အိုဇာတာ ကောင်းချင်လျှင် အိမ်ထောင်းရေး ဖောက်ပြန်ပြီး မယားအငယ် မထားပါနဲ့

Unicodeဖြင့်ဖတ်ရန်

အိမ်ကမယားကြီးကို ရိုးအီနေပြီး အပြင်က (ပိုက်ဆံသာရရင် ဘာမဆို လုပ်မယ်) ဆိုတဲ့ ပြီတီတီ ညို့တုတုလုပ်တတ်သူ (smallလေး)တွေကို စွဲလမ်းပြီးစိတ်ကူးယဉ် သာယာနေတတ်တဲ့ သင့်ကိုသင် ဟုတ်လှပြီအထင်နဲ့ပျော်မနေပါနဲ့။သင်စဉ်းစားကြည့်ပါ…သင်ခုလို မအောင်မြင်ခင်တုန်းက သင့်ကို အဖက်ဖက်ကနေ အစွမ်းကုန် စိတ်ရောကိုယ်ပါ အားတက်သရော်ကူညီ ဖြည့်ဆည်းပေးတတ်သူဟာ ဘယ်သူလဲ?

သင် ပင်ပင်ပမ်းပမ်း ရှာဖွေလာတဲ့ ပိုက်ဆံတွေကို လေလွင့်မှုမရှိအောင် အပိုငွေမကုန်အောင် မစားရက်မသောက်ရက် မသုံးရက် မဖြုန်းရက် ချိုးခြံချွေတာပြီးစုဆောင်းပေးတတ်သူဟာ ဘယ်သူလဲ?လောကဓံကြောင့် သင် ရှုံးနိမ့်နေချိန် လဲကျနေတဲ့အချိန်တွေမှာ ကိုယ်လွတ်မရုန်းပဲ သင့်ရဲ့အပူတွေကို သည်းခံ မျှဝေပေးတတ်သူ ဟာ ဘယ်သူလဲ?သင့်ဘက်ကနေ အမြဲတမ်းရပ်တည်ပေးပြီး ဒုက္ခမှန်သမျှ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပေးရဲသူ သင့်အတွက် ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့် ထားပေးသူဟာ ဘယ်သူလဲ?

သင် မအောင်မြင်ခင်တုန်းက သင့်အတွက် သူမဘဝတစ်ခုလုံးကို အနစ်နာခံ ပေးဆပ်ရင်း အသိအမှတ်ပြု ဆက်ဆံပေး နေသူ သင်နဲ့ ထပ်တူဝမ်းနည်း ဝမ်းသာ ဂုဏ်ယူပေးတတ်သူဟာ ဘယ်သူလဲ?သင်နေထိုင်မကောင်းချိန် ခလေးငယ်တစ်ယောက်လို ပြုစုပေးသူ ခံတွင်းတွေ့အောင် ချက်ပြုပ်ပေးသူ အားအင်ဖြစ်အောင် စေတနာအပြည့်နဲ့ ချော့ကျွေးတတ်သူ မိခင်နဲ့မခြားစိုးရိမ်ပေးတတ်သူဟာ ဘယ်သူလဲ ?

ခုလို အခြေအနေ ရောက်အောင် ခက်ခဲသည်ဖြစ်စေ ကြမ်းထမ်းသည်ဖြစ်စေ သင့် နဘေးကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့သူဟာ ခုနက (အပလီ အပလာမ)တွေ မဟုတ်ဘူး ဆိုတာ မြဲမြဲ မှတ်ထားပါ။(အပလီမ)တွေက သင့်ကို မေတ္တာအစစ်နဲ့ ချစ်တယ် မထင်ပါနဲ့ သင့်မှာမက်လောက်စရာ ပစ္စည်းဥစ္စာ သူမ သုံးဖြုန်းလို့ ကုန်ခမ်းသွားတာနဲ့ ဘယ်သူ့မျက်နှာကိုမှ စာနာထောက်ထား မနေပဲ သင့်ကို မျက်နှာပြောင်တိုက်ပြီး စွန့်ခွာသွားပါလိမ့်မယ်။အဲဒါဘာကြောင့်လဲ? သင်သိပါသလား? အစကတည်းက ငွေမျက်နှာကြောင့် (ငွေမက်)လို့ သာတယ်ထင်လို့ သင့်ကို မြူဆွယ် စည်းရုံး လက်ခံတွဲခဲ့လို့ပါ။

