မင္းသမီးငယ္ဘဝမွာ အေစာ္ကား ခံခဲ့ရပါတယ္လို႔ဆိုတဲ့ ရီစီးဝစ္သာစပြန္

မင်းသမီးငယ်ဘဝမှာ အစော်ကား ခံခဲ့ရပါတယ်လို့ဆိုတဲ့ ရီစီးဝစ်သာစပွန်
မင်းသမီးငယ်ဘဝမှာ အစော်ကား ခံခဲ့ရပါတယ်လို့ဆိုတဲ့ ရီစီးဝစ်သာစပွန်

မင္းသမီးငယ္ဘဝမွာ အေစာ္ကား ခံခဲ့ရပါတယ္လို႔ဆိုတဲ့ ရီစီးဝစ္သာစပြန္

အေမရိကန္ ႐ုပ္ရွင္မင္းသမီး ထုတ္လုပ္သူ စီးပြားေရး လုပ္ငန္းရွင္ ရီစီးဝစ္သာစပြန္က လက္ရွိမွာ ကမာၻ႔ေၾကးအႀကီးဆုံး မင္းသမီး တစ္လက္ အျဖစ္ ရပ္တည္ ေနသူပါ ။ တိုင္းမ္မဂၢဇင္း ဖိုဘီ မဂၢဇင္း ေတြမွာ ကမာၻ႔ ၾသဇာအရွိဆုံး ၁၀၀မွာ ႏွစ္ေတာ္ေတာ္ၾကာေအာင္ ပါခဲ့သူပါ။ ႐ုပ္ရွင္ေလာကထဲကို ၁၅ ႏွစ္ သမီးေလာက္ ကတည္းက က်င္လည္ခဲ့သူ ျဖစ္ပါတယ္။

မင္းသမီးငယ္ ဘဝမွာ အဲ့လိုပဲ အေစာ္ကား ခံရတယ္၊ သားေျပာ မယားေျပာ ေျပာခံရတယ္။ ေနာက္ၿပီး ထိကပါးရိကပါး လုပ္ခံရခဲ့တယ္လို႔ သူမက မင္းသမီး ေပါက္စနေလးေတြကို အားေပး စကားအျဖစ္ ေျပာခဲ့ပါတယ္။

“ေျပာရမယ္ ဆိုရင္ေတာ့ အမ်ားႀကီးပါ ။ နာမည္ေတြ ထုတ္ေျပာရင္ေတာ့ ရီစရာေတာင္ ေကာင္းဦးမယ္။ အေစာ္ကားခံရတာတို႔ သားေျပာ မယားေျပာတာတို႔ကို မေက်နပ္လို႔ ခြဲထြက္ေနတာေတြ မလုပ္ပါနဲ႔။ က်မကို ဂ်ာနယ္လစ္တစ္ေယာက္က ေမးတယ္ အဲ့လိုမ်ိဳး ေစာ္ကားခံရၿပီဆိုရင္ ဘာျပန္ေျပာလဲလို႔ ေမးတယ္။

ဘာျပန္ေျပာရမလဲ ဘာမွ မခံစားရသလိုပဲ ေနလိုက္တယ္။ အဲ့ဒိလို ေျပာခံရတာကိုေတာ့ မွတ္ထားပါတယ္။ အခြင့္ ႀကဳံရင္ေတာ့ အဲ့ဒိစကားကို ေသေသခ်ာခ်ာ ျပန္ေျပာျဖစ္ေအာင္ ျပန္ေျပာလိုက္ပါတယ္။

စာနာတတ္ေအာင္လို႔ပါ ။ အခုေတာ့ အဲ့ဒိ စကားေတြကို ဟာသအျဖစ္နဲ႔ ျပန္ေျပာႏိုင္ ေနပါၿပီ။ ဒါေပမဲ့ အခုလို ဆိုရွယ္မီဒီယာေတြ ေပၚလာတဲ့ ေခတ္မွာ ကိုယ္ခံစားခ်က္ကို လိုင္းေပၚတင္ၿပီး ဖြင့္ထုတ္တာေတြမ်ိဳးကိုေတာ့ က်မ မလုပ္ပါဘူး။ ကိုယ္အေၾကာင္းကို ကိုယ္ျပန္ေျပာရတာ အဆင္သင့္ျဖစ္ၿပီ ဆိုမွ ျပန္ေျပာတာ ေကာင္းပါတယ္။

ဒီလိုမွမဟုတ္ရင္ အရႈတ္ထုတ္ႀကီးကို ဖြင့္ခ်လိုက္သလို ျဖစ္ေနတာနဲ႔ တူေနပါတယ္။ ရွက္စရာ ေကာင္းပါတယ္။ တကယ့္ဇာတ္လမ္းက တကယ္မဟုတ္ပဲ ေျပာသလို ျဖစ္ေနတယ္။ ကိုယ့္အတၱကို ကိုယ္ျပန္ေျပာေနတဲ့ ပုံစံ ျဖစ္ေနလို႔ပါ”လို႔ သူမကဆိုတယ္။

