
Zawgyiျဖင့္ဖတ္ရန္
ထမင္းၾကမ္းစားတတ္တာဟာ ျမန္မာတို႔ရဲ့ ဓေလ့တစ္ခုလည္းျဖစ္ပါတယ္။ နံနက္ေစာေစာ ပဲျပဳတ္ေလးနဲ႔ ထမင္းၾကမ္း စားလို႔ရေအာင္ ညစာကို ပိုခ်က္ၾကေလ့ရွိပါတယ္။ ေနာက္တစ္ေန႔နံနက္မွာ ညကက်န္ေနတဲ့ ထမင္းၾကမ္းကို ေႏႊး၍ျဖစ္ေစ၊ ေၾကာ္၍ျဖစ္ေစ နံနက္စာအျဖစ္ စားသုံးတတ္ၾကပါတယ္။
ဒီလိုမဟုတ္လည္း ဆိုင္ကေန ဝယ္လာတဲ့ ထမင္းကို ခ်က္ျခင္းမစားျဖစ္ပဲ ေနာက္မွ ျပန္လည္ေႏႊးစားတတ္ၾကတာမ်ိဳးလည္း ျဖစ္ေလ့ရွိပါတယ္။ ဒီလိုမ်ိဳး ခ်က္ျပဳတ္(က်က္)ၿပီးသား ထမင္းကို တစ္ဖန္ျပန္လည္ေႏြးစားျခင္းက အစာအဆိပ္သင့္မွု ျဖစ္ေစနိုင္သလားဆိုတာကို ကၽြမ္းက်င္သူမ်ားက သုေတသနျပဳထားၾကပါတယ္။
ၿဗိတိသၽွ သုေတသီမ်ား၏ အဆိုအရ က်က္ၿပီးသား ထမင္းကို တစ္နာရီအတြင္း မစားသုံးနိုင္ေသးဖူးဆိုပါက ေရခဲေသတၱာထဲထည့္ထားဖို႔ လိုအပ္ပါတယ္။ ေရခဲေသတၱာထဲ ထည့္ထားတဲ့ ထမင္းကိုလည္း ၂၄ အတြင္းစားသုံးသင့္ေၾကာင္းႏွင့္ တစ္ႀကိမ္သာ ျပန္လည္ေႏႊးစားသင့္ေၾကာင္း အႀကံျပဳထားပါတယ္။
ဆန္ေတြရဲ့ သဘာဝအရ မည္မၽွပင္ စင္ၾကာ္ေအာင္ေဆးေဆး စပါးမ်ိဳးစအမွုန္အမႊားေလးမ်ား ပါရွိၾကပါတယ္၊ အဲဒါေတြကေန ဘက္တီးရီးယား ေပါက္ပြားနိုင္ပါတယ္။ ဒီလိုအမွုန္အမႊားေလးေတြဟာ ဆန္ကေန ထမင္းအျဖစ္ က်က္သြားသည့္တိုင္ေအာင္ အသက္ရွင္နိုင္ၾကၿပီး စနစ္တက် မသိမ္းဆည္းရင္ေတာ့ အစာအဆိပ္သင့္မွုကို ျဖစ္ေစပါတယ္လို႔ အဟာရေဗဒပညာရွင္ Fiona Hunter က ဆိုပါတယ္။
ဒါေၾကာင့္ ထမင္းကို ျပန္ေႏႊးစားမယ္လို႔ ရည္ရြယ္ထားရင္ စနစ္တက်သိမ္းဆည္းဖို႔ လိုအပ္ေၾကာင္း၊ အကယ္၍ ထမင္းကိုခ်က္ထားၿပီး အခန္းအပူခ်ိန္မွာပဲ ထားမယ္ဆိုရင္ ေစာေစာက ေျပာတဲ့ မ်ိဳးစေလးေတြကေန ဘက္တီးရီယားမ်ား အဆတိုးပ်ံ႕ႏွံ့ ေပါက္ပြားနိုင္ေၾကာင္း၊ အဲဒီကေနတစ္ဆင့္ အဆိပ္ျဖစ္ၿပီး စာသုံးမိပါက ေအာ့အန္ၿပီး အစာအဆိပ္သင့္ေစနိုင္ေၾကာင္း ျဖည့္စြက္ေျပာဆိုပါတယ္။
က်က္ၿပီးသားထမင္းကို အခန္းအပူခ်ိန္မွာပဲ ၾကာၾကာထားေလေလ ဘက္တီးရီးယား ထမင္းထဲမွာ ပိုပ်ံ႕ေလေလ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ထမင္းခ်က္ၿပီး တစ္နာရီအတြင္း မစားနိုင္ေသးဘူးဆိုပါက ေရခဲေသတၱာထဲမွာ သိမ္းထားတာအေကာင္းဆုံး ျဖစ္ပါတယ္။
ဒါမွမဟုတ္ ဟင္းအရင္ခ်က္ၿပီး စာခါနီးမွ ထမင္းခ်က္တာက ပိုၿပီးစိတ္ခ်ရသလို ပူပူေႏြးေႏြးလည္း စားလို႔ရမွာျဖစ္ပါတယ္။
ညမနက္စာ တစ္ခါတည္းေပါင္းခ်က္ျခင္းကို ေရွာင္က်ဥ္ပါ၊ ထမင္းပိုသြားတဲ့အခါမွာလည္း ေရခဲေသတၱာထဲမွာ ထည့္သိမ္းဖို႔ မေမ့ဖို႔ လိုအပ္ပါတယ္။
Credit: popolay
Unicodeဖြင့်ဖတ်ရန်
ထမင်းကြမ်းကို ပြန်နွေးစားခြင်းက အစာအဆိပ်သင့်စေနိုင်လား..?