ခဏတာ သာယာဖို့အရေးနဲ့ အိမ်က အနှစ်သာရပြည့်ဝတဲ့ (ခလေးတို့ရဲ့အမေ)ကို ဒီလို အနှစ်မဲ့တဲ့ မိန်းမတစ်ယောက်နဲ့ ယှဉ်ပြီး အစားမထိုး လိုက်ပါနဲ့ မတန်လွန်းလို့ပါ။သင် နောင်တရလိမ့်မယ် ခုချိန်မှာ သင် ဘာကြီးပဲဖြစ်နေဖြစ်နေ သင့်အရင် ဘဝကိုမမေ့လိုက်ပါနဲ့ ငါ ဘယ်ဘဝကလာတာလဲ? ဆိုတာကိုအမြဲအမှတ်ရနေပေးပါ လူတစ်ယောက် နောင်တရနေချိန်ဟာ သူ့ဘဝအတွက် အရာရာဟာခါးသီးမှုတွေ ရှုံးနိမ့်မှုတွေနဲ့ နောက်ကျနေတတ်ခဲ့ပြီလေ အကြံပြုပါရစေ သင် အိုဇာတာကောင်းချင်လျှင် အိမ်ထောင်းရေး ဖောက်ပြန်ပြီး (မယားအငယ်) မထားပါနဲ့။

Credit: လောကကို အလှဆင်သူ

Zawgyiျဖင့္ဖတ္ရန္

အိုဇာတာ ေကာင္းခ်င္လွ်င္ အိမ္ေထာင္းေရး ေဖာက္ျပန္ၿပီး မယားအငယ္ မထားပါနဲ႔

အိမ္ကမယားႀကီးကို ႐ိုးအီေနၿပီး အျပင္က (ပိုက္ဆံသာရရင္ ဘာမဆို လုပ္မယ္) ဆိုတဲ့ ၿပီတီတီ ညိဳ႕တုတုလုပ္တတ္သူ (smallေလး)ေတြကို စြဲလမ္းၿပီးစိတ္ကူးယဥ္ သာယာေနတတ္တဲ့ သင့္ကိုသင္ ဟုတ္လွၿပီအထင္နဲ႔ေပ်ာ္မေနပါနဲ႔။သင္စဥ္းစားၾကည့္ပါ…သင္ခုလို မေအာင္ျမင္ခင္တုန္းက သင့္ကို အဖက္ဖက္ကေန အစြမ္းကုန္ စိတ္ေရာကိုယ္ပါ အားတက္သေရာ္ကူညီ ျဖည့္ဆည္းေပးတတ္သူဟာ ဘယ္သူလဲ?

သင္ ပင္ပင္ပမ္းပမ္း ရွာေဖြလာတဲ့ ပိုက္ဆံေတြကို ေလလြင့္မႈမရွိေအာင္ အပိုေငြမကုန္ေအာင္ မစားရက္မေသာက္ရက္ မသုံးရက္ မျဖဳန္းရက္ ခ်ိဳးၿခံေခြၽတာၿပီးစုေဆာင္းေပးတတ္သူဟာ ဘယ္သူလဲ?ေလာကဓံေၾကာင့္ သင္ ရႈံးနိမ့္ေနခ်ိန္ လဲက်ေနတဲ့အခ်ိန္ေတြမွာ ကိုယ္လြတ္မ႐ုန္းပဲ သင့္ရဲ႕အပူေတြကို သည္းခံ မွ်ေဝေပးတတ္သူ ဟာ ဘယ္သူလဲ?သင့္ဘက္ကေန အၿမဲတမ္းရပ္တည္ေပးၿပီး ဒုကၡမွန္သမွ် ရဲရဲဝံ့ဝံ့ရင္ဆိုင္ေပးရဲသူ သင့္အတြက္ ရဲေဘာ္ရဲဘက္စိတ္ဓာတ္ အျပည့္ ထားေပးသူဟာ ဘယ္သူလဲ?

