
Aircon, TV, ရေသေတ္တာ တွေမှာသုံးတဲ့ Safeguard (ဆေ့ဖ်ဂတ်)အကြောင်း သိထားသင့်သည်များ
ကျွန်တော်တို့ နိုင်ငံရဲ့ နေရာဒေသအများအပြားမှာ လျှပ်စစ်မီးတွေ ရရှိနေကြပြီးဖြစ်သလို အိမ်တိုင်းလိုလို လျှပ်စစ်အသုံးအဆောင်ပစ္စည်းလေးတွေ ဝယ်ယူသုံးစွဲလာကြပါတယ်။ အဲဒီလို လူတိုင်းလူတိုင်း လျှပ်စစ်ပစ္စည်းလေးတွေ သုံးစွဲလာကြတဲ့အခါမှာ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေ အနည်းအကျဉ်းတော့ ရှိထားသင့်တယ် လို့ ထင်ပါတယ်။
လျှပ်စစ်မီး မတည်ငြိမ်ခြင်း၊ မီးအား နည်းလွန်းခြင်း၊ မီးအား များလွန်းခြင်း၊ မီး ခဏခဏ လာလိုက် ပြတ်လိုက် ဖြစ်ခြင်း၊ စသည်တို့ ကြောင့်လည်း လျှပ်စစ်ပစ္စည်းများ ပျက်စီးရတတ်ပါတယ်။ ဒါကြောင့် ဒီနေ့ လျှပ်စစ်ပစ္စည်းတွေ သုံးတဲ့အခါမှာ လျှပ်စစ်မီးကြောင့် မလိုအပ်ဘဲ ပျက်စီးဆုံးရှုံးမှုများ မရှိရစေရန် ဗဟုသုတအနေနဲ့ Safeguard လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။
Safeguard ဆေ့ဖ်ဂတ် ဆိုတာကတော့ လျှပ်စစ် ကာကွယ်ရေး စက်တစ်မျိုး ဖြစ်ပါတယ်။ တစ်ချို့က မီးဖြတ်စက်လို့လည်း ခေါ်သေးတယ်ဗျ။ သူ့ကို ကြားခံ တပ်ဆင် ထားခြင်းဖြင့် ကိုယ်အသုံးပြုနေသည့် လျှပ်စစ်ပစ္စည်းအား လျှပ်စစ်မီးမတည်ငြိမ်ခြင်း၊ မီးအားနည်းလွန်းခြင်း၊ မီးအား များလွန်းခြင်း၊မီး ခဏခဏ လာလိုက်ပြတ်လိုက် ဖြစ်ခြင်းများကြောင့် မပျက်စီး ရလေအောင် တားဆီး ဖြတ်တောက် ကာကွယ် ပေးထားနိုင်ပါတယ်။
Safeguard ရဲ့ လုပ်ဆောင်ချက် (၃) ရပ်
၁။ မီးအားနည်းနေလျှင် ဖြတ်တောက် ကာကွယ်ပေးခြင်း၊ ၂။ မီးအားများနေလျှင် ဖြတ်တောက် ကာကွယ်ပေးခြင်း၊ ၃။ အချိန် စောင့်ဆိုင်းပေးခြင်း
၁။ မီးအားနည်းနေလျှင် ဖြတ်တောက် ကာကွယ်ပေးခြင်း
လျှပ်စစ်ပစ္စည်းတိုင်းမှာ ၎င်းသုံးစွဲရမယ့် လျှပ်စစ်ဗို့အား (rated voltage ) ဆိုတာ ရှိပါတယ်။ ထိုသတ်မှတ်ဗို့အားထက် အလွန်လျော့နည်းစွာ ရရှိသုံးစွဲနေရလျှင် ၎င်းလျှပ်စစ်ပစ္စည်း ပျက်စီးတတ်ပါတယ်။
