သင္ခ်မ္းသာဖို႔အတြက္ အားေဆးတခြက္ သိပ္တန္ဖိုးရွိတယ္ ဆုံးေအာင္ဖတ္ၾကည့္

သင်ချမ်းသာဖို့အတွက် အားဆေးတခွက် သိပ်တန်ဖိုးရှိတယ် ဆုံးအောင်ဖတ်ကြည့်
သင်ချမ်းသာဖို့အတွက် အားဆေးတခွက် သိပ်တန်ဖိုးရှိတယ် ဆုံးအောင်ဖတ်ကြည့်

သင္ခ်မ္းသာဖို႔အတြက္ အားေဆးတခြက္ သိပ္တန္ဖိုးရွိတယ္ ဆုံးေအာင္ဖတ္ၾကည့္

ပိုက္ဆံကိုတိုးၿပီးမရွာႏိုင္လွ်င္ျဖဳန္းတာေတြကိုေလွ်ာ့ပါ… အားေနရင္ ေဈးဝယ္ထြက္ခ်င္ေနတဲ့စိတ္ကို အရင္ျပဳျပင္ပါ..

ျခင္းေတာင္းအျပည့္ေဈးဝယ္လာၿပီး လိုအပ္တာေတြရလာလို႔ စိတ္ေပ်ာ္႐ႊင္ရေပမယ့္ တခါေတလ ေငြေတြအရမ္းကုန္သြားလို႔ ဝယ္ၿပီးမွ စိတ္ဆင္းရဲေနရတဲ့အခါေတြလည္း လူအားလုံးမွာရွိတတ္ၾကပါတယ္…

ျခင္းထဲကပစၥည္းေတြကို ျပန္ၾကည့္ပါ… တခါေတလ မဝယ္လည္းရတဲ့ပစၥည္းေတြ ပါလာတတ္ပါတယ္… တခ်ိဳ႕ပစၥည္းေတြက အိမ္မွာအရင္ထဲကရွိၿပီးသားပစၥည္းေတြလည္း ျဖစ္ေနတတ္ပါတယ္…

လိုရမယ္ရဝယ္ထားလိုက္ၿပီး ဝယ္ၿပီး ၆လတစ္ႏွစ္အထိ မသုံးရတဲ့ပစၥည္းေတြလည္း ျဖစ္ေနတတ္ပါတယ္… ဒါ့ေၾကာင့္ market placeေတြ ေပါမ်ားလြန္းတဲ့ေခတ္မွာ လိုအပ္တဲ့အရာကိုပဲ ဝယ္ပါ…

ျခင္းေတာင္းတလုံးနဲ႔ ပတ္ၾကည့္ေနၿပီး ဝယ္ခ်င္တာကို ေကာက္ထည့္ၿပီး မိမိစိတ္ေနာက္ ေငြလိုက္သြားတာမ်ိဳးေတြကို ေရွာင္ရွားပါ… သင္ျခင္းေတာင္းအျပည့္နဲ႔ဝယ္လာတာကို သင့္ကိုယ္သင္ဂုဏ္ယူႏိုင္ေပမယ့္ ေနာင္တခ်ိန္မွာ ေငြမစုမိခဲ့လို႔ ဆင္းရဲဒုကၡေရာက္ေနခ်ိန္မွာ သင့္ေဘးမွာဘယ္သူမွ ရွိမေနႏိုင္ပါဘူး…

ခ်က္ၿပီးသားေတြရွိလ်က္နဲ႔ အျပင္ထြက္စားျခင္းကို တတ္ႏိုင္သမွ်ေလွ်ာ့ပါ… တခါေတလ အိမ္မွာဟင္းေတြအမ်ားအျပားခ်က္ထားေပမယ့္ မစားခ်င္ေတာ့လို႔ အျပင္ထြက္စားၾကတာမ်ိဳး ရွိတတ္ၾကပါတယ္… အျပင္အစားအစာေတြဟာ စားေကာင္းတယ္ အနံ႔အရသာ အိမ္မွာနဲ႔မတူဘူး ဇိမ္ရွိရွိစားႏိုင္တယ္ စားရတာေပ်ာ္စရာေကာင္းတယ္…

