





Source: Min Thant Mg Mg

မွေးနေ့ မှာ မိသားစု စုံစုံ လင်ရှိနေ တာကြောင့် ကံအကောင်း ဆုံးနေ့လေး ပါ ဆို တဲ့ မင်းသန့်မောင်မောင်

နိုင် ငံကျော် ဒါရိုက်တာ ဇင်ယော်မောင်မောင် နဲ့ နိုင်ငံကျော်ထပ်ဆင့် အကယ်ဒမီ မင်းသမီးကြီးမေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင်ကတော့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဖခင်ရဲ့အမွေကို ဆက်ခံကာ ပရိသတ်တွေ အတွက် အကောင်းဆုံးတွေပဲချပြနိုင်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပဲဖြစ်ပါတယ်။

ဇူလှိုင်(၃)ရက်နေ့ဖြစ်တဲ့ ယနေ့ ကတော့ မင်းသန့်မောင်မောင် ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူကတော့ ယနေ့မှာ ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးမှာ မိသားစုစုံစုံလင်ရှိနေတာကြောင့် သူ့အတွက် ကံအကောင်းဆုံးနေ့လေး ဖြစ်ကြောင်းကို “Never feel more blessed than this very day. Thank you everyone for the birthday wishes!! They truly make me happy and hopeful. I wish great health and safety for everyone as my birthday wish.” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မင်းသမီးကြီး မေသန်းနုကတော့ မကြာသေးမီ ရက်ပိုင်းကမှ ပြန်လည်လွှတ်မြောက်လာတာကြောင့် အခုလို

သားဖြစ်သူရဲ့ မွေးနေ့မှာ အတူရှိ နေတာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ဖခင်ရဲ့အမွေကို ဆက်ခံကာ ပရိသတ်တွေ အတွက် အကောင်းဆုံးတွေပဲ ချပြနိုင်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ မင်းသန့်မောင်မောင်ကတော့ ယနေ့မှာကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးမှာ မိသားစုစုံစုံလင်ရှိနေတာကြောင့် သူ့အတွက် ကံအကောင်းဆုံးနေ့လေး ပါပဲတဲ့။

Source: Min Thant Mg Mg