ထမင်းကြမ်းစားတတ်တာဟာ မြန်မာတို့ရဲ့ ဓလေ့တစ်ခုလည်းဖြစ်ပါတယ်။ နံနက်စောစော ပဲပြုတ်လေးနဲ့ ထမင်းကြမ်း စားလို့ရအောင် ညစာကို ပိုချက်ကြလေ့ရှိပါတယ်။ နောက်တစ်နေ့နံနက်မှာ ညကကျန်နေတဲ့ ထမင်းကြမ်းကို နွှေး၍ဖြစ်စေ၊ ကြော်၍ဖြစ်စေ နံနက်စာအဖြစ် စားသုံးတတ်ကြပါတယ်။
ဒီလိုမဟုတ်လည်း ဆိုင်ကနေ ဝယ်လာတဲ့ ထမင်းကို ချက်ခြင်းမစားဖြစ်ပဲ နောက်မှ ပြန်လည်နွှေးစားတတ်ကြတာမျိုးလည်း ဖြစ်လေ့ရှိပါတယ်။ ဒီလိုမျိုး ချက်ပြုတ်(ကျက်)ပြီးသား ထမင်းကို တစ်ဖန်ပြန်လည်နွေးစားခြင်းက အစာအဆိပ်သင့်မှု ဖြစ်စေနိုင်သလားဆိုတာကို ကျွမ်းကျင်သူများက သုတေသနပြုထားကြပါတယ်။
ဗြိတိသျှ သုတေသီများ၏ အဆိုအရ ကျက်ပြီးသား ထမင်းကို တစ်နာရီအတွင်း မစားသုံးနိုင်သေးဖူးဆိုပါက ရေခဲသေတ္တာထဲထည့်ထားဖို့ လိုအပ်ပါတယ်။ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ထမင်းကိုလည်း ၂၄ အတွင်းစားသုံးသင့်ကြောင်းနှင့် တစ်ကြိမ်သာ ပြန်လည်နွှေးစားသင့်ကြောင်း အကြံပြုထားပါတယ်။
ဆန်တွေရဲ့ သဘာဝအရ မည်မျှပင် စင်ကြာ်အောင်ဆေးဆေး စပါးမျိုးစအမှုန်အမွှားလေးများ ပါရှိကြပါတယ်၊ အဲဒါတွေကနေ ဘက်တီးရီးယား ပေါက်ပွားနိုင်ပါတယ်။ ဒီလိုအမှုန်အမွှားလေးတွေဟာ ဆန်ကနေ ထမင်းအဖြစ် ကျက်သွားသည့်တိုင်အောင် အသက်ရှင်နိုင်ကြပြီး စနစ်တကျ မသိမ်းဆည်းရင်တော့ အစာအဆိပ်သင့်မှုကို ဖြစ်စေပါတယ်လို့ အဟာရဗေဒပညာရှင် Fiona Hunter က ဆိုပါတယ်။
ဒါကြောင့် ထမင်းကို ပြန်နွှေးစားမယ်လို့ ရည်ရွယ်ထားရင် စနစ်တကျသိမ်းဆည်းဖို့ လိုအပ်ကြောင်း၊ အကယ်၍ ထမင်းကိုချက်ထားပြီး အခန်းအပူချိန်မှာပဲ ထားမယ်ဆိုရင် စောစောက ပြောတဲ့ မျိုးစလေးတွေကနေ ဘက်တီးရီယားများ အဆတိုးပျံ့နှံ့ ပေါက်ပွားနိုင်ကြောင်း၊ အဲဒီကနေတစ်ဆင့် အဆိပ်ဖြစ်ပြီး စာသုံးမိပါက အော့အန်ပြီး အစာအဆိပ်သင့်စေနိုင်ကြောင်း ဖြည့်စွက်ပြောဆိုပါတယ်။
ကျက်ပြီးသားထမင်းကို အခန်းအပူချိန်မှာပဲ ကြာကြာထားလေလေ ဘက်တီးရီးယား ထမင်းထဲမှာ ပိုပျံ့လေလေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ထမင်းချက်ပြီး တစ်နာရီအတွင်း မစားနိုင်သေးဘူးဆိုပါက ရေခဲသေတ္တာထဲမှာ သိမ်းထားတာအကောင်းဆုံး ဖြစ်ပါတယ်။
ဒါမှမဟုတ် ဟင်းအရင်ချက်ပြီး စာခါနီးမှ ထမင်းချက်တာက ပိုပြီးစိတ်ချရသလို ပူပူနွေးနွေးလည်း စားလို့ရမှာဖြစ်ပါတယ်။
ညမနက်စာ တစ်ခါတည်းပေါင်းချက်ခြင်းကို ရှောင်ကျဉ်ပါ၊ ထမင်းပိုသွားတဲ့အခါမှာလည်း ရေခဲသေတ္တာထဲမှာ ထည့်သိမ်းဖို့ မမေ့ဖို့ လိုအပ်ပါတယ်။
Credit: popolay
Leave a Reply