
မိုးတွင်း ရောက်တော့မယ် မှိုကြိုက်တတ်သူများ ဒါလေးတွေတော့ သတိထားကြနော်
၁။ မှိုများရရှိသောအခါ အရိုးကို လက်ဖြင့် ဖျစ်ကြည့်လျှင် ကြေမွသားပါက မစားသင့်ပါ။ စားကောင်းသောမှိုများသည် ကြေမွသွားခြင်း မရှိပါ။
၂။ မှိုပေါ်သို့ ဆားအနည်းငယ် ဖြူးကြည့်လိုက်ပါ မည်းသွားလျှင် မစားသင့်ပါ။ စားကောင်းသောမှိုသည် ဆားထိရုံနှင့် မည်းသွားလေ့မရှိပါ။
၃။ မှိုကိုလက်ဖြင့် ဖျစ်ကြည့်လို့ သွေးရောင် ပြောင်းသွားလျှင် မစားသင့်ပါ။ စားကောင်းသောမှိုမှာ အရောင်မပြောင်းပါ။
၄။ မှိုကိုဓားဖြင့် ဖြတ်သောအခါ ပြာနှမ်းသွားလျှင် မစားရပါ။ စားကောင်းသောမှိုမှာ မပြာနှမ်းပါ။
၅။ မှိုကို ဆားရည်တွင် စိမ်ကြည့်သောအခါ နက်လာလျှင် မစားကောင်းပါ။ စားကောင်းသောမှိုမှာ မနက်ပါ။ ၆။ အထူးသဖြင့် ခြေခြင်းပါသောမှိုများသည် မစားကောင်းပါ။ စားကောင်းသောမှိုမှာ ခြေခြင်းပါလေ့မရှိပါ။
မှိုနှင့်ရောစပ်မစားသင့်သော အစာများ
၁။ ကြက်ဟင်းခါးသီး၂။ ကွကျဥ ၃။ ခံသီး ၄။ ငှက်ပျောသီး ၅။ နို့အမျိုးမျိုး ၆။ ဖောင်စီးကဏန်း ၇။ ယုန်သား စသည်တို့ကို ရောစပ်ရွေ့မစားရပါ။ မီးဖွားပြီးစ အမျိုးသမီးများအနေဖြင့်”မှိုတစ်နှစ် မျှစ်သုံးလ” မစားသင့်ကြောင်း ရှေးလူကြီးများက ပြောလေ့ရှိသည်။
မှိုဟင်းမစားသင့်သော အခြားသူများ ခြေအေးရွေ့ အထက်သို့ အခိုးတက်ပြီး ဖြစ်တတ်သော နှာပိတ်၊ နှာမွှန်ရောဂါ၊ နား၊ မျက်စိ၊ ခေါင်းကိုက်ရောဂါ၊ ခေါင်းဦးရေကျိမ်းသော ရောဂါရှိသူများသည် မစားသင့်ပါ။
မှိုဆိပ်ဖြေနည်း မှိုဆိပ်တက်၍ တောက်ခဲ့လျှင် ထန်းလျှက်စားပေးပါ။ သံပုရာရည်ကို လျှက်ပေးပါ။ မိုနတိုရွက်စိမ်းရည်ကို တိုက်ပေးပါ။မရိုးခေါ် ဖြူကြီးအခေါက် တစ်မတ်သားခန့် သွေးပြီးတိုက်ပါ။
ကျီးအာမြစ်ကို ဆားနှင့်သွေး၍ လျှာကို ပွတ်ပေးပါ။ အစာများ ပြန်အန် ကျလာမည်ဖြစ်သည်။ ထန်းလျှက်ပြုတ်ရည် ပူပူနွေးနွေးတိုက်ပေးပါကလည်း မှိုတောက်ခြင်း အဆိပ်ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။
မှိုနှင့်ဆေးဝါး ဝါးရုံနက်(သို့မဟုတ်) ကြခတ်ဝါးရုံ၏ ပင်ခြေမှပေါက်သော ပန်းရင့်ရောင်မှိုများကို ဖဲ့ယူူပြီး ရေးစင်စွာဆေးရွေ့ ထန်းလျှက်သို့မဟုတ် ပျားရည်ဖြင့် သေးငယ်သောအလုံးလေးများ ပြုလုပ်ပြီး ကလေးငယ်များကို ကျွေးပါက ဝမ်းတွင်းရှိ သန်လုံး၊ သန်ပြားနှင့် တုတ်ကောင်များ နောက်တစ်နေ့ ဝမ်းသွားသောအခါ အထွေးလိုက် ကျဆင်းပါသည်။