ဟုတ္ကဲ့.. ဒါေပမယ့္ အၿမဲလိုလိုျဖစ္ေနရင္ေတာ့ ဒါဟာ ပိုက္ဆံျဖဳန္းတီးတာသက္သက္ ျဖစ္သြားပါတယ္… အျပင္မွာစားမယ္အစီအစဥ္ရွိရင္ အိမ္မွာမခ်က္ပါနဲ႔ ေန႔စဥ္နဲ႔အမွ် လႊင့္ပစ္ရတဲ့ဟင္းေတြ ေရခဲေသတၱာထဲကေန date ကုန္လို႔ အမႈိက္ပုံးထဲေရာက္သြားတဲ့ အစားအစာေတြဟာ ပိုက္ဆံနဲ႔ ဝယ္ယူထားရတာေတြပါ…

ဒါ့ေၾကာင့္’ ဥစၥာၿပိဳ စားဖိုက’တဲ့ ေရွးစကားပုံေတာင္ရွိပါတယ္ အားမနာပါနဲ႔ လူတခ်ိဳ႕ကိုအားမနာပါနဲ႔ မိမိကုန္သြားမယ့္ပိုက္ဆံေတြဟာ တကယ့္မိတ္ေဆြေတြအတြက္ ကုန္သင့္လို႔ကုန္တာလား မကုန္သင့္တဲ့လူေတြကို အားနာပါးနာနဲ႔ကုန္ရမွာလား အၿမဲေတြးပါ…

သင္ဟာ ဘီလီယံနာ တစ္ဦးမဟုတ္တဲ့အတြက္ ေတြ႕သမွ်လူေတြ ႀကဳံသမွ်ကိစၥ ျမင္သမွ်အရာရာအတြက္ သင္ကပဲအကုန္ခံေနစရာ မလိုအပ္ပါဘူး…
မိတ္ေဆြေကာင္းေတြအတြက္ သာေရးနာေရးဟာ မသြားမျဖစ္ ကူညီရပါမယ္…

ဒါေပမယ့္ အားေနလို႔ အလကားထထလုပ္ေနတဲ့ ေမြးေန႔ပြဲေတြ တခါမွမၾကားဖူးတဲ့လူေတြရဲ႕ မဂၤလာေဆာင္ေတြ ဘာမွန္းမသိတဲ့အလႉခံေတြ အတြက္
သင္ကူညီေနရမယ္ဆိုေတာ့ သင္ေငြစုမိမွာမဟုတ္ပါဘူး…

ေနာက္….. ကတိမတည္တဲ့လူေတြရဲ႕ အေၾကာင္းအမ်ိဳးမ်ိဳးေတြေၾကာင့္ အလြယ္တကူ ေငြေခ်းမိတာမ်ိဳးကိုလည္း မလုပ္သင့္ပါဘူး… ဒါေၾကာင့္ အရာရာကို သိပ္အားမနာပါနဲ႔…

အရည္မရအဖက္မရအရာေတြအတြက္ေငြသိပ္မျဖဳန္းပါနဲ႔ ေန႔စဥ္ ၂ေထာင္ ၃ေထာင္ဖိုးကြမ္းစားတာေတြ ေန႔စဥ္ ဘီယာဆိုင္ထိုင္တာေတြ အပ်င္းေျပသုံးဖို႔ ဖုန္းေဘလ္ ငါးေထာင္ေက်ာ္ ေန႔တိုင္းကုန္ေနတာေတြ ေန႔တိုင္း spa သြားေနတာေတြ စတဲ့အေသးသုံးေငြေတြဟာ သင္သာ ဘရိတ္မအုပ္တက္ရင္ အရွိန္ပါၿပီး အက်င့္ျဖစ္သြားတတ္ပါတယ္…

ေန႔စဥ္ ေငြအနည္းငယ္ေတြဟာသိပ္မသိသာေပမယ့္ လနဲ႔တြက္လိုက္ရင္ သင္ျဖဳန္းတီးခဲ့တဲ့ေငြဟာ သိန္းဂဏန္းျဖစ္ေနတာကို ေတြ႕ရမွာပါ… ဒါ့ေၾကာင့္ အေသးစားသုံးတာေတြကို ေလွ်ာ့ခ်ၾကည့္ပါ ေငြျဖဳန္းတာ အက်င့္ပါတတ္ပါတယ္ ေငြမသုံးရ မျဖဳန္းရရင္ မေနႏိုင္တဲ့လူေတြ အမ်ားႀကီးရွိပါတယ္..