သူမက မင္းသမီးျဖစ္ခါစ ေတြ႕ ႀကဳံေတြ႕ရတဲ့ အခက္အခဲတစ္ခုကို ရွင္းျပသလိုမ်ိဳး ေျပာျပတာပါ။ ဘယ္လုပ္ငန္းခြင္မွာမဆို အမ်ိဳးသား အမ်ိဳးသမီး တြဲလုပ္ရတဲ့ အခါမ်ိဳးမွာ ဒီလိုမ်ိဳးေတြ ႀကဳံေတြ႕ ရတတ္ပါတယ္လို႔ ရွင္းျပတာပါ။

ေမာင္ယႆ, REF; Asian one / Photo credit ; pinterset

Unicode

မင်းသမီးငယ်ဘဝမှာ အစော်ကား ခံခဲ့ရပါတယ်လို့ဆိုတဲ့ ရီစီးဝစ်သာစပွန်

အမေရိကန် ရုပ်ရှင်မင်းသမီး ထုတ်လုပ်သူ စီးပွားရေး လုပ်ငန်းရှင် ရီစီးဝစ်သာစပွန်က လက်ရှိမှာ ကမ္ဘာ့ကြေးအကြီးဆုံး မင်းသမီး တစ်လက် အဖြစ် ရပ်တည် နေသူပါ ။ တိုင်းမ်မဂ္ဂဇင်း ဖိုဘီ မဂ္ဂဇင်း တွေမှာ ကမ္ဘာ့ သြဇာအရှိဆုံး ၁၀၀မှာ နှစ်တော်တော်ကြာအောင် ပါခဲ့သူပါ။ ရုပ်ရှင်လောကထဲကို ၁၅ နှစ် သမီးလောက် ကတည်းက ကျင်လည်ခဲ့သူ ဖြစ်ပါတယ်။

မင်းသမီးငယ် ဘဝမှာ အဲ့လိုပဲ အစော်ကား ခံရတယ်၊ သားပြော မယားပြော ပြောခံရတယ်။ နောက်ပြီး ထိကပါးရိကပါး လုပ်ခံရခဲ့တယ်လို့ သူမက မင်းသမီး ပေါက်စနလေးတွေကို အားပေး စကားအဖြစ် ပြောခဲ့ပါတယ်။

“ပြောရမယ် ဆိုရင်တော့ အများကြီးပါ ။ နာမည်တွေ ထုတ်ပြောရင်တော့ ရီစရာတောင် ကောင်းဦးမယ်။ အစော်ကားခံရတာတို့ သားပြော မယားပြောတာတို့ကို မကျေနပ်လို့ ခွဲထွက်နေတာတွေ မလုပ်ပါနဲ့။

ကျမကို ဂျာနယ်လစ်တစ်ယောက်က မေးတယ် အဲ့လိုမျိုး စော်ကားခံရပြီဆိုရင် ဘာပြန်ပြောလဲလို့ မေးတယ်။

ဘာပြန်ပြောရမလဲ ဘာမှ မခံစားရသလိုပဲ နေလိုက်တယ်။ အဲ့ဒိလို ပြောခံရတာကိုတော့ မှတ်ထားပါတယ်။ အခွင့် ကြုံရင်တော့ အဲ့ဒိစကားကို သေသေချာချာ ပြန်ပြောဖြစ်အောင် ပြန်ပြောလိုက်ပါတယ်။

စာနာတတ်အောင်လို့ပါ ။ အခုတော့ အဲ့ဒိ စကားတွေကို ဟာသအဖြစ်နဲ့ ပြန်ပြောနိုင် နေပါပြီ။ ဒါပေမဲ့ အခုလို ဆိုရှယ်မီဒီယာတွေ ပေါ်လာတဲ့ ခေတ်မှာ ကိုယ်ခံစားချက်ကို လိုင်းပေါ်တင်ပြီး ဖွင့်ထုတ်တာတွေမျိုးကိုတော့ ကျမ မလုပ်ပါဘူး။ ကိုယ်အကြောင်းကို ကိုယ်ပြန်ပြောရတာ အဆင်သင့်ဖြစ်ပြီ ဆိုမှ ပြန်ပြောတာ ကောင်းပါတယ်။

ဒီလိုမှမဟုတ်ရင် အရှုတ်ထုတ်ကြီးကို ဖွင့်ချလိုက်သလို ဖြစ်နေတာနဲ့ တူနေပါတယ်။ ရှက်စရာ ကောင်းပါတယ်။ တကယ့်ဇာတ်လမ်းက တကယ်မဟုတ်ပဲ ပြောသလို ဖြစ်နေတယ်။ ကိုယ့်အတ္တကို ကိုယ်ပြန်ပြောနေတဲ့ ပုံစံ ဖြစ်နေလို့ပါ”လို့ သူမကဆိုတယ်။

သူမက မင်းသမီးဖြစ်ခါစ တွေ့ ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုကို ရှင်းပြသလိုမျိုး ပြောပြတာပါ။ ဘယ်လုပ်ငန်းခွင်မှာမဆို အမျိုးသား အမျိုးသမီး တွဲလုပ်ရတဲ့ အခါမျိုးမှာ ဒီလိုမျိုးတွေ ကြုံတွေ့ ရတတ်ပါတယ်လို့ ရှင်းပြတာပါ။

မောင်ယဿ, REF; Asian one / Photo credit ; pinterset

Be the first to comment

Leave a Reply

Your email address will not be published.


*