ထို့ကြောင့် သတ်မှတ် ဗို့အားထက် လျော့နည်းနေလျှင် ဆေ့ဖ်ဂတ်မှ ဖြတ်တောက် ပေးခြင်းဖြင့် စက်မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်။
၂။ ထိုသတ်မှတ် ဗို့အားထက် အလွန် ပိုမိုမျာပြားစွာ ရရှိသုံးစွဲ ရလျှင်လည်း ၎င်း လျှပ်စစ်ပစ္စည်း ပျက်စီးတတ်ပါတယ်။ ထို့ကြောင့် သတ်မှတ် ဗို့အားထက် ပိုမို များပြား နေလျှင် ဆေ့ဖ်ဂတ်မှ ဖြတ်တောက် ပေးခြင်းဖြင့် စက် မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်။
၃။ ( မီး အခုပျက် သွားတယ်။ ချက်ခြင်း ပြန်လာတယ်။ ( သို့မဟုတ် ) ခလုပ်မှား ပိတ်မိ လိုက်တယ်။ ချက်ခြင်း ပြန်ဖွင့် လိုက်တယ်။ ) ဆိုကြပါစို့။
အဲဒီလို အချိန်မျိုးတွေမှာ မီးအား မတည်ငြိမ်မှုတွေကြောင့် ၎င်းလျှပ်စစ်ပစ္စည်း ပျက်စီးတတ်ပါတယ်။ ထို့ကြောင့် ထိုအချိန်မျိုးမှာ လျှပ်စစ်ပစ္စည်းကို ချက်ခြင်း ဗို့အားပြန်ထုတ် မပေးပဲ ဆေ့ဖ်ဂတ်မှ အချိန် စောင့်စိုင်းပြီးမှ ပြန်လည် ဗို့ထုတ် ပေးခြင်းဖြင့် စက် မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်။
ရေခဲသေတ္တာတွေ၊ အဲကွန်းတွေဆိုရင် အခု ပိတ်ပြီး အခုချက်ခြင်း ပြန်ဖွင့်ရင် အထဲက compressor motor ဟာ ချက်ခြင်း မလည်နိုင်ပါဘူး။ ဒါကြောင့် အနည်းဆုံး သုံးမိနစ်စောင့်ပြီးမှ ပြန်ဖွင့်ပေးရပါတယ်။ အဲဒီအတွက် ဆေ့ဖ်ဂတ်က ၅မိနစ် စောင့်ပေးပြီးမှ ပြန်လည်မောင်းနှင်ပေးပါတယ်။
အခုနောက်ပိုင်း TVတွေ၊ အဝတ်လျှော်စက်တွေမှာ အော်တိုဗို့အားထိန်း circuit ( AVR ) တွေ ထည့်သွင်း တည်ဆောက်လာ ကြပြီဖြစ်လို့ TV တွေ လျှော်စက်တွေ အတွက် မလိုတော့ပေမယ့် ခံသုံးရင်တော့ ပို စိတ်ချရပါတယ်။ရေခဲသေတ္တာနဲ့ အဲကွန်းအတွက်တော့ မဖြစ်မနေ ကြားခံ သုံးစွဲ ပေးရပါမယ်။
safeguard တွေမှာပါတဲ့ under voltage ၊ over voltage ၊ delay time ၊ current စတာတွေကို ကြည့်ပြီး ဘယ်လျှပ်စစ်ပစ္စည်းအတွက် ဘယ် safeguard သုံးရမလဲဆိုတာ ရွေးချယ်ရပါမယ်။
TV, DVD နဲ့ လျှော်စက်များ အတွက်… under 90 V ၊over 240V ၊delay time 5sec ၊current 5A
