Unicode
လက်ထပ်စာချုပ်ကို ညာလက်မောင်းမှာ ၆နာရီကြာခံပြီး တက်တူးထိုးခဲ့တဲ့ ခင်ပွန်းရဲ့အကြောင်းကို ထုတ်ကြွားလာခဲ့တဲ့ ဇနီးသည်…
အခုဖော်ပြမဲ့ အကြောင်းက မြင်သူတိုင်း မနာလို ဖြစ်လိမ့်မယ် ထင်ပါတယ် ။
Facebook သုံးစွဲသူ Om-Aim Daraployphan က သူမရဲ့ ချစ်လှစွာသော ခင်ပွန်းရဲ့ အကြောင်းကို ထုတ်ဝေခဲ့ပါတယ် ။
လက်ထပ်စာချုပ်ကို သူမရဲ့ ခင်ပွန်းက ညာလက်မောင်းမှာ ၆ နာရီကြာခံပြီး တက်တူး ထိုးခဲ့တာပါ ။
ဇနီးသည်က ပရောပရည် မလုပ်တဲ့အတွက် သူ့ခင်ပွန်းကို ကျေးဇူးတင်ခဲ့တာပါ ။ ထိုPostကို ဝေမျှပြီးနောက် Netizen တွေများစွာ အားကျနေခဲ့ပါတယ် ။
ဇနီးသည်က ” ချစ်ခြင်းရဲ့တာဝန်ဟာ မေတ္တာပေးဖို့နဲ့ ရပ်တည်နိုင်ဖို့ နဲ့တင်မဟုတ်ဘူး ဂရုစိုက်ပေးဖို့လည်း လိုတယ် ။ ကျွန်မက သာမန်လူတွေ ပိုကြိုက်တယ်။ ရုပ်ချောဖို့ မလို့ဘူး ။
ကိုယ့်ကို အလေးထားရင် ရပြီ။ ကျွန်မရဲ့ ခင်ပွန်းလိုပေါ့။ မိသားစုအတွက် အရာအရာကို စေတနာပါပါနဲ့ လုပ်ပေးခဲ့တဲ့ သူလေးကို ကျေးဇူးတင်မိတယ် ။” လို့ ပြောခဲ့ပါတယ် ။
ဒါပေမယ့် ခင်ပွန်းဖြစ်သူက ကွာရှင်း ပြတ်စဲခြင်း လက်မှတ်ကိုတော့ သူက တက်တူးထိုးဖို့ လက်မခံဘူးလို့ ပြောလာခဲ့ပါတယ် ။
credit JRose (Mckzone Daily)
Leave a Reply