အခမဲ့ Taxi ရာပေါင်းများစွာနှင့် သိန်း ၄၀၀၀ ကျော်စတုဒီသာ လှူဒါန်းကြမယ့် ရန်ကုန်မြို့လယ်ခေါင်က တရားအလှူပွဲ ကြီး

ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ နှစ်ဦးတရားပွဲကြီးကတော့ ရန်ကုန်မြို့မှာ ခြိမ့်ခြိမ့်သဲ ကျင်းပနေပြီဖြစ်ပါတယ်။ ဒီတရားပွဲကြီးဟာ အရမ်းကို ခမ်းနားကြီးကျယ်ပြီးတော့ လူပေါင်းများစွာလည်း တရားနာ လာရောက်ကြတာကိုတွေ့ရပါတယ်။

ဒီအတွက် လာတဲ့လူတွေ အတွက် တက္ကစီတွေကလည်း အခမဲ့ ကူညီပြေးဆွဲပေးခဲ့သလို ၊ သူတို့ရဲ့ လုံခြုံရေးအတွက်လည်း

ရဲအင်အား ၃၀၀ ကျော် နဲ့ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မှတ်တမ်းတင်ဖို့ ဒရုန်းတွေနဲ့ မှတ်တမ်းတင်ကြမှာဖြစ်ပါ
တယ်။

တရားနာရင်း ကျန်းမာရေးမကောင်းဖြစ်လာသူတွေအတွက်လည်း အဆင်သင့် ဆရာဝန် ဆရာမတွေ အင်အား ၇၀ ကျော်ရှိပြီးတော့ အရေးပေါ်ကားတွေလည်း အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။

တက္ကစီကားတွေက ၉၀၀ ကျော်တောင် အခမဲ့ပြေးဆွဲ
တာကိုတွေ့ရပါတယ်။

မြို့နယ် အသီးသီးက တရားနာလာမည့်သူတွေအတွက်လည်းအဲကွန်းဘတ်တွေက ပြေးဆွဲပေးနေပါတယ်။

အခုလို နှစ်ဦးတရားကို နာနိုင်သူတွေရော ၊ မလာနိုင်သူတွေပါ မေတ္တာပွားနိုင်အောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Writer – SMT( Shwe Yaung Lan)