
ငရဲသားသည် အပူရှိန်ပြင်းသော ငရဲမီးထဲ၌ အဘယ်ကြောင့် လောင်ကျွမ်း ကျေမွခြင်း မဖြစ်သလဲ
မင်း ; ; ” အရှင်နာဂသေနဘုရား – ပကတိ ( သာမန် ) မီးထက် ငရဲမီးသည် လွန်လွန်မင်းမင်း အပူရှိန် ပြင်းလှ၏။ ပကတိမီးထဲ၌ ပစ်ချထားသော ကျောက်ခဲကလေးသည် တစ်နေ့လုံး ပူလောင်နေသော်လည်း ကြေညက် မသွားနိုင်ပေ။ အိမ်လုံးလောက်ရှိသော ကျောက်တုံးကြီးကို ငရဲမီးထဲ ပစ်ချလိုက်ပါမူကား တစ်ခဏချင်းပင် ကြေညက်သွားနိုင်၏ဟု အရှင်ဘုရားတို့ မိန့်ဆိုကြပါကုန်၏။
ထိုစကားကို တပည့်တော် မယုံနိုင်ပါ။ ထို့ပြင်လည်း ငရဲသို့ ကျရောက်ကုန်သော သတ္တဝါတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ငရဲမီး၌ အလောင်အကျွမ်း ခံနေကြရသော်လည်း ကြေညက် မသွားကြကုန်ဟုလည်း အရှင်ဘုရားတို့ မိန့်ဆို ကြပါကုန်၏။ ထိုစကားကိုလည်း တပည့်တော် မယုံနိုင်ပါ။ ” ဟု လျှောက်ထား၏။
ဆရာတော် ; ; ” မင်းမြတ်, မကန်းမ၊ မိကျောင်းမ၊ လိပ်မ၊ ဥဒေါင်းမ၊ ခိုမ၊ ကြက်မ တို့သည် ကျောက်ခဲ၊ ကျောက်စရစ် စသော ကြမ်းတမ်းသော အစာတို့ကို စားမျို ကြကုန်၏လော။ ”
မင်း ; ; ” အရှင်ဘုရား၊ စားမျို ကြပါကုန်၏။ ”
ဆရာတော် ; ; ” မင်းမြတ်၊ ထို ကျောက်ခဲတို့သည် မကန်းမ စသည်တို့၏ ဝမ်းတွင်းသို့ ရောက်သွားသောအခါ ကြေညက်သွားကြသည် မဟုတ်ပါလော။ ”
မင်း ; ;” အရှင်ဘုရား၊ ကြေညက် သွားကြပါ၏။ ”
ဆရာတော် ; ; ” မင်းမြတ်၊ ဤသို့ဆိုလျှင် မကန်းမ စသည်တို့၏ ကိုယ်တွင်း၌ရှိသော ကိုယ်ဝန်သည်လည်း ကြေညက် သွားပါသလော။ ”
မင်း ; ;” အရှင်ဘုရား၊ ကိုယ်ဝန်သည်ကား ကြေညက်၍ မသွားပါ။ ”
ဆရာတော် ; ; ” မင်းမြတ်၊ အဘယ့်ကြောင့် ကြေညက် မသွားပါသနည်း။ ”
မင်း ; ; ” အရှင်ဘုရား၊ ထိုသတ္တဝါတို့ ပြုခဲ့သော ကံကြောင့် ကြေညက်မသွားခြင်းဟု ထင်မှတ်မိပါ၏။ ”
ဆရာတော် ; ; ” မင်းမြတ်၊ ဤသို့သာပင် ငရဲသားတို့သည် မိမိတို့ ပြုခဲ့မိသော အကုသိုလ်ကံကြောင့် နှစ်ပေါင်း ထောင်ပေါင်းများစွာ ငရဲမီး၌ အလောင်အကျွမ်း ခံနေကြရသော်လည်း ကြေညက် မသွားကြကုန်။ ” မြတ်စွာဘုရားရှင် ကလည်း ” ငရဲသားတို့သည် ပစ်ချလိုက်သော ကံအဟုန် မကုန်သေးသမျှ မသေနိုင်ကြကုန် ” ဟု ဟောကြားတော် မူခဲ့ပေ၏။ ”
မင်း -; ;” အရှင်ဘုရား၊ သင့်လျော်လှပါပေ၏။ ”
မိလိန္ဒပဥှာ မာဏဝ
မေတ္တာဖြင့် ဦးမြင့်ခိုင်, #SaiMyoWin, SAI MYO WIN
#Credit