သင္သတိထားၾကည့္ပါ… အထည္ႀကီးပ်က္ေတာ္ေတာ္မ်ားမ်ားဟာ သူတို႔အထည္ႀကီးကို သူတို႔ကိုယ္တိုင္ ဖ်က္ဆီးခဲ့တာမ်ားပါတယ္… သူတို႔ကို သင္နမူနာယူပါ…

တိုးၿပီးမရွာႏိုင္လွ်င္ ျဖဳန္းတာေတြကိုေလွ်ာ့ပါ… ဟုတ္ကဲ့.. အလုပ္အရ ဝင္ေငြပုံေသျဖစ္ေနတဲ့သူေတြဟာ လကုန္ရင္ ဒီလစာသာရမွာျဖစ္လို႔ ဝင္ေငြတိုးမလာႏိုင္တဲ့အခါ ျဖဳန္းတာေတြကိုေတာ့ တက္ႏိုင္သမွ် ေလွ်ာ့ခ်ၾကည့္ပါ…

လူေတာ္ေတာ္မ်ားမ်ားဟာ မလိုလားတာေတြအတြက္ ျဖဳန္းတီးခဲ့ၾကရင္း အသက္ေတြႀကီးလာတဲ့အခါ စီးပြားေရးလည္းမလုပ္တက္ ရင္းႏွီးျမႇပ္ႏွံမႈလည္းမရွိနဲ႔ ဆင္းဆင္းရဲရဲ အသက္ႀကီးသြားၾကတာကို ျမင္ဖူးၾကမွာပါ…

အဲဒီလိုမျဖစ္ေအာင္ ခုသတိျပဳမိတဲ့အခ်ိန္ကစၿပီး ေငြမျဖဳန္းပါနဲ႔ေတာ့ တစ္ေသာင္းဆယ္ခါဟာ တစ္သိန္းျဖစ္ၿပီး တစ္သိန္းဆယ္ခါဟာ ဆယ္သိန္းျဖစ္ပါတယ္ ဒါေၾကာင့္ ေငြ တစ္ေသာင္းေလာက္နဲ႔ ဘာမွမျဖစ္ဘူးလို႔ မေတြးပါနဲ႔… ေငြတစ္သိန္းဆိုတာ ေအးေဆးပါလို႔ မေတြးပါနဲ႔…

အဲဒီ ေငြတစ္ေသာင္း ေငြတစ္သိန္းရဖို႔ သင့္ထက္အမ်ားႀကီးပင္ပန္းခံၿပီး ရွာေဖြေနရသူေတြ အမ်ားႀကီးရွိေနတယ္ဆိုတာ သတိျပဳပါ… ဆင္းရဲလြန္းတဲ့အဖိုးအဖြားေတြအတြက္ ေငြ တစ္ေသာင္း ေငြတစ္သိန္းဟာ အလြန္တန္ဖိုးရွိတယ္ဆိုတာ သင်မေမ့ပါနဲ႔…

မိတ္ေဆြ ေငြသုံးပါ ေငြမျဖဳန္းပါနဲ႔…
credit

Unicode

သင်ချမ်းသာဖို့အတွက် အားဆေးတခွက် သိပ်တန်ဖိုးရှိတယ် ဆုံးအောင်ဖတ်ကြည့်

ပိုက်ဆံကိုတိုးပြီးမရှာနိုင်လျှင်ဖြုန်းတာတွေကိုလျှော့ပါ… အားနေရင် ဈေးဝယ်ထွက်ချင်နေတဲ့စိတ်ကို အရင်ပြုပြင်ပါ..

ခြင်းတောင်းအပြည့်ဈေးဝယ်လာပြီး လိုအပ်တာတွေရလာလို့ စိတ်ပျော်ရွှင်ရပေမယ့် တခါတေလ ငွေတွေအရမ်းကုန်သွားလို့ ဝယ်ပြီးမှ စိတ်ဆင်းရဲနေရတဲ့အခါတွေလည်း လူအားလုံးမှာရှိတတ်ကြပါတယ်…

ခြင်းထဲကပစ္စည်းတွေကို ပြန်ကြည့်ပါ… တခါတေလ မဝယ်လည်းရတဲ့ပစ္စည်းတွေ ပါလာတတ်ပါတယ်… တချို့ပစ္စည်းတွေက အိမ်မှာအရင်ထဲကရှိပြီးသားပစ္စည်းတွေလည်း ဖြစ်နေတတ်ပါတယ်…

