
ဒုလ္လဘ ရဟန်းဝတ်ပြီး လူပြန်ထွက်ရင် ခေါင်းတုံး ပြန်တုံးဖို့ လို မလို
ဒုလ္လဘဝတ် သုံးပါး ညနေက လူထွက်တော့ … ဘုန်းဘုန်း… တပည့်တော်တို့ ခေါင်းရိတ် အုံးမယ်ဘုရား။ အယ် ဘာဖြစ်လို့ ခေါင်းက ရိတ်မှာလဲ…
ဘုန်းကြီး ဝတ်တုန်းက ဆံပင်တွေ လူ့ဘဝထိ မပါချင်လို့ပါ ဘုရား။ အေ… ဟုတ်လား… ဒါဆို ဆံပင်ပဲလား… ခန္ဓာကိုယ်တစ်ခုလုံး ဘုန်းကြီးဝတ်တုန်း ကလည်း ပါတယ်လေ။ အဲဒါတွေရော… ဘယ်လိုလုပ်မလဲ … ဆိုတော့
ဘာမှ မပြောတတ်ကြတော့၊ သိမ်ဝင်တုန်းက မင်းတို့ တစ်ကိုယ်လုံး ရဟန်းဖြစ်အောင် သံဃာတော်တွေက ကမ္မဝါဖတ် သမုတ်ပြီးပြီ…။
ခု အင်္ဂါရပ်နဲ့ အညီ သိက္ခာ ချလိုက်ပြီ ခေါင်းက အစ ခြေမအဆုံး မင်းတို့ ခန္ဓာကိုယ်ပေါ်မှာ ဘာ ရဟန်းသိက္ခာမှ မရှိ တော့ဘူး…။ ဘယ် ဆံပင်ထဲမှာ မှလဲ ကပ်ပြီး ကျန်မနေရစ်ဘူး ဟုတ်ပြီလား ရှင်းပြီလား …. ။
မှတ်ထားကြကွဲ့ … သဘာဝ မကျတဲ့ ယုတ္တိ မရှိတဲ့ အယူအဆ တွေကို ဘယ်တော့မှ ခေါင်းထဲ မထည့်လေနဲ့ ကွ၊ အဲဒီ အယူအဆ ဘယ် စာပေ ကျမ်းဂန်မှာမှ မရှိဘူး၊
တစ်ခုပြောချင်တယ်… သိမ်ဝင်ရင် ပုတီးစတဲ့ ဘာညာ သာရကာ ပစ္စည်းတွေ ဘာ လို့ ထည့်ကြတာလဲ … အစွမ်းထက်အောင်ပါ ဘုရား။
အေး… အစွမ်းထက်တာ မထက်တာ အပထား…။ ပုတီးတွေကို အဲလိုဖြစ်အောင် လုပ်ကြတယ် ဆိုရင် ခေါင်းပေါ်က ဆံပင် ရိတ်သင့် မရိတ်သင့် ကိုယ့်ဘာသာ ပြန်စဉ်းစားကြပေတော့။
ငါက တော့ မရိတ်ရေးချ မရိတ်ပေး … ။ ကဲ … လွဲနေတဲ့ အယူအဆတွေ လူထွက် သုံးယောက်ကို ပြောကြား ရင်းနဲ့ ဖြည့်စွက်ရေးသားပြီး မျှဝေသိစေလိုက်ရပေသည်။
အရှင်သုမင်္ဂလ မှတဆင့် သောတုဇန။ ပြန်လည် မျှေ၀ ပါသည်။
Zawgyi
ဒုလႅဘ ရဟန္းဝတ္ၿပီး လူျပန္ထြက္ရင္ ေခါင္းတုံး ျပန္တုံးဖုိ႕ လုိ မလုိ
ဒုလႅဘဝတ္ သုံးပါး ညေနက လူထြက္ေတာ့ … ဘုန္းဘုန္း… တပည့္ေတာ္တို႔ ေခါင္းရိတ္ အုံးမယ္ဘုရား။ အယ္ ဘာျဖစ္လို႔ ေခါင္းက ရိတ္မွာလဲ…
ဘုန္းႀကီး ဝတ္တုန္းက ဆံပင္ေတြ လူ႔ဘဝထိ မပါခ်င္လို႔ပါ ဘုရား။ ေအ… ဟုတ္လား… ဒါဆို ဆံပင္ပဲလား… ခႏၶာကိုယ္တစ္ခုလုံး ဘုန္းႀကီးဝတ္တုန္း ကလည္း ပါတယ္ေလ။ အဲဒါေတြေရာ… ဘယ္လိုလုပ္မလဲ … ဆိုေတာ့
ဘာမွ မေျပာတတ္ၾကေတာ့၊ သိမ္ဝင္တုန္းက မင္းတို႔ တစ္ကိုယ္လုံး ရဟန္းျဖစ္ေအာင္ သံဃာေတာ္ေတြက ကမၼဝါဖတ္ သမုတ္ၿပီးၿပီ…။
ခု အဂၤါရပ္နဲ႔ အညီ သိကၡာ ခ်လိုက္ၿပီ ေခါင္းက အစ ေျခမအဆုံး မင္းတို႔ ခႏၶာကိုယ္ေပၚမွာ ဘာ ရဟန္းသိကၡာမွ မရွိ ေတာ့ဘူး…။ ဘယ္ ဆံပင္ထဲမွာ မွလဲ ကပ္ၿပီး က်န္မေနရစ္ဘူး ဟုတ္ၿပီလား ရွင္းၿပီလား …. ။
မွတ္ထားၾကကြဲ႕ … သဘာဝ မက်တဲ့ ယုတၱိ မရွိတဲ့ အယူအဆ ေတြကို ဘယ္ေတာ့မွ ေခါင္းထဲ မထည့္ေလနဲ႔ ကြ၊ အဲဒီ အယူအဆ ဘယ္ စာေပ က်မ္းဂန္မွာမွ မရွိဘူး၊
တစ္ခုေျပာခ်င္တယ္… သိမ္ဝင္ရင္ ပုတီးစတဲ့ ဘာညာ သာရကာ ပစၥည္းေတြ ဘာ လို႔ ထည့္ၾကတာလဲ … အစြမ္းထက္ေအာင္ပါ ဘုရား။
ေအး… အစြမ္းထက္တာ မထက္တာ အပထား…။ ပုတီးေတြကို အဲလိုျဖစ္ေအာင္ လုပ္ၾကတယ္ ဆိုရင္ ေခါင္းေပၚက ဆံပင္ ရိတ္သင့္ မရိတ္သင့္ ကိုယ့္ဘာသာ ျပန္စဥ္းစားၾကေပေတာ့။
ငါက ေတာ့ မရိတ္ေရးခ် မရိတ္ေပး … ။ ကဲ … လြဲေနတဲ့ အယူအဆေတြ လူထြက္ သုံးေယာက္ကို ေျပာၾကား ရင္းနဲ႔ ျဖည့္စြက္ေရးသားၿပီး မွ်ေဝသိေစလိုက္ရေပသည္။
အရွင္သုမဂၤလ မွတဆင့္ ေသာတုဇန။ ျပန္လည္ ေမွ်၀ ပါသည္။
Leave a Reply