Zawgyi
ငရဲသားသည္ အပူရွိန္ျပင္းေသာ ငရဲမီးထဲ၌ အဘယ္ေၾကာင့္ ေလာင္ကြၽမ္း ေက်မြျခင္း မျဖစ္သလဲ
မင္း ; ; ” အရွင္နာဂေသနဘုရား – ပကတိ ( သာမန္ ) မီးထက္ ငရဲမီးသည္ လြန္လြန္မင္းမင္း အပူရွိန္ ျပင္းလွ၏။ ပကတိမီးထဲ၌ ပစ္ခ်ထားေသာ ေက်ာက္ခဲကေလးသည္ တစ္ေန႔လုံး ပူေလာင္ေနေသာ္လည္း ေၾကညက္ မသြားႏိုင္ေပ။ အိမ္လုံးေလာက္ရွိေသာ ေက်ာက္တုံးႀကီးကို ငရဲမီးထဲ ပစ္ခ်လိုက္ပါမူကား တစ္ခဏခ်င္းပင္ ေၾကညက္သြားႏိုင္၏ဟု အရွင္ဘုရားတို႔ မိန႔္ဆိုၾကပါကုန္၏။
ထိုစကားကို တပည့္ေတာ္ မယုံႏိုင္ပါ။ ထို႔ျပင္လည္း ငရဲသို႔ က်ေရာက္ကုန္ေသာ သတၱဝါတို႔သည္ ႏွစ္ေပါင္း ေထာင္ေပါင္းမ်ားစြာ ငရဲမီး၌ အေလာင္အကြၽမ္း ခံေနၾကရေသာ္လည္း ေၾကညက္ မသြားၾကကုန္ဟုလည္း အရွင္ဘုရားတို႔ မိန႔္ဆို ၾကပါကုန္၏။ ထိုစကားကိုလည္း တပည့္ေတာ္ မယုံႏိုင္ပါ။ ” ဟု ေလွ်ာက္ထား၏။
ဆရာေတာ္ ; ; ” မင္းျမတ္, မကန္းမ၊ မိေက်ာင္းမ၊ လိပ္မ၊ ဥေဒါင္းမ၊ ခိုမ၊ ၾကက္မ တို႔သည္ ေက်ာက္ခဲ၊ ေက်ာက္စရစ္ စေသာ ၾကမ္းတမ္းေသာ အစာတို႔ကို စားမ်ိဳ ၾကကုန္၏ေလာ။ ”
မင္း ; ; ” အရွင္ဘုရား၊ စားမ်ိဳ ၾကပါကုန္၏။ ”
ဆရာေတာ္ ; ; ” မင္းျမတ္၊ ထို ေက်ာက္ခဲတို႔သည္ မကန္းမ စသည္တို႔၏ ဝမ္းတြင္းသို႔ ေရာက္သြားေသာအခါ ေၾကညက္သြားၾကသည္ မဟုတ္ပါေလာ။ ”
မင္း ; ;” အရွင္ဘုရား၊ ေၾကညက္ သြားၾကပါ၏။ ”
ဆရာေတာ္ ; ; ” မင္းျမတ္၊ ဤသို႔ဆိုလွ်င္ မကန္းမ စသည္တို႔၏ ကိုယ္တြင္း၌ရွိေသာ ကိုယ္ဝန္သည္လည္း ေၾကညက္ သြားပါသေလာ။ ”
မင္း ; ;” အရွင္ဘုရား၊ ကိုယ္ဝန္သည္ကား ေၾကညက္၍ မသြားပါ။ ”
ဆရာေတာ္ ; ; ” မင္းျမတ္၊ အဘယ့္ေၾကာင့္ ေၾကညက္ မသြားပါသနည္း။ ”
မင္း ; ; ” အရွင္ဘုရား၊ ထိုသတၱဝါတို႔ ျပဳခဲ့ေသာ ကံေၾကာင့္ ေၾကညက္မသြားျခင္းဟု ထင္မွတ္မိပါ၏။ ”
ဆရာေတာ္ ; ; ” မင္းျမတ္၊ ဤသို႔သာပင္ ငရဲသားတို႔သည္ မိမိတို႔ ျပဳခဲ့မိေသာ အကုသိုလ္ကံေၾကာင့္ ႏွစ္ေပါင္း ေထာင္ေပါင္းမ်ားစြာ ငရဲမီး၌ အေလာင္အကြၽမ္း ခံေနၾကရေသာ္လည္း ေၾကညက္ မသြားၾကကုန္။ ” ျမတ္စြာဘုရားရွင္ ကလည္း ” ငရဲသားတို႔သည္ ပစ္ခ်လိုက္ေသာ ကံအဟုန္ မကုန္ေသးသမွ် မေသႏိုင္ၾကကုန္ ” ဟု ေဟာၾကားေတာ္ မူခဲ့ေပ၏။ ”
မင္း -; ;” အရွင္ဘုရား၊ သင့္ေလ်ာ္လွပါေပ၏။ ”
မိလိႏၵပဥွာ မာဏဝ
ေမတၱာျဖင့္ ဦးျမင့္ခိုင္, #SaiMyoWin, SAI MYO WIN
#Credit
Leave a Reply