
စိတ်ကြီးတယ် ဒေါသကြီးတယ်ဆိုတဲ့သူကို သူ့ထက်ပိုစိတ်ကြီးကြောင်း ပြလိုက်သော အဖြစ်အပျက်…(ရုပ်/သံ)
သည်းခံခြင်းရဲ့ စည်းတစ်ဖက် ရောက်သွားလို့လား.. ဒါမှမဟုတ် သည်းခံမှု မရှိကြလို့လား…
နေ့တဒူဝ ဖြတ်သန်းနေရတဲ့ လူ့ပတ်ဝန်းကျင် လူ့လောကကြီးမှာ ပြဿနာတွေဆိုတာ အမြဲကြုံတွေ့နေရတာဖြစ်လို့ အဆန်းတကျယ်တော့ မဟုတ်ပါဘူး…
လမ်းခရီးသွားရင်း အလုပ်လုပ်ရင်း ပျော်ကြပါးကြရင်း အခန့်မသင့်တဲ့အခါ စိတ်အလို လိုက်မိတဲ့အခါ ဒေါသစိတ်ကို မထိမ်းချုပ်ပဲ ဒေါသအလျောက် တုန့်ပြန်ကြတဲ့အခါ ဆိုးကျိုးတွေပဲ ဖြစ်ပေါ် လာစေတယ်ဆိုတာ ဒီဗွီဒီယို လေးထဲမှာ မြင်တွေ့ ရမှာပါ။
ဘယ်က ဘယ်လို ပြဿနာ ဖြစ်လာကြမှန်း မသိပေမယ့် ရှေ့ကားပေါ်က လူရဲ့ လက်နက်ကိုင် ရန်ပြုတာကို နောက်ကကားသမား ကလည်း ဒေါသတကြီး ပြန်လည် တုန့်ပြန်ခဲ့တာကို မြင်ကြရမှာပါ။
အခုလို တုန့်ပြန်လိုက်တဲ့ အခါ နှစ်ဦးနှစ်ဖက်လုံး ထိခိုက် ပျက်စီးခဲ့ရတာကတော့ တွေ့မြင်ရတဲ့ အတိုင်းပါပဲ… နောက်ထပ် ဘာတွေ ဆက်ဖြစ်ကြသေးလည်း မသိရပေမယ့်
အခု ဗွီဒီယို လေးထဲကလို ပြဿနာတွေ ကြုံတွေ့ ရတဲ့အခါ စိတ်လိုက်မာန်ပါ ဖြေရှင်းလို့ အကျိုးမရှိ မပြေလည်နိုင်ဘူး ဆိုတဲ့ သင်ခန်းစာ ကောင်းလေးအဖြစ် ယူဆပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင် ကြပါစေလို့…
ရုပ်/ သံ ကြည့်ရှုရန်
အားလုံး ကျမ်းမာ ချမ်းသာ ဘေးရန်ကင်းကွာ ကြပါစေ…
Credit video
Zawgyi
Credit video
Leave a Reply