ဝါးမှိုဆိုရာတွင် ကြခတ်ဝါးမှိုက ပိုဆေးဘက်ဝင်သည်။ သို့သော် မှိုကို သံထည်ပစည်းတို့ လုံးဝမထိရန် သတိပြုရမည်။ စားကောင်းသောမှိုများ ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို(ခြေတို၊ ခြေရှည်)၊ ဖက်ဆွတ်မှို (မှိုဖြူလေး) ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုဆန်ကွဲ၊ မှိုကျောက်ခဲ၊ မှိုခြေတံရှည်၊မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက်၊ (မှို၏ထိပ်တွင် နက်သောအကွက်လေးရှိသည်။)၊
မြက်ကြားမှို၊သပြေမှို၊ မြေပဲမှို၊ ဝါးမှို၊ ကိုင်းမှို၊ အင်မှို၊ ဆင်ခြေသည်းမှိုနှင့် သရက်မှို(မှိုခြောက်များပြုလုပ်သည်)၊စသောမှိုများသည် စားကောင်းသောမှိုများဖြစ်သည်။
မစားကောင်းသောမှိုမျာ ကြက်ခူမှို၊ မှိုကွန်ခြာ၊ ခွေးလေးမှို၊ နှင့် နွားခြေးမှိုတို့သည် မစားကောင်းသော မှိုများဖြစ်ကြသည်။ ထို့အပြင် အချို့မှိုများမှာ စားကောင်းသောမှို ဖြစ်သော်လည်း အဆိပ်သင့်စေသဖြင့် စမ်းသပ်ပြီးမှ ချက်စားသင့်သည်။
#Credit
Zawgyi
မိုးတြင္း ေရာက္ေတာ့မယ္ မႈိႀကိဳက္တတ္သူမ်ား ဒါေလးေတြေတာ့ သတိထားၾကေနာ္
၁။ မႈိမ်ားရရွိေသာအခါ အ႐ိုးကို လက္ျဖင့္ ဖ်စ္ၾကည့္လွ်င္ ေၾကမြသားပါက မစားသင့္ပါ။ စားေကာင္းေသာမႈိမ်ားသည္ ေၾကမြသြားျခင္း မရွိပါ။
၂။ မႈိေပၚသို႔ ဆားအနည္းငယ္ ျဖဴးၾကည့္လိုက္ပါ မည္းသြားလွ်င္ မစားသင့္ပါ။ စားေကာင္းေသာမႈိသည္ ဆားထိ႐ုံႏွင့္ မည္းသြားေလ့မရွိပါ။
၃။ မႈိကိုလက္ျဖင့္ ဖ်စ္ၾကည့္လို႔ ေသြးေရာင္ ေျပာင္းသြားလွ်င္ မစားသင့္ပါ။ စားေကာင္းေသာမႈိမွာ အေရာင္မေျပာင္းပါ။
၄။ မႈိကိုဓားျဖင့္ ျဖတ္ေသာအခါ ျပာႏွမ္းသြားလွ်င္ မစားရပါ။ စားေကာင္းေသာမႈိမွာ မျပာႏွမ္းပါ။
၅။ မႈိကို ဆားရည္တြင္ စိမ္ၾကည့္ေသာအခါ နက္လာလွ်င္ မစားေကာင္းပါ။ စားေကာင္းေသာမႈိမွာ မနက္ပါ။ ၆။ အထူးသျဖင့္ ေျချခင္းပါေသာမႈိမ်ားသည္ မစားေကာင္းပါ။ စားေကာင္းေသာမႈိမွာ ေျချခင္းပါေလ့မရွိပါ။
မႈိႏွင့္ေရာစပ္မစားသင့္ေသာ အစာမ်ား