ရေခဲသေတ္တာ အတွက်… under 175 V ၊over 240V ၊delay time 5min ၊current 5A
အဲကွန်းအတွက်… under 175 V ၊over 240V ၊delay time 5min ၊current 15A
အချို့ရေခဲသေတ္တာ၊ အဲကွန်း ဆေ့ဖ်ဂတ်တွေမှာ delay time 5min မစောင့်ပဲ ချက်ခြင်း operate လုပ်နိုင်ရန် နှိပ်ပေးလို့ ရတဲ့ quick start ခလုပ်ကလေး ပါ ပါတယ်။
အဲဒီ ခလုပ်ကလေးက ရပ်ထားတာ ၅ မိနစ် ကျော်ပြီးမှ ပြန်ဖွင့်တာမျိုး ဆိုရင် နှိပ် သုံးရတာပါ။ ရပ်ပြီး ၅ မိနစ် မကျော်သေးပဲ ပြန်ဖွင့်တာမျိုး ဆိုရင် မနှိပ် သင့်ပါဘူး။
ဒီလောက်ဆိုရင် လျှပ်စစ်ပစ္စည်း သုံးစွဲသူများ အနေနဲ့ ဘယ်လို ပစ္စည်းမျိုး တွေကို ဆေ့ဖ်ဂတ် ခံ သုံးသင့်လဲ။ ဘာကြောင့် ဆေ့ဖ်ဂတ်တွေ ကြားခံ သုံးစွဲ သင့်သလဲ ဆိုတာ သိလောက်ပြီ ဖြစ်ပါတယ် ခင်ဗျာ။
သိပြီးသူများအတွက်လည်း ပိုမှတ်မိ စေတာပေါ့ဗျာ။ ဒီနေရာမှာ ဆေ့ဖ်ဂတ်ထုပ်လုပ်သူတွေကို အကြံပြု ချင်တာကတော့ အဲဒီ quick start ခလုပ်မထည့်ပဲ delay time ကို မီးပိတ်သွားတဲ့ အချိန်ကနေ ပြန်လာတဲ့ အချိန်ကို တွက်ပြီး operate လုပ်ပေးတဲ့စနစ် သုံးရင် သုံးစွဲသူတွေအတွက် ပို အဆင်ပြေစေမယ်လို့ ထင်ပါတယ် ခင်ဗျာ။
ဆိုလိုတာက မီးပျက်တာ ၅မိနစ် ကျော်မှ ပြန်လာတာဆိုရင် ၅ စက္ကန့်လောက်ပဲ delay လုပ်ပြီး operate ပြန် လုပ်ပေးတာမျိုး၊ မီးပျက်ပြီး ၃မိနစ်မှာ ပြန်လာတယ်ဆိုရင် ၂ မိနစ်လောက် delay လုပ်ပြီး ပြန် operate လုပ်ပေးတာမျိုးကို ပြောတာပါ။ ဆရာလုပ်တာမျိုး မဟုတ်ပါဘူးခင်ဗျာ။ သုံးစွဲသူတွေ ပိုမိုအဆင်ပြေစေဖို့ အကြံပြု တာပါ ခင်ဗျာ။
အဲဒီလို လုပ်ပေးခြင်း အားဖြင့် သုံးစွဲသူတွေ အတွက် မီးပြန်လာလို့ ထနှိပ် ရတာမျိုး လုပ်စရာ မလိုတော့ဘူး။ ၅ မိနစ် မပြည့်သေးပဲ ထနှိပ်လို့ စက်ပျက်မှာလည်း မပူရတော့ဘူးပေါ့ ခင်ဗျာ။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင် ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ ခင်ဗျာ။
