
Zawgyiဖြင့်ဖတ်ရန်
Credit: Yamin Ei
Unicodeဖြင့်ဖတ်ရန်
မျက်စိ၂ကွင်း အလင်းမရပေမယ်. တယောက်ထဲမိုင်ပေါင်းထောင်ချီခရီးသွားခဲ.တဲ့သူ
ဒီတခေါက်ဂိုက်လိုက်ပေးတဲ့ ဧည့်သည်ကမျက်စိမမြင်ဘူး တယောက်ထဲလာတာတွေ့တွေ့ချင်းပြောတာက လပြည့်ည ထမနဲထိုးတာ စားချင်တယ်ဆိုလို့ ဒေါ်ရှိ ထမနဲ ဝင်ဝယ်ပေးကသေးတယ်။
တချိန်လုံးကိုယ့်လက်ကိုတွဲထားပီး လည်ရမဲ့နေရာတေလည်တယ် ထိလို့ရသမျှထိတယ် အသံတေနားထောင်တယ်ကိုယ်ဗမာလိုပြောနေရင်လဲနားထောင်နေတယ် ပြန်ပြန်မေးတယ်။သူ့ကြည့်ပီးသနားလဲ သနားတယ်ခွန်အားလဲရတယ် မသန်ပေမဲ့ စွမ်းတယ်။
ပစ္စည်းဝယ်လို့ ပိုက်ဆံပေးရင် သူဘာသာပေးတယ်မလွဲဘူး သေချာမှတ်ထားတယ် ။local ဈေးထဲဝင်တော့ ကိုယ်တို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်နဲ့မမြင်ရပဲ ဘာလာလုပ်တာလဲမသိဘူးနော်ပြောတာတေ အကြည့်တေ ကိုယ်ကမြင်ခဲ့ရတယ်
မေမြို့မှာ မြင်းလှည်းစီးရင်းမြင်းကဘာရောင် မြင်းလှည်းကဘာရောင် ပုံဖော်ပြောပြရင်း ၊သူကပြောတာကငါ မမြင်ရဘူးဆိုပီး လျှောက်သွားနေတာ သူများတေ နားလည်ချင်မှ နားလည်မယ်တဲ့
ဒါပေမယ့် ခုလို့မြင်းလှည်းစီးတော့ မြင်းလှည်းက စဲလဲသံရယ် မြင်းခွာသံကြားပီး ပုံဖော်လို့ရတယ် အိမ်မှာ ထိုင်နေပီးဘာမှမလုပ်တဲ့ သူတယောက်လို မနေချင်ဘူးတယ်တဲ့ ။မျက်စိမြင် မှကမ္ဘာပတ်ပီး အလှတရားတေ ကြည့်လို့ရတာမဟုတ်ဘူး မမြင်ကလဲထိတွေ့ခံစားလို့ ရတယ်တဲ့ ။
Cambodia မှာ အင်္ဂလိပ်စာဆရာမ ခြောက်လ volunteer လုပ်ပီး မြန်မာပြည်ဝင်လည်တာ မပြန်ခင်။မြန်မာနိုင်ငံ မှာလဲ လုပ်ချင်တယ်တဲ့ ခေါ်တာရှာတော့ရှာနေတယ်တဲ့ အခကြေးငွေယူတာတေရှိပေမဲ့သူကို မလုပ်နိုင်ဘူးထင်ပီး မခေါ်ကြဘူးတဲ့But I will keep looking တဲ့ လေ ကဲ
သူ့ဆီကအများကြီးအတုယူရမယ် ငွေကြေးလဲမချမ်းသာဘူး၊သူများတေနဲ့ စွမ်းရည်မတူလဲအားမငယ်ဘူး ၊
ဘဝကိုပြန် အရှုံးမပေးဘူး ။ တန်းတူရအောင်လုပ်တယ် တယောက်ထဲမိုင်ပေါင်းထောင်ချီခရီးရအောင်လာတယ်။
ကိုယ်လဲဘာတွက်မှ ဆင်ခြေမပေးဖြစ်အောင်ကြိုးစားရမယ် ခရီးတေသွားမယ် ။
သူများတေကိုလဲ ခွန်အားရစေချင်လို့ တင်လိုက်တယ်။
Credit: Yamin Ei
Leave a Reply