ဗုဒ္ဓသာသနာပြန့်ပွားရေး ပိုင်သမျှ မြေတွေလှူလိုက်တဲ့ အာဖရိကမှ ယူဂန္ဓာဘုရင်မကြီး

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံပါ…..အထူးသဖြင့် အာရှက နိုင်ငံတော်တော်များများဟာ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားကြပါတယ်….အနောက်နိုင်ငံတွေ ဥရောပ၊ အမေရိက၊ အာဖရိက စသဖြင့် ဒေသတွေက နိုင်ငံတွေမှာတော့ ဗုဒ္ဓသာသနာ မပြန့်ပွားသေးပါဘူး…ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ကိုးကွယ်လာသူတွေတော့ ရှိလာပြီ ဖြစ်ပါတယ်…

ဒီလို ဗုဒ္ဓသာသနာမပြန့်ပွားသေးတဲ့ အာဖရိကဒေသက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ယူဂန္ဓာနိုင်ငံမှာတော့ ဘုရင်မကြီးကိုယ်တိုင် သာသနာတော်ပြန့်ပွားရေးအတွက် အားတက်စရာဆောင်ရွက်ချက်ကိုလုပ်ဆောင်လိုက်ပါပြီ…

အဲတာကတော့ ယူဂန္ဓာဘုရင်မကြီး “ဘက်စ် ခေမီကီဆာ” HRH Queen “Best Kemigisa” ဟာ ယုဂန္ဓာမှာရှိတဲ့ သာသနာ့ဝန်ထမ်း ရဟန်း သံဃာ သီလရှင်များ ပရိယတ္တိ ပရိပတ္တိ ပရိဝေဓ သာသနာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဗုဒ္ဓသာသနာ့ တက္ကသိုလ်ကြီး ဆောက်လုပ်ဖို့ အတွက် သူ ပိုင်ဆိုင်သမျှမြေတွေကို လှူဒါန်းလိုက်ပါပြီ….

ဒီသတင်းလေးဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် ပီတိဖြစ်စရာ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရမယ့် သတင်းလေးပဲ ဖြစ်ပါတယ်…အာဖရိကလိုဒေသမှာ ခုလို ဗုဒ္ဓဘာသာပြန့်ပွားရေး ဆောင်ရွက်လာတဲ့အတွက် နောင်တချိန်မှာ ဗုဒ္ဓဘာသာထွန်းကားလာနိုင်တာပဲ ဖြစ်ပါတယ်…

ဒါကြောင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသူတွေ သာဓုခေါ်ဆိုနိုင်အောင် ဒီသတင်းလေးကို မျှဝေလိုက်ပါတယ်….သတ္တဝါအားလုံးကျန်းမာချမ်းသာ ဘေးဘယာကင်းဝေးကြပါစေ…

Writer – HW (Shwe Yaung Lan)
Source : အညတရ ဘိက္ခု Dham Ma Piya စီအာဒီ