႊတိဂုံတပ္ကို အင္အားျဖည့္တင္းေနတဲ့ အခ်ိန္ပါ။

ဒီလိုနဲ႔ ၁၈၂၄ခုႏွစ္ဒီဇင္ဘာလ၁ရက္ေန႔ နံနက္ပိုင္းမွာေတာ့ ျမန္မာတပ္ေတြဟာ ေ႐ႊတိဂုံဘုရားကုန္းေတာ္ရဲ႕ ေျမာက္ဘက္မုခ္မွာ တပ္စြဲထားတဲ့ အဂၤလိပ္တပ္ကို ရင္ဆိုင္ဖို႔ မ်က္ႏွာခ်င္းဆိုင္ တပ္စြဲထားလိုက္ပါတယ္။

ဒီဇင္ဘာလ ၂ရက္ေန႔နဲ႔ ၃ရက္ေန႔ေတြမွာ ျမန္မာတပ္ေတြရဲ႕ တပ္မႉးဗိုလ္ခ်ဳပ္မဟာမင္းလွရာဇာဦးေဆာင္တဲ့ ျမန္မာတပ္ေတြဟာ ေ႐ႊတိဂုံကုန္းေတာ္ကို သိမ္းပိုက္ႏိုင္ဖို႔ သမိုင္းဝင္တိုက္ပြဲႀကီးကို စတင္ဆင္ႏြဲပါေတာ့တယ္။

အဲ့ဒီတိုက္ပြဲကေတာ့ ျမန္မာသမိုင္းနဲ႔ ၿဗိတိသွ်တို႔ရဲ႕သမိုင္းစာမ်က္ႏွာေတြမွာ အက်ယ္တဝင့္ေရးထိုးခဲ့ၾကတဲ့ ေသြးေဆးကန္တိုက္ပြဲႀကီးပဲ ျဖစ္ပါတယ္။

ဒီဇင္ဘာလ၅ရက္ေန႔မွာေတာ့ ဗိုလ္မႉးေဆးနဲ႔ဗိုလ္မႉးေဝါလ္ကားတို႔ဟာ ၿဗိတိသွ်စစ္သည္အင္အား ၁၅၀၀ခန႔္ကိုဦးေဆာင္ၿပီး ေသြးေဆးကန္အထိ သိမ္းပိုက္ထားတဲ့ ျမန္မာတပ္ေတြကို ႐ုတ္တရက္ဝင္ေရာက္ တိုက္ခိုက္ခဲ့ပါေတာ့တယ္။

ဒီတိုက္ပြဲမွာ ၿဗိတိသွ်တပ္ေခါင္းေဆာင္ဗိုလ္မႉးေဝါလ္ကား (Major Walker)အပါအဝင္ အရာရွိ၃ဦးႏွင့္တပ္သား၂၄ေယာက္ က်ဆုံးၿပီး အရာရွိ ၁၁ဦးႏွင့္ စစ္သား ၃၀၀ခန႔္ ဒဏ္ရာရခဲ့တယ္လို႔ ၿဗိတိသွ်ဘက္က မွတ္တမ္းေတြကဆိုပါတယ္။ ဒီဇင္ဘာလ၇ရက္ေန႔မွာေတာ့ ေသြးေဆးကန္မွာ တပ္စြဲထားတဲ့ ျမန္မာတပ္ေတြဟာ ကန္ဘဲ့ကို ဆုတ္ခြာခဲ့ပါတယ္။

ဒီဇင္ဘာလ ၁၅ရက္ေန႔မွာေတာ့ ေ႐ႊတိဂုံကုန္းေတာ္ေပၚက ၿဗိတိသွ်တပ္ေတြဟာ ကုကၠိဳင္းမွာတပ္စြဲထားတဲ့ ျမန္မာတပ္ေတြကို ႐ုတ္တရက္ ဝင္ေရာက္တိုက္ခိုက္ခဲ့ေပမဲ့ ေတာတြင္းမွာ တပ္စြဲထားတဲ့ ျမန္မာတပ္ေတြရဲ႕ ႏွစ္ဖက္ညႇပ္ တိုက္ခိုက္ခဲ့မႈ႕ေၾကာင့္ အရႈံးနဲ႔ရင္ဆိုင္ခဲ့ရျပန္ပါတယ္။

ျမန္မာတပ္ေတြဟာ အဂၤလိပ္ေတြနဲ႔ ဘတစ္ျပန္က်ားတစ္ျပန္ ရင္ဆိုင္တိုက္ခိုက္ႏိုင္ခဲ့ေပမဲ့လည္း လက္နက္ခ်င္းမမွ်တာေၾကာင့္ ေရရွည္စစ္ပြဲမွာ ရင္ဆိုင္ႏိုင္ျခင္းမရွိဘဲ ၁၈၂၅ခုႏွစ္ ေဖေဖာ္ဝါရီလ ၆ရက္ေန႔မွာေတာ့ ရန္ကုန္စစ္မ်က္ႏွာကေန ဓႏုျဖဴကို ဆုတ္ခြာခဲ့ရပါတယ္။

ရန္ကုန္တိုက္ပြဲကို ရႈံးနိမ့္ၿပီးသြားတဲ့ ေနာက္မွာေတာ့ ျမန္မာေတြဟာ ႏိုင္ငံရဲ႕အထြတ္အျမတ္ထားရာ ေ႐ႊတိဂုံကုန္းေတာ္ကို ၁၈၂၆ခုႏွစ္ ဒီဇင္ဘာလ ၉ရက္ေန႔ ပထမအဂၤလိပ္-ျမန္မာစစ္ပြဲ စစ္ေလ်ာ္ေၾကးေပးၿပီးေနာက္မွာမွ အဂၤလိပ္လက္ကေန ျပန္လည္လႊဲေျပာင္း ရယူခဲ့ရပါတယ္။

