စင်္ကာပူအဆိုတော်မလေးကို မျက်တောင်မခတ်တမ်း ငေးမောနေတဲ့ ပိုင်တံခွန်ကို ဆေးထိုးလိုက်တဲ့ မေတိုးခိုင်

လူငယ်အနုပညာရှင်များဖြစ်တဲ့ မေတိုးခိုင်နဲ့ ပိုင်တံခွန်က အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီ ရရှိနေသူတွေ ဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ မေတိုးခိုင်က အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်နေသလို အပြင်မှာလည်း

တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းလွန်းတဲ့ မေတိုးခိုင်နဲ့ ပိုင်တံခွန်တို့ကို သဘောကျကြတာ ဖြစ်ပါတယ်။

မေတိုးခိုင်နဲ့ ပိုင်တံခွန်တို့ သူငယ်ချင်းတွေက လက်ရှိမှာတော့ စင်္ကာပူနိုင်ငံ Shangri-la Resort မှာ ကျင်းပပြုလုပ်မယ့် Viber ရဲ့ Rakuten Viber Asia Summit ပွဲကို တက်ရောက်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

Viber ရဲ့ Rakuten Viber Asia Summit ပွဲမှာ ပိုင်တံခွန်တစ်ယောက် သီချင်းဆိုဖျော်ဖြေတဲ့ အဆိုတော်မလေးတွေကို မျက်ေ

တာင်မခတ်တမ်း ငေးမောနေတာကြောင့် မေတိုးခိုင်က အခုလိုပဲ ဆေးအကြီးကြီး ထိုးလိုက်တာ ဖြစ်ပါတယ်။

ဘယ်လိုတွေတောင်လဲ ပိုင်တံခွန်ရယ် 😄💕

ပိုင်တံခွန်ကတော့ စင်္ကာပူ အဆိုတော်မလေးကို စိုက်ကြည့်နေတာ လှုပ်တောင်မလှုပ်ဘူးနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။

အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: May Toe Khine’s fb