Unicode
အိမ်မှာ အသုံးမပြုတော့တဲ့ပစ္စည်းတွေကို အသုံးချပြီး အိမ်တွင်းစိုက် အပင်လေးတွေကို စိုက်ပျိုးနိုင်မယ့် နည်းလေးများ
အခုနောက်ပိုင်းမှာ အိမ်ထဲမှာစိုက်တဲ့ အပင်ငယ်လေးတွေ စိုက်ကြတာကို လူတွေ ပိုစိတ်ဝင်စားလာကြတာကို တွေ့ရပါတယ် ။
အပင်သေးသေးလေးတွေက အိမ်ထဲမှာ နေရာလည်း မယူဘဲ ကိုယ့်အိမ် ၊ ကိုယ့်အခန်းလေးကို ပိုလှအောင် ၊ နေချင်စဖွယ် ဖြစ်အောင် ကူညီပေးတဲ့အပြင် စိတ်ကိုလည်း လန်းဆန်းစေပါတယ် ။
ဒါကြောင့် ကိုယ့်အခန်းထဲမှာ အပင်ငယ်လေးတွေ စိုက်ချင်သူတွေအတွက် အပင်စိုက်ဖို့ စိတ်ကူး ဆန်းဆန်းလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ် ။ ။
(၁) ငါးကန် အဟောင်း ဒါမှမဟုတ် ဖန်ခွက် အဟောင်းတွေထဲမှာ မြေကြီး အနည်းငယ် ထည့်ပြီး ဒီလိုအပင်လေးတွေ ထည့်စိုက်ပါ ။ ။
(၂) ဓာတ်ပုံဘောင် အဟောင်း ၊ မှန်ဘောင် အဟောင်းတွေထဲမှာ မြေကြီးထည့် ၊ သန်ဇကာလေး အပေါ်ကအုပ်ပြီး အပင်လေးတွေ ထည့်စိုက်ပြီး အလှဆင်ပါ ။ ။
(၃) အလယ်မှာ အပေါက်ပါတဲ့ အိုးလေးတွေမှာ အဝတ်စတွေကို လျှာလိုချပြီး ပုံမှာပြထားတဲ့ အတိုင်း ရေခွက်လေးထဲ စိမ်ထားလိုက်ရင် အပင်ရေလောင်းဖို့ မလိုတော့ပါဘူး ။ ။
(၄) သစ်ခွအိုးလေးတွေကိုလည်း အဝဘက်မှာ သံဇကာလေး တပ်ပါ ။ ပြီးရင် ဇောက်ထိုးချိတ်ထားပြီး
ပုံမှာပြထားသလို ရေလောင်းပေးလိုက်ရင် အပွင့်တွေ မြန်မြန် ပွင့်လွယ်ပါတယ် ။ ။
(၅) ချည်တစ်ချောင်းထိုး ထိုးတတ်တဲ့ သူတွေက ပုံမှာပြထားသလို အရုပ်လေးတွေထိုးပြီး ပန်းအိုးအဖြစ် အလှဆင်နိုင်ပါတယ် ။ ။
(၆) ခရုခွံလေးတွေထဲမှာလည်း ဒီလိုလေးစိုက်လို့ ရတယ်နော် ။ ။
credit to original writer
Leave a Reply