
ဇြဲကပင္ေတာင္ေပၚ တက္ရင္း ေပ်ာက္ဆုံးသြားတဲ့ အမ်ိဳးသမီးငယ္ကို ေသဆုံးလ်က္ ျပန္ရွာေတြ႕
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕က ဇြဲကပင္ေတာင္ေပၚကို တက္ရင္း ၿပီးခဲ့တဲ့ မတ္လ ၃၀ ရက္ေန႔ကတည္းက ေပ်ာက္ဆုံးသြားတဲ့ အမ်ိဳးသမီးငယ္အေလာင္းကို ဒီကေန႔ဧၿပီ ၁ရက္ေန႔ မနက္ပိုင္းမွာ ျပန္ရွာေတြ႕ခဲ့တယ္လို႔ ေဒသခံ လူမႈကူညီေရးအသင္းေတြက ေျပာပါတယ္။
ဒုတိယႏွစ္ေက်ာင္းသူတစ္ဦးျဖစ္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ မဇာျခည္လႈိင္ကို မတ္လ ၃၀ ရက္ေန႔က အမ်ိဳးသားတစ္ဦးနဲ႔အတူ ေတာင္ေပၚ တက္သြားခဲ့ၿပီး ေပ်ာက္ဆုံးသြားခဲ့တာျဖစ္တယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။
“ သူနဲ႔အတူ တက္သြားတဲ့ အမ်ိဳးသားက ၃၀ရက္ေန႔ကတည္းက ေတာင္ေအာက္ျပန္ဆင္းလာတာကို ေတာင္ေျခက လူေတြ ေတြ႕လိုက္ၾကတယ္။ အမ်ိဳးသမီးကိုေတာ့ ကြၽန္ေတာ္တို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြ ေပါင္းၿပီး မေန႔ (မတ္လ၃၁)ရက္ေန႔က တေနကုန္ရွာေပမယ့္ ညေနအထိ မေတြ႕ဘူး။
ဒီကေန႔ မနက္မွာေတာ့ အထက္ေရတံခြန္ဘုရားေလးနားက မရမ္းပင္ေအာက္မွာ ျပန္ေတြ႕တယ္။ ဦးေခါင္းကို ထိထားၿပီး ေသဆုံးေနတယ္။ ေသဆုံးတဲ့ အေၾကာင္းအရင္းကိုေတာ့ ကြၽန္ေတာ္တို႔က အတည္မျပဳႏိုင္ပါဘူး။ သက္ဆိုင္ရာက ဆက္စစ္ေဆးေနပါတယ္’’ လို႔ ကူညီကယ္ဆယ္မႈမွာ ပါဝင္တဲ့ အဖြဲတစ္ခုျဖစ္တဲ့ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ဘားအံ့)က တာဝန္ရွိသူက ေျပာပါတယ္။
လက္ရွိမွာေတာ့ အမ်ိဳးသမီးရဲ႕အေလာင္းကို ကယ္ဆယ္ေရးအဖြဲ႕ေတြက ေတာင္ေျခကို ျပန္လည္သယ္ေဆာင္သြားၿပီး စစ္ေဆးမႈေတြဆက္လုပ္ေနတယ္လို႔ သိရပါတယ္။
ျပည္တြင္း၊ ျပည္ပ ခရီးသြားေတြ ေျခက်င္လာေရာက္တက္ၾကတဲ့ ဇြဲကပင္ေတာင္ကေတာ့ အျမင့္ေပ ၂၇၀၀ ေက်ာ္ရွိၿပီး အရွည္ ၁၄ မိုင္ေက်ာ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ဒါ့အျပင္ အခုလထဲမွေတာ့ ဘုရားပြဲေတာ္နဲ႔အတူ တေပါင္းပြဲေတာ္လည္း ရွိတာေၾကာင့္ ခရီးသြားေတြ လာေရာက္မႈ မ်ားေနတယ္လို႔လည္း ေဒသခံေတြေျပာပါတယ္။
#ဘီဘီစီျမန္မာပိုင္း, ဓါတ္ပုံ- Myanmar Rescue (Hpa An)
credit
ဇွဲကပင်တောင်ပေါ် တက်ရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို သေဆုံးလျက် ပြန်ရှာတွေ့
ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်ပေါ်ကို တက်ရင်း ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကတည်းက ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်အလောင်းကို ဒီကနေ့ဧပြီ ၁ရက်နေ့ မနက်ပိုင်းမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် မဇာခြည်လှိုင်ကို မတ်လ ၃၀ ရက်နေ့က အမျိုးသားတစ်ဦးနဲ့အတူ တောင်ပေါ် တက်သွားခဲ့ပြီး ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
“ သူနဲ့အတူ တက်သွားတဲ့ အမျိုးသားက ၃၀ရက်နေ့ကတည်းက တောင်အောက်ပြန်ဆင်းလာတာကို တောင်ခြေက လူတွေ တွေ့လိုက်ကြတယ်။ အမျိုးသမီးကိုတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ ပေါင်းပြီး မနေ့ (မတ်လ၃၁)ရက်နေ့က တနေကုန်ရှာပေမယ့် ညနေအထိ မတွေ့ဘူး။
ဒီကနေ့ မနက်မှာတော့ အထက်ရေတံခွန်ဘုရားလေးနားက မရမ်းပင်အောက်မှာ ပြန်တွေ့တယ်။ ဦးခေါင်းကို ထိထားပြီး သေဆုံးနေတယ်။ သေဆုံးတဲ့ အကြောင်းအရင်းကိုတော့ ကျွန်တော်တို့က အတည်မပြုနိုင်ပါဘူး။ သက်ဆိုင်ရာက ဆက်စစ်ဆေးနေပါတယ်’’ လို့ ကူညီကယ်ဆယ်မှုမှာ ပါဝင်တဲ့ အဖွဲတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ့)က တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာတော့ အမျိုးသမီးရဲ့အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက တောင်ခြေကို ပြန်လည်သယ်ဆောင်သွားပြီး စစ်ဆေးမှုတွေဆက်လုပ်နေတယ်လို့ သိရပါတယ်။
ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ ခြေကျင်လာရောက်တက်ကြတဲ့ ဇွဲကပင်တောင်ကတော့ အမြင့်ပေ ၂၇၀၀ ကျော်ရှိပြီး အရှည် ၁၄ မိုင်ကျော်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အခုလထဲမှတော့ ဘုရားပွဲတော်နဲ့အတူ တပေါင်းပွဲတော်လည်း ရှိတာကြောင့် ခရီးသွားတွေ လာရောက်မှု များနေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။
#ဘီဘီစီမြန်မာပိုင်း, ဓါတ်ပုံ- Myanmar Rescue (Hpa An)
credit
Leave a Reply