၁၃ နှစ်အရွယ်မိန်းကလေးကို နင်ပိုလှလာတယ်.. နင်လှလာတာ အရေးမကြီးဘူး ငါ့ဟာကြီးက…ဆိုပြီး

၁၃ နှစ်ကောင်မလေးကို “နင်ကပိုလှလာတယ် နင်လှလာတာအရေးမကြီးဘူး ငါ့ဟာကြီးကထထလာတယ်လို့” ပြောပြီး ကိုယ့်ဟာကိုယ်ကိုင်ပြသူကို အမှုဖွင့်ပြီတဲ့

၂၄.၉.၁၉ ရက်နေ့ ညနေ ငါးနာရီ အချိန်တွင် ပေါက်ခေါင်းမြို့နယ် ၊ ပေါင်းစပါးအုပ်စု၊ ဆူးပုတ်ကုန်းကျေးရွာ မ——- (၁၃)နှစ်၊ ချင်း/ဗုဒ္ဓ၊ သည် တစ်ရွာတည်းနေ သူငယ်ချင်းဖြစ်သူ

မ——(၁၂)နှစ်၊ချင်း/ဗုဒ္ဓ၊ အတူကျေးရွာ၏မြောက်ဘက်ပေ (၁ဝဝ)ခန့်ရှိ ရေတွင်းတွင်ရေခပ်နေစဉ် တစ်ရွာတည်းနေ သန်းဇော်ဦး(၃ဝ)နှစ်၊ ချင်း/ဗုဒ္ဓ ရောက်ရှိလာ၍

အတူရေလာခပ်သူ မ————(12)နှစ်မှရေခပ်ပြီး နေအိမ်သို့ပြန်သွားကာ သန်းဇော်ဦးမှကျန်ရှိခဲ့သော မ———(13နှစ်) ရေခပ်နေသည့် အနီးသို့ရောက်ရှိလာပြီး

“နင်ပေါက်ခေါင်း ကျောင်းမှာနေပြီးတော့ ပိုလှလာတယ် နင်လှတာ အရေးမကြီးဘူး ငါ့ဟာကြီးကထထလာတယ် ”ဟုပြောဆို၍

၎င်း၏အင်္ဂါအားပုဆိုးဖြင့်ဖိကာဆွဲကိုင်ပြသဖြင့် မ————–မှ ကြောက်လန့်ပြီး နေအိမ်သို့ပြန်သွားကာ

သန်းဇော်ဦး၏ဇနီးဖြစ်သူ မ———(၂၅)နှစ်၊ ၊ တောင်ယာလုပ် အားသွားရောက်တိုင်တန်းရာ မ———မှ အဲ့ဒါ ငါ့သားမဟုတ်ဘူး

သူ့အမေကိုသွားပြော” ဟုပြန်လည်ပြောဆိုခဲ့သဖြင့် ၂၈.၉.၁၉ ရက်နေ့ မနက် ၁ဝ နါရီအချိန်တွင် မ———-(13နှစ်)-မှ မိဘများအားဖြစ်စဉ်ပြန်လည်ပြောပြပြီး

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ဆွေ(၄၂)နှစ်၊ချင်း/ဗုဒ္ဓ၊ အား တိုင်တန်းထားရှိသော်လည်း ယနေ့အချိန်ထိ သန်းဇော်ဦးနှင့် ၄င်း၏မိသားစုများမှ

ကျေနပ်လောက်အောင်လာရောက် တောင်းပန်ခြင်းမရှိသဖြင့် ညစ်ညမ်းစွာပြုလုပ်၍ မိန်းမကာအိန္ဒြေအား စော်ကားရန်အမူအရာဖြင့်ပြုလုပ်ခဲ့သူ သန်းဇော်ဦးအား

ဥပဒေအရအရေးယူပေးပါရန် ၁.၁၀.၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် မ————(13နှစ်)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ

ဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ခေါင်းမြို့မစခန်းမှ (ပ)၁၈၃/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၉ အရ အမှုရေးဖွင့်ကာ ဒုရဲအုပ်

တေဇာအောင်မှ အမှုအားစစ်ဆေးပြီး တရားခံအားအမြန်ဖမ်းဆီး၍ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ဇော်မင်းထွန်း-ပြည်(SH သတင်းဌာန) ရှုထောင့် မှုခင်းနှင့် သတင်းဂျာနယ် အမှန်တရား ဂျာနယ်

U THET (SH သတင်းဌာန) ၏ ခွင့်ပြုချက်ဖြင့် ApannPyay မှ တဆင့်ပြန်လည်ဖော်ပြပါသည်။

(Zawgyi)