လိုရမယ်ရဝယ်ထားလိုက်ပြီး ဝယ်ပြီး ၆လတစ်နှစ်အထိ မသုံးရတဲ့ပစ္စည်းတွေလည်း ဖြစ်နေတတ်ပါတယ်… ဒါ့ကြောင့် market placeတွေ ပေါများလွန်းတဲ့ခေတ်မှာ လိုအပ်တဲ့အရာကိုပဲ ဝယ်ပါ…

ခြင်းတောင်းတလုံးနဲ့ ပတ်ကြည့်နေပြီး ဝယ်ချင်တာကို ကောက်ထည့်ပြီး မိမိစိတ်နောက် ငွေလိုက်သွားတာမျိုးတွေကို ရှောင်ရှားပါ… သင်ခြင်းတောင်းအပြည့်နဲ့ဝယ်လာတာကို သင့်ကိုယ်သင်ဂုဏ်ယူနိုင်ပေမယ့် နောင်တချိန်မှာ ငွေမစုမိခဲ့လို့ ဆင်းရဲဒုက္ခရောက်နေချိန်မှာ သင့်ဘေးမှာဘယ်သူမှ ရှိမနေနိုင်ပါဘူး…

ချက်ပြီးသားတွေရှိလျက်နဲ့ အပြင်ထွက်စားခြင်းကို တတ်နိုင်သမျှလျှော့ပါ… တခါတေလ အိမ်မှာဟင်းတွေအများအပြားချက်ထားပေမယ့် မစားချင်တော့လို့ အပြင်ထွက်စားကြတာမျိုး ရှိတတ်ကြပါတယ်… အပြင်အစားအစာတွေဟာ စားကောင်းတယ် အနံ့အရသာ အိမ်မှာနဲ့မတူဘူး ဇိမ်ရှိရှိစားနိုင်တယ် စားရတာပျော်စရာကောင်းတယ်…

ဟုတ်ကဲ့.. ဒါပေမယ့် အမြဲလိုလိုဖြစ်နေရင်တော့ ဒါဟာ ပိုက်ဆံဖြုန်းတီးတာသက်သက် ဖြစ်သွားပါတယ်… အပြင်မှာစားမယ်အစီအစဉ်ရှိရင် အိမ်မှာမချက်ပါနဲ့ နေ့စဉ်နဲ့အမျှ လွှင့်ပစ်ရတဲ့ဟင်းတွေ ရေခဲသေတ္တာထဲကနေ date ကုန်လို့ အမှိုက်ပုံးထဲရောက်သွားတဲ့ အစားအစာတွေဟာ ပိုက်ဆံနဲ့ ဝယ်ယူထားရတာတွေပါ…

ဒါ့ကြောင့်’ ဥစ္စာပြို စားဖိုက’တဲ့ ရှေးစကားပုံတောင်ရှိပါတယ် အားမနာပါနဲ့ လူတချို့ကိုအားမနာပါနဲ့ မိမိကုန်သွားမယ့်ပိုက်ဆံတွေဟာ တကယ့်မိတ်ဆွေတွေအတွက် ကုန်သင့်လို့ကုန်တာလား မကုန်သင့်တဲ့လူတွေကို အားနာပါးနာနဲ့ကုန်ရမှာလား အမြဲတွေးပါ…

သင်ဟာ ဘီလီယံနာ တစ်ဦးမဟုတ်တဲ့အတွက် တွေ့သမျှလူတွေ ကြုံသမျှကိစ္စ မြင်သမျှအရာရာအတွက် သင်ကပဲအကုန်ခံနေစရာ မလိုအပ်ပါဘူး…
မိတ်ဆွေကောင်းတွေအတွက် သာရေးနာရေးဟာ မသွားမဖြစ် ကူညီရပါမယ်…

ဒါပေမယ့် အားနေလို့ အလကားထထလုပ်နေတဲ့ မွေးနေ့ပွဲတွေ တခါမှမကြားဖူးတဲ့လူတွေရဲ့ မင်္ဂလာဆောင်တွေ ဘာမှန်းမသိတဲ့အလှူခံတွေ အတွက်
သင်ကူညီနေရမယ်ဆိုတော့ သင်ငွေစုမိမှာမဟုတ်ပါဘူး…

နောက်….. ကတိမတည်တဲ့လူတွေရဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် အလွယ်တကူ ငွေချေးမိတာမျိုးကိုလည်း မလုပ်သင့်ပါဘူး… ဒါကြောင့် အရာရာကို သိပ်အားမနာပါနဲ့…

