အွန်လိုင်းမှာ လူကြည့်များ နေတဲ့ နတ်မောက်သူ ဆရာမလေးဂုဏ်ပြု သီဆိုထားတဲ့ အလေးပြုပါတယ် သီချင်း

များမကြာမှီမှာ မြန်မာပြည် သူတို့ပူဆွေးဝမ်းနည်းခဲ့ရတယ့် ဇူလိုင် ၁၉ ရက်နေ့ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ် လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင် ၉ ဦးအသက်ပေး ခဲ့ရတယ့် အာဇာနည်နေ့ဟာ ၂၀၂၀-ခုနှစ်မှာ ၇၃ နှစ်ပြည့်မြောက်မှာဖြစ်ပါတယ်

သမိုင်းဝင်အာဇာနည်နေ့ ဂုဏ်ပြုတေးအဖြစ် တေးပြုစာဆို ဂီတာတင်အုန်း ရေးစပ်ပြီး တေးဆို ဒေါ်မေလှမြိုင် သီဆိုခဲ့တဲ့ အလေးပြုပါတယ်သီချင်းကို နတ်မောတ်သူ ဆရာမလေး အိသံစဉ်က ကိုယ်တိုင်တီး ကိုယ်တိုင်သီဆို ဂုဏ်ပြုထားပါတယ်။

ဆရာမလေးရဲ့ အတီးအဆိုက အရမ်းနားထောင် လို့ကောင်းပါတယ်။ဆရာမလေးအနေနဲ့ ဘက်စုံထူးချွန်တဲ့ နိုင်ငံ့သားကောင်း များကို ပြုစုပျိုးထောင်ပေးနိုင် ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ ဆရာမလေးကိုအားပေးတယ်ဆို သီချင်းလေးကိုရှဲပေးခဲ့ပါအုံးနော်ကဲကျနော်တို့လည်း သီချင်းလေးရှဲပြီး မကြာခင်ကျရောက်တော့မယ့် (၇၃)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုအလေးပြုလိုက်ကြရအောင်လားဗျာ

Credit ထန်းညက်ခဲ