Credit ကိုထိုက် ( မေတ္တာအိမ် )# မေတ္တာအိမ် electronic # Short Way Air-con; Training
Zawgyi
Aircon, TV, ေရေသတၱာ ေတြမွာသုံးတဲ့ Safeguard (ေဆ့ဖ္ဂတ္)အေၾကာင္း သိထားသင့္သည္မ်ား
ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ ေနရာေဒသအမ်ားအျပားမွာ လွ်ပ္စစ္မီးေတြ ရရွိေနၾကၿပီးျဖစ္သလို အိမ္တိုင္းလိုလို လွ်ပ္စစ္အသုံးအေဆာင္ပစၥည္းေလးေတြ ဝယ္ယူသုံးစြဲလာၾကပါတယ္။ အဲဒီလို လူတိုင္းလူတိုင္း လွ်ပ္စစ္ပစၥည္းေလးေတြ သုံးစြဲလာၾကတဲ့အခါမွာ လွ်ပ္စစ္နဲ႔ ပတ္သက္တဲ့ ဗဟုသုတေလးေတြ အနည္းအက်ဥ္းေတာ့ ရွိထားသင့္တယ္ လို႔ ထင္ပါတယ္။
လွ်ပ္စစ္မီး မတည္ၿငိမ္ျခင္း၊ မီးအား နည္းလြန္းျခင္း၊ မီးအား မ်ားလြန္းျခင္း၊ မီး ခဏခဏ လာလိုက္ ျပတ္လိုက္ ျဖစ္ျခင္း၊ စသည္တို႔ ေၾကာင့္လည္း လွ်ပ္စစ္ပစၥည္းမ်ား ပ်က္စီးရတတ္ပါတယ္။
ဒါေၾကာင့္ ဒီေန႔ လွ်ပ္စစ္ပစၥည္းေတြ သုံးတဲ့အခါမွာ လွ်ပ္စစ္မီးေၾကာင့္ မလိုအပ္ဘဲ ပ်က္စီးဆုံးရႈံးမႈမ်ား မရွိရေစရန္ ဗဟုသုတအေနနဲ႔ Safeguard ေလးေတြအေၾကာင္း ေျပာျပေပးခ်င္ပါတယ္။
Safeguard ေဆ့ဖ္ဂတ္ ဆိုတာကေတာ့ လွ်ပ္စစ္ ကာကြယ္ေရး စက္တစ္မ်ိဳး ျဖစ္ပါတယ္။ တစ္ခ်ိဳ႕က မီးျဖတ္စက္လို႔လည္း ေခၚေသးတယ္ဗ်။ သူ႔ကို ၾကားခံ တပ္ဆင္ ထားျခင္းျဖင့္ ကိုယ္အသုံးျပဳေနသည့္ လွ်ပ္စစ္ပစၥည္းအား လွ်ပ္စစ္မီးမတည္ၿငိမ္ျခင္း၊ မီးအားနည္းလြန္းျခင္း၊ မီးအား မ်ားလြန္းျခင္း၊မီး ခဏခဏ လာလိုက္ျပတ္လိုက္ ျဖစ္ျခင္းမ်ားေၾကာင့္ မပ်က္စီး ရေလေအာင္ တားဆီး ျဖတ္ေတာက္ ကာကြယ္ ေပးထားႏိုင္ပါတယ္။
Safeguard ရဲ႕ လုပ္ေဆာင္ခ်က္ (၃) ရပ္
၁။ မီးအားနည္းေနလွ်င္ ျဖတ္ေတာက္ ကာကြယ္ေပးျခင္း၊ ၂။ မီးအားမ်ားေနလွ်င္ ျဖတ္ေတာက္ ကာကြယ္ေပးျခင္း၊ ၃။ အခ်ိန္ ေစာင့္ဆိုင္းေပးျခင္း
၁။ မီးအားနည္းေနလွ်င္ ျဖတ္ေတာက္ ကာကြယ္ေပးျခင္း
လွ်ပ္စစ္ပစၥည္းတိုင္းမွာ ၎သုံးစြဲရမယ့္ လွ်ပ္စစ္ဗို႔အား (rated voltage ) ဆိုတာ ရွိပါတယ္။ ထိုသတ္မွတ္ဗို႔အားထက္ အလြန္ေလ်ာ့နည္းစြာ ရရွိသုံးစြဲေနရလွ်င္ ၎လွ်ပ္စစ္ပစၥည္း ပ်က္စီးတတ္ပါတယ္။