အရည်မရအဖက်မရအရာတွေအတွက်ငွေသိပ်မဖြုန်းပါနဲ့ နေ့စဉ် ၂ထောင် ၃ထောင်ဖိုးကွမ်းစားတာတွေ နေ့စဉ် ဘီယာဆိုင်ထိုင်တာတွေ အပျင်းပြေသုံးဖို့ ဖုန်းဘေလ် ငါးထောင်ကျော် နေ့တိုင်းကုန်နေတာတွေ နေ့တိုင်း spa သွားနေတာတွေ စတဲ့အသေးသုံးငွေတွေဟာ သင်သာ ဘရိတ်မအုပ်တက်ရင် အရှိန်ပါပြီး အကျင့်ဖြစ်သွားတတ်ပါတယ်…

နေ့စဉ် ငွေအနည်းငယ်တွေဟာသိပ်မသိသာပေမယ့် လနဲ့တွက်လိုက်ရင် သင်ဖြုန်းတီးခဲ့တဲ့ငွေဟာ သိန်းဂဏန်းဖြစ်နေတာကို တွေ့ရမှာပါ… ဒါ့ကြောင့် အသေးစားသုံးတာတွေကို လျှော့ချကြည့်ပါ ငွေဖြုန်းတာ အကျင့်ပါတတ်ပါတယ် ငွေမသုံးရ မဖြုန်းရရင် မနေနိုင်တဲ့လူတွေ အများကြီးရှိပါတယ်..

သင်သတိထားကြည့်ပါ… အထည်ကြီးပျက်တော်တော်များများဟာ သူတို့အထည်ကြီးကို သူတို့ကိုယ်တိုင် ဖျက်ဆီးခဲ့တာများပါတယ်… သူတို့ကို သင်နမူနာယူပါ…

တိုးပြီးမရှာနိုင်လျှင် ဖြုန်းတာတွေကိုလျှော့ပါ… ဟုတ်ကဲ့.. အလုပ်အရ ဝင်ငွေပုံသေဖြစ်နေတဲ့သူတွေဟာ လကုန်ရင် ဒီလစာသာရမှာဖြစ်လို့ ဝင်ငွေတိုးမလာနိုင်တဲ့အခါ ဖြုန်းတာတွေကိုတော့ တက်နိုင်သမျှ လျှော့ချကြည့်ပါ…

လူတော်တော်များများဟာ မလိုလားတာတွေအတွက် ဖြုန်းတီးခဲ့ကြရင်း အသက်တွေကြီးလာတဲ့အခါ စီးပွားရေးလည်းမလုပ်တက် ရင်းနှီးမြှပ်နှံမှုလည်းမရှိနဲ့ ဆင်းဆင်းရဲရဲ အသက်ကြီးသွားကြတာကို မြင်ဖူးကြမှာပါ…

အဲဒီလိုမဖြစ်အောင် ခုသတိပြုမိတဲ့အချိန်ကစပြီး ငွေမဖြုန်းပါနဲ့တော့ တစ်သောင်းဆယ်ခါဟာ တစ်သိန်းဖြစ်ပြီး တစ်သိန်းဆယ်ခါဟာ ဆယ်သိန်းဖြစ်ပါတယ် ဒါကြောင့် ငွေ တစ်သောင်းလောက်နဲ့ ဘာမှမဖြစ်ဘူးလို့ မတွေးပါနဲ့… ငွေတစ်သိန်းဆိုတာ အေးဆေးပါလို့ မတွေးပါနဲ့…

အဲဒီ ငွေတစ်သောင်း ငွေတစ်သိန်းရဖို့ သင့်ထက်အများကြီးပင်ပန်းခံပြီး ရှာဖွေနေရသူတွေ အများကြီးရှိနေတယ်ဆိုတာ သတိပြုပါ… ဆင်းရဲလွန်းတဲ့အဖိုးအဖွားတွေအတွက် ငွေ တစ်သောင်း ငွေတစ်သိန်းဟာ အလွန်တန်ဖိုးရှိတယ်ဆိုတာ သငျမမေ့ပါနဲ့…

မိတ်ဆွေ ငွေသုံးပါ ငွေမဖြုန်းပါနဲ့…
credit

Be the first to comment

Leave a Reply

Your email address will not be published.


*