သင္ မေအာင္ျမင္ခင္တုန္းက သင့္အတြက္ သူမဘဝတစ္ခုလုံးကို အနစ္နာခံ ေပးဆပ္ရင္း အသိအမွတ္ျပဳ ဆက္ဆံေပး ေနသူ သင္နဲ႔ ထပ္တူဝမ္းနည္း ဝမ္းသာ ဂုဏ္ယူေပးတတ္သူဟာ ဘယ္သူလဲ?သင္ေနထိုင္မေကာင္းခ်ိန္ ခေလးငယ္တစ္ေယာက္လို ျပဳစုေပးသူ ခံတြင္းေတြ႕ေအာင္ ခ်က္ျပဳပ္ေပးသူ အားအင္ျဖစ္ေအာင္ ေစတနာအျပည့္နဲ႔ ေခ်ာ့ေကြၽးတတ္သူ မိခင္နဲ႔မျခားစိုးရိမ္ေပးတတ္သူဟာ ဘယ္သူလဲ ?

ခုလို အေျခအေန ေရာက္ေအာင္ ခက္ခဲသည္ျဖစ္ေစ ၾကမ္းထမ္းသည္ျဖစ္ေစ သင့္ နေဘးကေန မားမားမတ္မတ္ရပ္တည္ေပးခဲ့သူဟာ ခုနက (အပလီ အပလာမ)ေတြ မဟုတ္ဘူး ဆိုတာ ၿမဲၿမဲ မွတ္ထားပါ။(အပလီမ)ေတြက သင့္ကို ေမတၱာအစစ္နဲ႔ ခ်စ္တယ္ မထင္ပါနဲ႔ သင့္မွာမက္ေလာက္စရာ ပစၥည္းဥစၥာ သူမ သုံးျဖဳန္းလို႔ ကုန္ခမ္းသြားတာနဲ႔ ဘယ္သူ႔မ်က္ႏွာကိုမွ စာနာေထာက္ထား မေနပဲ သင့္ကို မ်က္ႏွာေျပာင္တိုက္ၿပီး စြန႔္ခြာသြားပါလိမ့္မယ္။အဲဒါဘာေၾကာင့္လဲ? သင္သိပါသလား? အစကတည္းက ေငြမ်က္ႏွာေၾကာင့္ (ေငြမက္)လို႔ သာတယ္ထင္လို႔ သင့္ကို ျမဴဆြယ္ စည္း႐ုံး လက္ခံတြဲခဲ့လို႔ပါ။

ခဏတာ သာယာဖို႔အေရးနဲ႔ အိမ္က အႏွစ္သာရျပည့္ဝတဲ့ (ခေလးတို႔ရဲ႕အေမ)ကို ဒီလို အႏွစ္မဲ့တဲ့ မိန္းမတစ္ေယာက္နဲ႔ ယွဥ္ၿပီး အစားမထိုး လိုက္ပါနဲ႔ မတန္လြန္းလို႔ပါ။သင္ ေနာင္တရလိမ့္မယ္ ခုခ်ိန္မွာ သင္ ဘာႀကီးပဲျဖစ္ေနျဖစ္ေန သင့္အရင္ ဘဝကိုမေမ့လိုက္ပါနဲ႔ ငါ ဘယ္ဘဝကလာတာလဲ? ဆိုတာကိုအၿမဲအမွတ္ရေနေပးပါ လူတစ္ေယာက္ ေနာင္တရေနခ်ိန္ဟာ သူ႔ဘဝအတြက္ အရာရာဟာခါးသီးမႈေတြ ရႈံးနိမ့္မႈေတြနဲ႔ ေနာက္က်ေနတတ္ခဲ့ၿပီေလ အႀကံျပဳပါရေစ သင္ အိုဇာတာေကာင္းခ်င္လွ်င္ အိမ္ေထာင္းေရး ေဖာက္ျပန္ၿပီး (မယားအငယ္) မထားပါနဲ႔။

Credit: ေလာကကို အလွဆင္သူ

Be the first to comment

Leave a Reply

Your email address will not be published.


*