နှစ်သစ်မှာ ဇာတ်သဘင်အဖွဲ့သားတွေကို မုန့်ဖိုး(၁၀၀၀၀)စီပေးခဲ့တဲ့ ဖိုးချစ်

မိုမိုလေးပရိသတ်ကြီးရေ… (၂၀၁၉) တစ်နှစ်တာကတော့ အားလုံး ရုန်းကန်လှုပ်ရှားရင်းနဲ့ ကုန်ဆုံးသွားခဲ့ပြီး (၂၀၂၀) နှစ်သစ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ်သက္ကရာဇ်တစ်နှစ်ကုန်ခဲ့တာဆိုပေမယ့်

မြန်မာလူမျိုးတွေအတွက် ပျော်ရွှင်စရာအချိန် အခိုက်အတန့်လေး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကုသိုလ်ရေးနဲ ဘာသာတရားကို နက်ရှိုင်းစွာ သက်ဝင်ယုံကြည်ကြတဲ့

မြန်မာလူမျိုးတွေကတော့ နှစ်သစ်ကို အလှူအတန်းတွေလုပ်ပြီး ဖြတ်သန်းလေ့ရှိပါတယ်။

မြို့ရွှေမန်းသား ဖိုးချစ်ကလည်း နှစ်သစ်အခါသမယမှာ သူ့ရဲ့ ဇာတ်သဘင်အဖွဲ့သားတွေကို မုန့်ဖိုးများ ပေးဝေငှရင်း နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့လေးမှာ ကုသိုလ်တွေယူရင်း ဖြတ်သန်းခဲ့ပါတယ်။

ဖိုးချစ်က သူ့ရဲ့ “မြို့ရွှေမန်းသား ဖိုးချစ်” ဇာတ်သဘင်အဖွဲ့သားတွေကို မုန့်ဖိုး တစ်ယောက် တစ်သောင်းစီပေးပြီး အဖွဲ့သားတွေကို ပျော်ရွှင်စေခဲ့တာပဲ ဖြစ်ပါတယ်။

ဖိုးချစ်က သူ့ရဲ့ ဇာတ်သဘင်အဖွဲ့သားတွေကို အင်မတန် ကြည့်ရှုစောင်မသူတစ်ဦးဖြစ်ပြီး ဇာတ်သဘင်ဥက္ကဌတစ်ယောက်အဖြစ် ဇာတ်သဘင်လောကကြီး တိုးတက်အာင် ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။

ဖိုးချစ်ကတော့ (၂၀၂၀) နှစ်သစ်ကို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဇာတ်သဘင်အဖွဲ့သားတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီပုံလေးတွေကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။

Rowena
Source: Wine Chit’s fb