Zawgyiဖြင့် ဖတ်ရန်
အိလေး (ရွှေဝယ်မြေ)
Credit
ချွေးမနှင့်သမီးအရင်းကို အမေကဆက်ဆံပုံ…!
Unicode ဖြင့် ဖတ်ရန်
သမီးက ယောက္ခမအိမ်မှာ ပျော်နေရင် ဒါကို ပျော်တယ်လို့ အသိမှတ်ပြုကြတယ် ။ ချွေးမက ယောက္ခမအိမ်မှာ ပျော်နေရင်တော့ သဝန်တိုကြတယ်… သားမက်က သမီးကို ကူညီရင်တော့ ကောင်းတယ်တဲ့ သားက ချွေးမကို ကူညီရင်တော့ မယားကြောက်တဲ့…
သမီး နည်းနည်းလေးဖျားရင် စိတ်ထိခိုက်ကြတယ်။ ချွေးမ နေမကောင်းရင်တော့ ဟန်ဆောင်တာတဲ့ သမီးအားအင် ချိနဲ့သွားရင် ဒါယောက္ခမအိမ်က လူတွေကြောင့်တဲ့ ချွေးမအားအင် ချိနဲ့သွားရင် စားတာ သောက်တာတော့ တအားပဲ။ ဒါပေမယ့် အရာမထင်တာတဲ့…
သမီးက တနေကုန် ယောက္ခမအိမ်မှာ အလုပ် လုပ်ရရင် စိတ်မကောင်းကြဘူး ။ ဒါပေမယ့်…. ချွေးမ တနေကုန် အလုပ် လုပ်ရင်တောင် အလုပ်သူခိုးတဲ့ သမီးက ယောက္ခမနှင့် မက်တွေ ယောင်းမတွေရဲ့အလုပ်ကို လုပ်ပေးရရင် ဒေါသထွက်ကြတယ် ။
ဒါပေမယ့်….. ချွေးမကြတော့ တစ်ယောက်တည်း တစ်အိမ်လုံးအလုပ်ကို လုပ်ခိုင်းကြတယ် ။ သမီးရဲ့ယောက္ခမအိမ်က မကောင်းပြောတဲ့အခါ မခံနိုင်ကြဘူး ဒါပေမယ့်…… ကိုယ်တိုင်က ချွေးမအိမ်က လူတွေကို ဆဲဆိုနေကြတယ် ။
သမီးကို ယောက္ခမအိမ် ပို့ချိန်တော့ ငါဘုရင်မ လွတ်လိုက်တာနော်တဲ့ ။ ဒါပေမယ့်….. ချွေးမရှာတော့ အောက်သက်ကြေတဲ့ ကောင်မလေးတဲ့ ဟူး….စိတ်လေးစရာတွေပဲနော် ကိုယ့်ငချဉ် ကိုယ်ချဉ်တယ် ထင်ကြတယ်။ ပြင်လိုက်ကြပါ ။
အမေသမီးက အမေ့အိမ်သူ အိမ်သားတွေကို စွန့်ခွာပြီး သူများအိမ် သွားနေသလို….. အမေ့ချွေးမကလည်း အဲ့လိုပဲလေ အမေ သူများသမီးကို သမီးအရင်လို သတ်မှတ်ရင် သူများကလည်း အမေ့သမီးကို သမီးအရင်းလို သတ်မှတ်လိမ့်မယ်။
စာပေချစ်သူများကို အစဉ်လေးစားလျှက်ပါရှင်
အိလေး (ရွှေဝယ်မြေ)
Credit
Leave a Reply