အဆိုတော်စိုင်းဆိုင်မော်ဝ် ကွယ်လွန်ကြောင်းသတင်းများ မဟုတ်မှန်ကြောင်း မန္တလေးဆေးရုံကြီး ငြင်းဆို

သီချင်းကောင်းတွေနဲ့ ယနေ့တိုင် ပရိသတ်ရင်ထဲမှာ နေရာယူူထားတဲ့သူကတော့ ရှမ်းတိုင်းရင်းသား အဆိုတော် တစ်ဦးဖြစ်တဲ့ စိုင်းဆိုင်မောဝ် ပဲဖြစ်ပါတယ်။

သူဟာဆိုရင်သီချင်းတွေများစွာကို သီကုံးရေးစပ်သီဆိုခဲ့သူဖြစ်ပြီးတော့ “ရှမ်းပဲပုတ်လေး ကျွန်တော်”“ချယ်ရီတွေ ငိုနေပြီနန်းရေ” “တစ်ရွာသားနဲ့ ပုဝါပါး” အစရှိတဲ့

သီချင်းတွေကတော့ သူ့ရဲ့ အအောင်မြင်ဆုံးသီချင်းတွေ ဖြစ်သလို ယနေ့တိုင်လည်း Vcd ကာရာအိုကေမှ
KTV ကာရာအိုကေ ခေတ်တိုင် ရေပန်းစားနေဆဲ သီချင်းများဖြစ်ပါတယ်။

အဆိုတော် ဆိုင်းစိုင်မောဝ် တစ်ယောက်ကတော့ ကျန်းမာရေးကြောင့် လက်ရှိအချိန်မှာမန္တလေး ဆေးရုံကြီးမှာ ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဒီလို ကုသမှု ခံယူရင်းဆုံးပါးသွားခဲ့ပြီဆိုတဲ့ အင်တာနက် လူမှုကွန်ရက်မှာလည်း ပြောဆို ပျံ့နှံ့မှုတွေရှိနေတာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့်လည်း ပရိသတ်က စိုးရိမ်နေကြပါတယ်။

တကယ်တော့ ဒါဟာ သတင်းအမှား ဖြစ်တယ်လို့ စိုင်းဆိုင်မောဝ် နဲ့ နီးစပ်သူတွေက ဆိုပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ပြီးတော့ ကွယ်လွန်တ

ယ်ဆိုတဲ့ သတင်းက မဟုတ်မှန်ဘူးလို့ သိရပါတယ်။ ဒါကြောင့် ပရိသတ်ကြီး အနေနဲ့ စိုင်းဆိုင်မောဝ် တစ်ယောက် အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့အတွက်ဆုတောင်းပေးကြပါဦးနော်။

Writer- SMT(Shwe Yaung Lan)