ဒါေပမဲ့ဒါဟာ အၿပီးအပိုင္ေတာ့မဟုတ္ေသးပါဘူး ဒုတိယစစ္ပြဲ၊ တတိယစစ္ပြဲေတြကို ထပ္မံရႈံးနိမ့္ၿပီးတဲ့ ေနာက္မွာေတာ့ ၿဗိတိသွ်ေတြဟာ ရန္ကုန္တစ္ၿမိဳ႕လုံးကို အထက္စီးကေနျမင္ႏိုင္တဲ့ ေ႐ႊတိဂုံကုန္းေတာ္ကို ခံတပ္ႀကီးအျဖစ္ တည္ေဆာက္တပ္စြဲခဲ့ၾကပါတယ္။

ခံတပ္တည္ၿပီး လူေတြတင္ေနခဲ့တာမဟုတ္ပါဘူး ေ႐ႊတိဂုံကုန္းေတာ္ေပၚမွာ သခ်ႋဳင္းတစ္ခုကိုပါ တည္ေဆာက္ခဲ့ပါေသးတယ္။

အဲ့ဒိသခ်ႋဳင္းကေတာ့ အဂၤလိပ္-ျမန္မာစစ္ပြဲမွာ က်ဆုံးခဲ့တဲ့ၿဗိတိသွ်စစ္သည္ေတြရဲ႕ စစ္သခ်ႋဳင္းျဖစ္ၿပီး ဒီစစ္သခ်ႋဳင္းမွာ ျမဳတ္ႏွံထားခဲ့တဲ့ ထင္ရွားတဲ့သူေတြကေတာ့ အမွတ္ ၁၈ဘုရင့္အိုင္းရစ္တပ္မွ ဒုဗိုလ္အာရ္ဒူရန္(Lt. R Doran)၊

အမွတ္၈မဒရပ္ေျချမန္တပ္မွာ ေဂ်အမ္ေတလာ (J,M Taylor)နဲ႔ ဝင္ခ်က္စတာသေဘၤာမွ ကပၸတိန္စီဂ်ီေလာ့ (Captain C. G Locke)တို႔ ျဖစ္ၿပီး ၎တို႔ကို ျမဳတ္ႏွံထားတဲ့ေနရာကေတာ့ ေ႐ႊတိဂုံဘုရားအေရွ႕ေျမာက္ေထာင့္ (တနဂၤေႏြေထာင့္)မွာပဲျဖစ္ပါတယ္။

ဒီလိုနဲ႔ႏွစ္ေတြၾကာလာၿပီးတဲ့ ေနာက္မွာေတာ့ ေခတ္ပညာေတြတတ္လာၿပီး မ်က္စိပြင့္နားပြင့္ ျဖစ္လာတဲ့ျမန္မာေတြဟာ ၁၉၁၉ခုႏွစ္အေရာက္မွာေတာ့ ေ႐ႊတိဂုံဘုရားေပၚမွာ တပ္စြဲထားတဲ့ၿဗိတိသွ်တပ္ကို ဘုရာကုန္းေတာ္ေပၚက ဖယ္ရွားေပးဖို႔ အျပင္းအထန္ေတာင္းဆိုလာၾကတဲ့အျပင္ ဘုရားေပၚမွာ ဖိနပ္စီးတာကို ကန႔္ကြက္ခဲ့ၾကၿပီး ၁၉၂၀ခုႏွစ္ေက်ာင္းသားသပိတ္ႀကီး အုံႂကြလာခဲ့ပါတယ္။

၁၉၂၉ခုႏွစ္ ဇန္နဝါရီလ ၂၂ရက္ေန႔ေရာက္မွ ေ႐ႊတိဂုံဘုရားကုန္းေတာ္ေပၚမွ တပ္စြဲထားတဲ့ၿဗိတိသွ်တပ္ေတြဟာ ကုန္းေတာ္ေပၚက စစ္သခ်ႋဳင္းကို စစ္အခမ္းအနားက်င္းပကာ ကန္ေတာ္မင္အဂၤလိပ္သခ်ႋဳင္းကို ေ႐ႊေျပာင္းေပးခဲ့ၿပီး ၁၉၂၉ခုႏွစ္ ႏိုဝင္ဘာလ ၂၇ရက္ေန႔မွာေတာ့ ေ႐ႊတိဂုံဘုရားကုန္းေတာ္ေပၚမွာ တပ္စြဲထားတဲ့ၿဗိတိသွ်စစ္တပ္ဟာ ကုန္းေတာ္ေပၚက ျပန္လည္ဆုတ္ခြာသြားခဲ့တာပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ၿဗိတိသွ်ေတြဟာ ေ႐ႊတိဂုံဘုရားကုန္းေတာ္ကို ၁၈၂၄ခုႏွစ္ကေန ၁၉၂၉ခုႏွစ္အထိ ႏွစ္ေပါင္း ၁၀၀ေက်ာ္ခံတပ္ေကာ သခ်ႋဳင္းပါျပဳလုပ္ၿပီး တပ္စြဲခဲ့တာပဲျဖစ္ပါတယ္။

ဦးနတ္ရဲမူရင္းေရးသားသူဆရာအား ေလးစားစြာcrdေပးပါတယ္

Be the first to comment

Leave a Reply

Your email address will not be published.


*