ထို႔ေၾကာင့္ သတ္မွတ္ ဗို႔အားထက္ ေလ်ာ့နည္းေနလွ်င္ ေဆ့ဖ္ဂတ္မွ ျဖတ္ေတာက္ ေပးျခင္းျဖင့္ စက္မပ်က္ဆီးေအာင္ ကာကြယ္ ေပးပါတယ္။
၂။ ထိုသတ္မွတ္ ဗို႔အားထက္ အလြန္ ပိုမိုမ်ာျပားစြာ ရရွိသုံးစြဲ ရလွ်င္လည္း ၎ လွ်ပ္စစ္ပစၥည္း ပ်က္စီးတတ္ပါတယ္။ ထို႔ေၾကာင့္ သတ္မွတ္ ဗို႔အားထက္ ပိုမို မ်ားျပား ေနလွ်င္ ေဆ့ဖ္ဂတ္မွ ျဖတ္ေတာက္ ေပးျခင္းျဖင့္ စက္ မပ်က္ဆီးေအာင္ ကာကြယ္ ေပးပါတယ္။
၃။ ( မီး အခုပ်က္ သြားတယ္။ ခ်က္ျခင္း ျပန္လာတယ္။ ( သို႔မဟုတ္ ) ခလုပ္မွား ပိတ္မိ လိုက္တယ္။ ခ်က္ျခင္း ျပန္ဖြင့္ လိုက္တယ္။ ) ဆိုၾကပါစို႔။
အဲဒီလို အခ်ိန္မ်ိဳးေတြမွာ မီးအား မတည္ၿငိမ္မႈေတြေၾကာင့္ ၎လွ်ပ္စစ္ပစၥည္း ပ်က္စီးတတ္ပါတယ္။ ထို႔ေၾကာင့္ ထိုအခ်ိန္မ်ိဳးမွာ လွ်ပ္စစ္ပစၥည္းကို ခ်က္ျခင္း ဗို႔အားျပန္ထုတ္ မေပးပဲ ေဆ့ဖ္ဂတ္မွ အခ်ိန္ ေစာင့္စိုင္းၿပီးမွ ျပန္လည္ ဗို႔ထုတ္ ေပးျခင္းျဖင့္ စက္ မပ်က္ဆီးေအာင္ ကာကြယ္ ေပးပါတယ္။
ေရခဲေသတၱာေတြ၊ အဲကြန္းေတြဆိုရင္ အခု ပိတ္ၿပီး အခုခ်က္ျခင္း ျပန္ဖြင့္ရင္ အထဲက compressor motor ဟာ ခ်က္ျခင္း မလည္ႏိုင္ပါဘူး။ ဒါေၾကာင့္ အနည္းဆုံး သုံးမိနစ္ေစာင့္ၿပီးမွ ျပန္ဖြင့္ေပးရပါတယ္။ အဲဒီအတြက္ ေဆ့ဖ္ဂတ္က ၅မိနစ္ ေစာင့္ေပးၿပီးမွ ျပန္လည္ေမာင္းႏွင္ေပးပါတယ္။
အခုေနာက္ပိုင္း TVေတြ၊ အဝတ္ေလွ်ာ္စက္ေတြမွာ ေအာ္တိုဗို႔အားထိန္း circuit ( AVR ) ေတြ ထည့္သြင္း တည္ေဆာက္လာ ၾကၿပီျဖစ္လို႔ TV ေတြ ေလွ်ာ္စက္ေတြ အတြက္ မလိုေတာ့ေပမယ့္ ခံသုံးရင္ေတာ့ ပို စိတ္ခ်ရပါတယ္။ေရခဲေသတၱာနဲ႔ အဲကြန္းအတြက္ေတာ့ မျဖစ္မေန ၾကားခံ သုံးစြဲ ေပးရပါမယ္။
safeguard ေတြမွာပါတဲ့ under voltage ၊ over voltage ၊ delay time ၊ current စတာေတြကို ၾကည့္ၿပီး ဘယ္လွ်ပ္စစ္ပစၥည္းအတြက္ ဘယ္ safeguard သုံးရမလဲဆိုတာ ေ႐ြးခ်ယ္ရပါမယ္။
TV, DVD နဲ႔ ေလွ်ာ္စက္မ်ား အတြက္… under 90 V ၊over 240V ၊delay time 5sec ၊current 5A
