ထက်ထက်မိုးဦး ကို Tik Tok ဆော့ဖို့ သင်ပေးလိုက်တဲ့ အကြောင်းနဲ့ သူတို့ နှစ်ဦးကြားက ခင်မင်မှုအတိုင်းအတာကို ပြောပြလာတဲ့ ဖြူဖြူထွေး

ဖြူဖြူထွေးကတော့ နေ့စဉ်အလိုက် Facebook
Follower အများဆုံးစာရင်းမှာ ထိပ်ဆုံးကရပ်တည်နိုင်ခဲ့သလို ပြည်သူအများစုရဲ့ ချစ်ခြင်းကို ရရှိထားတဲ့ ပြည်သူ့အချစ်တော်လေးလည်းဖြစ်ပါတယ်

သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ ကြော်ငြာခေတ်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်လည်းဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခြင်းကို ယခုထိရရှိထားသူတစ်ဦးပါ သူမတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ မိသားစုတွေလို ဆက်ဆံရေးမျိူးဖြစ်တယ်လို့ ဖြူဖြူထွေးကဆိုလာခဲ့သလို ထက်ထက်မိုးဦးအတွက် Tik Took Acc ဖွင့်ပြီး ဆော့ပုံဆော့နည်းတွေပါပြပေးခဲ့တယ်လို့ဆိုလာခဲ့တာပ

ဖြူဖြူထွေးက မထက်ကို အကောင့်ဖွင့်ပြီး ဆော့ပုံဆော့နည်း ပဲပြပေးလိုက်တာ ကျန်တာ သူ့ဟာသူအကုန်လုပ်တတ်သွားတာပဲ ဘယ်လိုရိုက်ရတယ်ဆိုတာလောက်ပဲ ပြပေးရတာ ဘက်စုံတော်တဲ့အမပါ အခုတော့ မိသားစုဝင်တွေလို ခင်မင်နေပါပြီလို့ ပြောလာခဲ့တာဖြစ်ပါတယ်

ဖြူဖြူထွေးနဲ့ ထက်ထက်မိုးဦးတို့ ဟာ ဒါရိုက်တာ စတီးလ် ရိုက်ကူးတဲ့ မအက္ခရာဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်ရင်း သိကျွမ်းခဲ့ကြတာဖြစ်ပါတယ်