
Zawgyiျဖင့္ဖတ္ရန္
လူတိုင္း ခရီးသြားၾကပါတယ္။ ဒါေပမယ့္ ဒီေနရာကိုေတာ့ ေရာက္ဖူးသူ နည္းၾကမွာပါ။ ျမန္မာႏိုင္ငံမွာ ရာဇဝတ္မႈ မ႐ွိ / ရပ္ကြက္ အုပ္ခ်ဳပ္ေရမႈး မ႐ွိ၊ တည္ၿငိမ္ေအးခ်မ္းတဲ့ ရြာေလးတစ္ရြာ ႐ွိတယ္ဆိုရင္ အံဩမိၾကမွာပါ။
ပိုၿပီးထူးျခားတဲ့ အခ်က္ေတြက အိမ္တိုင္းမွာ ျခံစည္း႐ိုး မ႐ွိ, မခတ္ထားတာပါပဲ။ သူခိုး/ဓားျပလည္း မ႐ွိ ပါဘူး။ ကိုယ္ကိုယ္တိုင္က ကိုယ့္ရြာရဲ႕ ေခါင္းေဆာင္ဆိုၿပီး ခံယူထားၾကပါတယ္။
ေနာက္ၿပီး ရြာအတြင္း စီးပြားေရးလုပ္ခြင့္မ႐ွိတာပါပဲ။ ဘာကုန္ပစၥည္းဆိုင္မွ မ႐ွိတာပါ၊ စီးပြားေရးကို ေတာ့ ရြာအျပင္မွာပဲ ထြက္ၿပီး စီးပြား႐ွာၾကပါတယ္။ ျမိဳ႕နဲ႔လည္း သိပ္မေဝးေတာ့ အဆင္ေျပတာေပါ့။
ဒီရြာရဲ႕ အထူးနာမည္ႀကီးတာကေတာ့ တိတ္ဆိတ္ ေအးခ်မ္းျခင္း ပါပဲ။ ကရင္လူမ်ိဳးေတြ၊ မ်ိဳးႏြယ္ေပါင္းစံု စုေဝးေနထိုင္တဲ့ ရြာေလး တစ္ရြာလည္း ျဖစ္ပါတယ္။
ဒီရြာကို တည္စက ထမင္းမစား ေရမေသာက္ဘဲ ပင္ပင္ပန္းပန္းနဲ႔ တည္ခဲ့ရတယ္လို႔ အိ္မ္႐ွင္ အဘိုးတစ္ေယာက္ ေျပာျပလို႔ သိခဲ့ရပါတယ္။
ရြာအတြင္းက လူေတြ ဟာလည္း ႐ိုးသား ျဖဴ စင္ၾကပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ ကူညီ႐ိုင္းပင္းရင္း မိမိရြာကို ထိန္သိမ္းေစာက္ေ႐ွာက္ေနၾကတာပဲ ျဖစ္ပါတယ္။
အိမ္ေျခအားျဖင့္ ၅၀ ေက်ာ္ခန္႔ ဧကအနည္းငယ္သာ က်ယ္ဝန္းတဲ့ ဒီ႐ြာကေလးကေတာ့ ကရင္ျပည္နယ္ ဘားအံၿမိဳ႕အနီး ဇြဲကပင္ ေတာင္ေျခမွာ တည္႐ွိတဲ့ မြန္႔စရီး ဆိုတဲ့ ေက်းရြာေလးပဲ ျဖစ္ပါတယ္။
Credit – Peter SutNau Credit- ဆရာမိုင္း
Unicodeဖြင့်ဖတ်ရန်
ရာဇဝတ်မူ လုံးဝမရှိတဲ့ မြန်မာနိုင်ငံအတွင်းက ရွာကလေး
လူတိုင်း ခရီးသွားကြပါတယ်။ ဒါပေမယ့် ဒီနေရာကိုတော့ ရောက်ဖူးသူ နည်းကြမှာပါ။ မြန်မာနိုင်ငံမှာ ရာဇဝတ်မှု မရှိ / ရပ်ကွက် အုပ်ချုပ်ရေမှုး မရှိ၊ တည်ငြိမ်အေးချမ်းတဲ့ ရွာလေးတစ်ရွာ ရှိတယ်ဆိုရင် အံဩမိကြမှာပါ။
ပိုပြီးထူးခြားတဲ့ အချက်တွေက အိမ်တိုင်းမှာ ခြံစည်းရိုး မရှိ, မခတ်ထားတာပါပဲ။ သူခိုး/ဓားပြလည်း မရှိ ပါဘူး။ ကိုယ်ကိုယ်တိုင်က ကိုယ့်ရွာရဲ့ ခေါင်းဆောင်ဆိုပြီး ခံယူထားကြပါတယ်။
နောက်ပြီး ရွာအတွင်း စီးပွားရေးလုပ်ခွင့် မရှိတာပါပဲ။ ဘာကုန်ပစ္စည်းဆိုင်မှ မရှိတာပါ၊ စီးပွားရေးကို တော့ ရွာအပြင်မှာပဲ ထွက်ပြီး စီးပွားရှာကြပါတယ်။ မြို့နဲ့လည်း သိပ်မဝေးတော့ အဆင်ပြေတာပေါ့။
ဒီရွာရဲ့ အထူးနာမည်ကြီးတာကတော့ တိတ်ဆိတ် အေးချမ်းခြင်း ပါပဲ။ ကရင်လူမျိုးတွေ၊ မျိုးနွယ်ပေါင်းစုံ စုဝေးနေထိုင်တဲ့ ရွာလေး တစ်ရွာလည်း ဖြစ်ပါတယ်။
ဒီရွာကို တည်စက ထမင်းမစား ရေမသောက်ဘဲ ပင်ပင်ပန်းပန်းနဲ့ တည်ခဲ့ရတယ်လို့ အိမ်ရှင် အဘိုးတစ်ယောက် ပြောပြလို့ သိခဲ့ရပါတယ်။
ရွာအတွင်းက လူတွေ ဟာလည်း ရိုးသား ဖြူ စင်ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီရိုင်းပင်းရင်း မိမိရွာကို ထိန်သိမ်းစောက်ရှောက်နေကြတာပဲ ဖြစ်ပါတယ်။
အိမ်ခြေအားဖြင့် ၅၀ ကျော်ခန့် ဧကအနည်းငယ်သာ ကျယ်ဝန်းတဲ့ ဒီရွာကလေးကတော့ ကရင်ပြည်နယ် ဘားအံမြို့အနီး ဇွဲကပင် တောင်ခြေမှာ တည်ရှိတဲ့ မွန့်စရီး ဆိုတဲ့ ကျေးရွာလေးပဲ ဖြစ်ပါတယ်။
Credit – Peter SutNau Credit- ဆရာမိုင်း
Leave a Reply