
ဓာတုပစ္စည်းတွေမပါပဲ သဘာဝအတိုင်း ဗောက်တွေပျောက်ကင်းသွားစေမယ့် နည်းလမ်း
ဗောက်ထတာက တော်တော်များများ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါပဲ။ ဆောင်းတွင်း ရောက်ပြီဆိုရင် ဗောက်ထတာ ပိုအဖြစ်များပါတယ်။
ဒီလိုဗောက်ထလာပြီဆိုရင် မြန်မြန်ပျောက်အောင် အိမ်မှာပဲ သဘာဝနည်းလမ်းနဲ့ ကုသလို့ ရပါတယ်။
ဒါကြောင့် ပိုက်ဆံအကုန်အကျလည်း သက်သာပြီး ထိရောက်တဲ့ နည်းလမ်းနဲ့ ကုသလို့ရအောင် ဓာတုပစ္စည်းတွေ မပါပဲ သဘာဝအတိုင်း ဗောက်တွေ ပျောက်သွားအောင် လုပ်ပေးနိုင်မယ့် နည်လမ်းကောင်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။
လိမ္မော်သီးအခွံနဲ့ သံပယိုရည်
လိမ္မော်သီးအခွံ နည်းနည်းနဲ့ သံပယိုရည် နည်းနည်းကို ကြိတ်စက်ထဲ ထည့်ပြီး ရောကြိတ်ပါ။
ပျစ်ပျစ်လေး ဖြစ်အောင် လုပ်ပေးပါ။ ကြိတ်ပြီး ရလာတာကိုမှ လက်နဲ့ယူပြီး ဦးရေပြားမှာ သေချာနှံ့အောင် နှိပ်နယ်ပြီး လိမ်းထားပေးပါ။
မိနစ် ၃၀ ထားပြီးရင်တော့ ရေဆေးချပြီး Shampoo နဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။
ငှက်ပျောသီးနဲ့ apple cider vinegar
ငှက်ပျောသီး တစ်လုံးကို အခွံ ဖယ်ထုတ်ပြီး ပန်းကန်လုံးထဲ ထည့်ပါ။
apple cider vinegar ကို ခွက် ၂ ခွက်စာလောက် ယူပြီး ထည့်ပါ။
ပြီးရင်တော့ အဲ့ ၂ မျိုးကို ရောချေပြီး သမအောင် နယ်ပေးပါ။
ရလာတာကိုမှ Brush နဲ့ ယူပြီး ဦးရေပြားအနှံ့ သုတ်လိမ်းပေးပါ။
ပိုတာတွေကို ဆံပင်ပါ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ ရေကြက်သီးနွေးလေးနဲ့ ဆေးချပြီး ပုံမှန်လျှော်နေကျ Shampoo နဲ့ လျှော်လိုက်ရုံပါပဲ။
အုန်းဆီနဲ့ သံပယိုရည်
အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းကို ဆတူ ရောပြီး မီးဖိုပေါ်တင်ကာ အပူပေးပါ။ မွှေပေးပါ။
ခဏလောက် အပူပေးပြီးရင်တော့ အအေးခံပြီး ဦးရေပြားအနှံ့ ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ ခေါင်းလျှော်လိုက်လို့ ရပါပြီ။
အခုပြောပြပေးလိုက်တဲ့ နည်းလမ်း ၃ မျိုးထဲကမှ ကိုယ်ကြိုက်နှစ်သက်ရာ နည်းလမ်းကို ရွေးလုပ်လို့ရပါတယ်။
