ဗိုလ်ချုပ်ပုံပါကျပ်တစ်ထောင်တန်ကို ထုတ်ဝေဖို့ ရက်ရွှေ့လိုက်ရတဲ့အကြောင်းအရင်း

အားလုံး စော့င်မျှော်နေကြတဲ့ ဗိုလ်ချုပ်ရုပ်ပုံပါတဲ့ ပိုက်ဆံ ၁၀၀၀ တန်တွေကို ဇန်နဝါရီလ ၄ ရက်နေ့မှာ အများပြည်သူလက်ထဲကို လဲလှယ်ခွင့်ပြုမယ်လို့ ကနဦးပြောခဲ့ပေမယ့်လည်း ဇန် ၄-၅-၆ ရက်များသည် ရုံးပိတ်ရက်ဖြစ်တာကြောင့် ဘဏ်တွေပိတ်ထားသည့်အတွက် ဇန် ၇ ရက်နေ့မှပဲ စတင်ဖြန့်ဝေသွားမယ်လို့ သိရှိရပါတယ်။

ဗိုလ်ချုပ်ပုံပါ တစ်ထောင်တန် ငွေစက္ကူရွက်ကတော့ အရွယ်အစား အားဖြင့် အလျား ၁၅၀ မီလီမီတာ နဲ့ အနံ ၇၀ မီလီမီတာ ရှိပါတယ်။ ပေါ်လွင်ထားရှားတဲ့ အရောင်ကတော့အပြာရောင်ဖြစ်ပြီးတော့ မြန်မာအက္ခရာကို အလျားလိုက် ရိုက်နှိပ်ထားသလို ၊ အင်္ဂလိပ်အက္ခရာကိုတော့ ထောင်လိုက် ရိုက်နှိပ်ထားတယ်လို့ သိရပါတယ်။

ပြီးတော့ မျက်မမြင်သူများပါ ငွေတန်ဖိုးကို အလွယ်တကူ စမ်းမိသိရှိနိုင်စေဖို့အတွက် ငွေစက္ကူရဲ့ ဘေးအနားမှာ မျဉ်းတို ၁၁ ခု ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။ဒီနေ့တော့ အားလုံး မျှော်လင့်နေတဲ့ ဗိုလ်ချုပ်ပုံပါ ပိုက်ဆံကို လဲလှယ်နိုင်မှာ မဟုတ်ပဲနဲ့(၇) ရက်နေ့မှသာ လဲလှယ်နိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။

Writer- SMT(Shwe Yaung Lan)