ေရခဲေသတၱာ အတြက္… under 175 V ၊over 240V ၊delay time 5min ၊current 5A
အဲကြန္းအတြက္… under 175 V ၊over 240V ၊delay time 5min ၊current 15A
အခ်ိဳ႕ေရခဲေသတၱာ၊ အဲကြန္း ေဆ့ဖ္ဂတ္ေတြမွာ delay time 5min မေစာင့္ပဲ ခ်က္ျခင္း operate လုပ္ႏိုင္ရန္ ႏွိပ္ေပးလို႔ ရတဲ့ quick start ခလုပ္ကေလး ပါ ပါတယ္။
အဲဒီ ခလုပ္ကေလးက ရပ္ထားတာ ၅ မိနစ္ ေက်ာ္ၿပီးမွ ျပန္ဖြင့္တာမ်ိဳး ဆိုရင္ ႏွိပ္ သုံးရတာပါ။ ရပ္ၿပီး ၅ မိနစ္ မေက်ာ္ေသးပဲ ျပန္ဖြင့္တာမ်ိဳး ဆိုရင္ မႏွိပ္ သင့္ပါဘူး။
ဒီေလာက္ဆိုရင္ လွ်ပ္စစ္ပစၥည္း သုံးစြဲသူမ်ား အေနနဲ႔ ဘယ္လို ပစၥည္းမ်ိဳး ေတြကို ေဆ့ဖ္ဂတ္ ခံ သုံးသင့္လဲ။ ဘာေၾကာင့္ ေဆ့ဖ္ဂတ္ေတြ ၾကားခံ သုံးစြဲ သင့္သလဲ ဆိုတာ သိေလာက္ၿပီ ျဖစ္ပါတယ္ ခင္ဗ်ာ။
သိၿပီးသူမ်ားအတြက္လည္း ပိုမွတ္မိ ေစတာေပါ့ဗ်ာ။ ဒီေနရာမွာ ေဆ့ဖ္ဂတ္ထုပ္လုပ္သူေတြကို အႀကံျပဳ ခ်င္တာကေတာ့ အဲဒီ quick start ခလုပ္မထည့္ပဲ delay time ကို မီးပိတ္သြားတဲ့ အခ်ိန္ကေန ျပန္လာတဲ့ အခ်ိန္ကို တြက္ၿပီး operate လုပ္ေပးတဲ့စနစ္ သုံးရင္ သုံးစြဲသူေတြအတြက္ ပို အဆင္ေျပေစမယ္လို႔ ထင္ပါတယ္ ခင္ဗ်ာ။
ဆိုလိုတာက မီးပ်က္တာ ၅မိနစ္ ေက်ာ္မွ ျပန္လာတာဆိုရင္ ၅ စကၠန႔္ေလာက္ပဲ delay လုပ္ၿပီး operate ျပန္ လုပ္ေပးတာမ်ိဳး၊ မီးပ်က္ၿပီး ၃မိနစ္မွာ ျပန္လာတယ္ဆိုရင္ ၂ မိနစ္ေလာက္ delay လုပ္ၿပီး ျပန္ operate လုပ္ေပးတာမ်ိဳးကို ေျပာတာပါ။ ဆရာလုပ္တာမ်ိဳး မဟုတ္ပါဘူးခင္ဗ်ာ။ သုံးစြဲသူေတြ ပိုမိုအဆင္ေျပေစဖို႔ အႀကံျပဳ တာပါ ခင္ဗ်ာ။
အဲဒီလို လုပ္ေပးျခင္း အားျဖင့္ သုံးစြဲသူေတြ အတြက္ မီးျပန္လာလို႔ ထႏွိပ္ ရတာမ်ိဳး လုပ္စရာ မလိုေတာ့ဘူး။ ၅ မိနစ္ မျပည့္ေသးပဲ ထႏွိပ္လို႔ စက္ပ်က္မွာလည္း မပူရေတာ့ဘူးေပါ့ ခင္ဗ်ာ။
အားလုံး စိတ္ခ်မ္းသာ ကိုယ္က်န္းမာ၍ လိုအင္ ဆႏၵမ်ား တစ္လုံးတစ္ဝတည္း ျပည့္စုံၾကပါေစ ခင္ဗ်ာ။
Credit ကိုထိုက္ ( ေမတၱာအိမ္ )# ေမတၱာအိမ္ electronic # Short Way Air-con; Training
Leave a Reply