Credit
Zawgyi
ဓာတုပစၥည္းေတြမပါပဲ သဘာဝအတိုင္း ေဗာက္ေတြေပ်ာက္ကင္းသြားေစမယ့္ နည္းလမ္း
ေဗာက္ထတာက ေတာ္ေတာ္မ်ားမ်ား ႀကဳံေတြ႕ရတဲ့ ျပႆနာတစ္ခုပါပဲ။ ေဆာင္းတြင္း ေရာက္ၿပီဆိုရင္ ေဗာက္ထတာ ပိုအျဖစ္မ်ားပါတယ္။
ဒီလိုေဗာက္ထလာၿပီဆိုရင္ ျမန္ျမန္ေပ်ာက္ေအာင္ အိမ္မွာပဲ သဘာဝနည္းလမ္းနဲ႔ ကုသလို႔ ရပါတယ္။
ဒါေၾကာင့္ ပိုက္ဆံအကုန္အက်လည္း သက္သာၿပီး ထိေရာက္တဲ့ နည္းလမ္းနဲ႔ ကုသလို႔ရေအာင္ ဓာတုပစၥည္းေတြ မပါပဲ သဘာဝအတိုင္း ေဗာက္ေတြ ေပ်ာက္သြားေအာင္ လုပ္ေပးႏိုင္မယ့္ နည္လမ္းေကာင္း ၃ မ်ိဳးကို မွ်ေဝေပးလိုက္ပါတယ္။
လိေမၼာ္သီးအခြံနဲ႔ သံပယိုရည္
လိေမၼာ္သီးအခြံ နည္းနည္းနဲ႔ သံပယိုရည္ နည္းနည္းကို ႀကိတ္စက္ထဲ ထည့္ၿပီး ေရာႀကိတ္ပါ။
ပ်စ္ပ်စ္ေလး ျဖစ္ေအာင္ လုပ္ေပးပါ။ ႀကိတ္ၿပီး ရလာတာကိုမွ လက္နဲ႔ယူၿပီး ဦးေရျပားမွာ ေသခ်ာႏွံ႔ေအာင္ ႏွိပ္နယ္ၿပီး လိမ္းထားေပးပါ။
မိနစ္ ၃၀ ထားၿပီးရင္ေတာ့ ေရေဆးခ်ၿပီး Shampoo နဲ႔ ေခါင္းေလွ်ာ္လိုက္႐ုံပါပဲ။
ငွက္ေပ်ာသီးနဲ႔ apple cider vinegar
ငွက္ေပ်ာသီး တစ္လုံးကို အခြံ ဖယ္ထုတ္ၿပီး ပန္းကန္လုံးထဲ ထည့္ပါ။
apple cider vinegar ကို ခြက္ ၂ ခြက္စာေလာက္ ယူၿပီး ထည့္ပါ။
ၿပီးရင္ေတာ့ အဲ့ ၂ မ်ိဳးကို ေရာေခ်ၿပီး သမေအာင္ နယ္ေပးပါ။
ရလာတာကိုမွ Brush နဲ႔ ယူၿပီး ဦးေရျပားအႏွံ႔ သုတ္လိမ္းေပးပါ။
ပိုတာေတြကို ဆံပင္ပါ သုတ္လိမ္းေပးပါ။ မိနစ္ ၂၀ ထားၿပီးရင္ေတာ့ ေရၾကက္သီးေႏြးေလးနဲ႔ ေဆးခ်ၿပီး ပုံမွန္ေလွ်ာ္ေနက် Shampoo နဲ႔ ေလွ်ာ္လိုက္႐ုံပါပဲ။
အုန္းဆီနဲ႔ သံပယိုရည္
အုန္းဆီ – စားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ သံပယိုရည္ – စားပြဲတင္ဇြန္း ၂ ဇြန္းကို ဆတူ ေရာၿပီး မီးဖိုေပၚတင္ကာ အပူေပးပါ။ ေမႊေပးပါ။
ခဏေလာက္ အပူေပးၿပီးရင္ေတာ့ အေအးခံၿပီး ဦးေရျပားအႏွံ႔ ပြတ္လိမ္းေပးပါ။ မိနစ္ ၂၀ ထားၿပီးရင္ေတာ့ ေခါင္းေလွ်ာ္လိုက္လို႔ ရပါၿပီ။
အခုေျပာျပေပးလိုက္တဲ့ နည္းလမ္း ၃ မ်ိဳးထဲကမွ ကိုယ္ႀကိဳက္ႏွစ္သက္ရာ နည္းလမ္းကို ေ႐ြးလုပ္လို႔ရပါတယ္။
Credit
Leave a Reply