တစ်သက်တာစုဆောင်းထားတဲ့ ရွှေငွေရတနာအကုန်လှူဒါန်းခဲ့တဲ့ အဘွားအိုရဲ့ မွန်မြတ်လှတဲ့အလှူ

လှူတယ် တန်းတယ်ဆိုတာ ကမ္ဘာလောကသားတွေအတွက် အမွန်မြတ်ဆုံးသော လုပ်ရပ်လေးပါပဲ။ ဗုဒ္ဓဘာသာမှ မဟုတ်ဘဲ၊ အခြားသော ဘာသာတရားတိုင်းမှာလည်း မရှိသူတွေကို ကူညီစောင့်ရှောက်ဖို့နဲ့ လှူဖို့တန်းဖို့ ဆိုဆုံးမထားပါတယ်။

လူတိုင်းက ကိုယ့်မှာရှိတဲ့ ချမ်းသာခြင်းတွေကို စွန့်လွှတ်ဖို့ တော်တော်ကို ခက်ခဲလှပါတယ်။ မရှိသူကို ပေးဖို့ အပြင် ဘာသာတရားထွန်းကားဖို့ လှူတာတောင်မှ ကိုယ့်ရဲ့ချမ်းသားခြင်းတွေကို အနည်းငယ်သာ ဖဲ့လှူနိုင်ကြပါတယ်။

တစ်သက်တာ စုဆောင်းထားသမျှကို ပရိတ်သတ်ကြီးထဲက လှူမယ်လို့ စဉ်းစားခဲ့ဖူးကြသလား….. ? တချို့ဆိုရင် စဉ်းတောင် မစဉ်းစားရဲပါဘူးနော်……။

အခု ပရိတ်သတ်ကြီးကို တင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်သက်တာ စုဆောင်းထားသမျှကို လှူဒါန်းလိုက်တဲ့ အဖြစ်လေးပဲဖြစ်ပါ့တယ်။ ဘယ်လောက်တောင် အံသြဖို့ကောင်းသလဲနော်။ အခုလို အလှူပြုလုပ်ခဲ့တဲ့

အမျိုးသမီးကြီးကတော့ ဒေါ်ဖေ့ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံဘက်ကနေ စစ်ဘေးရှောင်အဖြစ်နဲ့ ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့ပါတယ်။ သူမဟာ တစ်သက်တာ ရှာဖွေပြီး လက်ဝတ်ရတနာတွေကို စုဆောင်းခဲ့ပါတယ်။

သူမ ရှာဖွေထားတာတွေအပြင် အမျိုးတွေက ပေးထားတဲ့ လက်ဆောင် လက်ဝတ်ရတနာတွေကိုပါ အားလုံးကို စုပြီး လှူဒါန်းခဲ့တာဖြစ်ပါတယ်။

သူမ နေထိုင်တဲ့ ရွာက ရွာဦးဘုန်းကြီးကျောင်းက ဓမ္မာရုံနဲ့ စေတီ ပြုပြင်ဖို့အတွက် နှစ်သစ် အလှူအဖြစ်နဲ့ ကျောင်းထိုင်ဆရာတော် ထံမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

သူမရဲ့ စိတ်ဓါတ်လေးကတော့ လေးစားအားကြဖွယ်ပါပဲနော်။ အရာရာကို စွန့်လွှတ်နိုင်တဲ့ သူမရဲ့ မွန်မြတ်တဲ့ စိတ်ကို ချီးကျူးမိပါတယ်။ ပရိတ်သတ်ကြီးရော သူမလို လှူတန်းဖို့ စိတ်ဆုံးဖြတ်နိုင်ကြပြီလား………… ?

Writer- ME(Shwe Yaung Lan)