၁။ ၾကက္ဟင္းခါးသီး၂။ ကြက်ဥ ၃။ ခံသီး ၄။ ငွက္ေပ်ာသီး ၅။ ႏို႔အမ်ိဳးမ်ိဳး ၆။ ေဖာင္စီးကဏန္း ၇။ ယုန္သား စသည္တို႔ကို ေရာစပ္ေ႐ြ႕မစားရပါ။ မီးဖြားၿပီးစ အမ်ိဳးသမီးမ်ားအေနျဖင့္”မႈိတစ္ႏွစ္ မွ်စ္သုံးလ” မစားသင့္ေၾကာင္း ေရွးလူႀကီးမ်ားက ေျပာေလ့ရွိသည္။
မႈိဟင္းမစားသင့္ေသာ အျခားသူမ်ား ေျခေအးေ႐ြ႕ အထက္သို႔ အခိုးတက္ၿပီး ျဖစ္တတ္ေသာ ႏွာပိတ္၊ ႏွာမႊန္ေရာဂါ၊ နား၊ မ်က္စိ၊ ေခါင္းကိုက္ေရာဂါ၊ ေခါင္းဦးေရက်ိမ္းေသာ ေရာဂါရွိသူမ်ားသည္ မစားသင့္ပါ။
မႈိဆိပ္ေျဖနည္း မႈိဆိပ္တက္၍ ေတာက္ခဲ့လွ်င္ ထန္းလွ်က္စားေပးပါ။ သံပုရာရည္ကို လွ်က္ေပးပါ။ မိုနတို႐ြက္စိမ္းရည္ကို တိုက္ေပးပါ။မ႐ိုးေခၚ ျဖဴႀကီးအေခါက္ တစ္မတ္သားခန႔္ ေသြးၿပီးတိုက္ပါ။
က်ီးအာျမစ္ကို ဆားႏွင့္ေသြး၍ လွ်ာကို ပြတ္ေပးပါ။ အစာမ်ား ျပန္အန္ က်လာမည္ျဖစ္သည္။ ထန္းလွ်က္ျပဳတ္ရည္ ပူပူေႏြးေႏြးတိုက္ေပးပါကလည္း မႈိေတာက္ျခင္း အဆိပ္ျဖစ္ျခင္းမွ ကာကြယ္ႏိုင္သည္။
မႈိႏွင့္ေဆးဝါး ဝါး႐ုံနက္(သို႔မဟုတ္) ၾကခတ္ဝါး႐ုံ၏ ပင္ေျခမွေပါက္ေသာ ပန္းရင့္ေရာင္မႈိမ်ားကို ဖဲ့ယူူၿပီး ေရးစင္စြာေဆးေ႐ြ႕ ထန္းလွ်က္သို႔မဟုတ္ ပ်ားရည္ျဖင့္ ေသးငယ္ေသာအလုံးေလးမ်ား ျပဳလုပ္ၿပီး ကေလးငယ္မ်ားကို ေကြၽးပါက ဝမ္းတြင္းရွိ သန္လုံး၊ သန္ျပားႏွင့္ တုတ္ေကာင္မ်ား ေနာက္တစ္ေန႔ ဝမ္းသြားေသာအခါ အေထြးလိုက္ က်ဆင္းပါသည္။
ဝါးမႈိဆိုရာတြင္ ၾကခတ္ဝါးမႈိက ပိုေဆးဘက္ဝင္သည္။ သို႔ေသာ္ မႈိကို သံထည္ပစည္းတို႔ လုံးဝမထိရန္ သတိျပဳရမည္။ စားေကာင္းေသာမႈိမ်ား ေကာက္႐ိုးမႈိ၊ မႈိၾကက္ေတာင္၊ ငွက္ေပ်ာမႈိ၊ ေတာင္ပို႔မႈိ(ေျခတို၊ ေျခရွည္)၊ ဖက္ဆြတ္မႈိ (မႈိျဖဴေလး) ၾကက္တူေ႐ြးမႈိ၊ မႈိသားပိုက္၊ မႈိဆန္ကြဲ၊ မႈိေက်ာက္ခဲ၊ မႈိေျခတံရွည္၊မႈိနီ၊ မႈိျပင္းတြဲ၊ မႈိျဖဴ၊ မႈိအုန္းနက္၊ (မႈိ၏ထိပ္တြင္ နက္ေသာအကြက္ေလးရွိသည္။)၊
ျမက္ၾကားမႈိ၊သေျပမႈိ၊ ေျမပဲမႈိ၊ ဝါးမႈိ၊ ကိုင္းမႈိ၊ အင္မႈိ၊ ဆင္ေျခသည္းမႈိႏွင့္ သရက္မႈိ(မႈိေျခာက္မ်ားျပဳလုပ္သည္)၊စေသာမႈိမ်ားသည္ စားေကာင္းေသာမႈိမ်ားျဖစ္သည္။
မစားေကာင္းေသာမႈိမ်ာ ၾကက္ခူမႈိ၊ မႈိကြန္ျခာ၊ ေခြးေလးမႈိ၊ ႏွင့္ ႏြားေျခးမႈိတို႔သည္ မစားေကာင္းေသာ မႈိမ်ားျဖစ္ၾကသည္။ ထို႔အျပင္ အခ်ိဳ႕မႈိမ်ားမွာ စားေကာင္းေသာမႈိ ျဖစ္ေသာ္လည္း အဆိပ္သင့္ေစသျဖင့္ စမ္းသပ္ၿပီးမွ ခ်က္စားသင့္သည္။
#Credit
Leave a Reply