သင္ခန္းစာယူပါ ညီမေလး

သင်ခန်းစာယူပါ ညီမလေး
သင်ခန်းစာယူပါ ညီမလေး

သင္ခန္းစာယူပါ ညီမေလး

မင္းေကာင္မေလးနဲ႔ မင္း chatting ထိုင္ေနတယ္။ ႐ုတ္တရက္ သူနဲ႔ ဆက္ဇ္ chat လုပ္ခ်င္လာတယ္။ မင္း သူ႔ဆီက ေဖာ္ခြၽတ္ျပထားတဲ့ ဓာတ္ပုံကို ေတာင္းတယ္။ ေကာင္မေလးက မေပးဘူး ျငင္းတယ္။ မင္း ဆက္ေတာင္းတယ္။

ေကာင္မေလးက သူ႔ကို နားလည္ေပးဖို႔ ေတာင္းဆိုတယ္။ မင္းကလည္း မင္းကို ယုံဖို႔ ေျပာျပတယ္။ ေကာင္မေလးက ပုံမျပရဲဘူး ထပ္ျငင္းတယ္။ မင္း ဆက္ေတာင္းေသးတယ္။ ေကာင္မေလးက မင္းကို ခဏေစာင့္ခိုင္းတယ္။

မင္း ခဏေစာင့္ေနလိုက္တယ္။ ဓာတ္ပုံ ေရာက္လာတယ္။ မင္းေပ်ာ္သြားတယ္။ မင္းဖာသာ အာသာေျဖတယ္။ မင္းကိစၥၿပီးေတာ့ သူ႔ဓာတ္ပုံကို ျပန္ၾကည့္ တယ္။ မင္း႐ြံသြားတယ္။ တန္ဖိုးထားစရာ မေကာင္းေတာ့ဘူး။ မသတီေတာ့ဘူး။

မင္း တစ္ခုခု ဆုံးျဖတ္ခ်က္ ခ်လိုက္တယ္။ ဓာတ္ပုံကို ေဖ့စ္ဘုတ္ေပၚကို တင္လိုက္တယ္။ သူ႔ကိုပါ Tag တြဲလိုက္ေသးတယ္။ ေကာင္မေလး ေတြ႕သြားတယ္။ မင္းကို ဖ်က္ခိုင္းတယ္။ ငိုယိုၿပီး ေတာင္းပန္ရွာတယ္။

ဒါေပမယ့္ မင္း မဖ်က္ဘူး။ ေကာင္မေလးက မင္းဖ်က္ေပးရင္ ဓာတ္ပုံေတြ ထပ္ပို႔ပါ့မယ္လို႔ ေျပာတယ္။ မင္းက မင္း အကုန္ျမင္ၿပီးၿပီမို႔ မလိုေတာ့ဘူးလို႔ ေျပာလိုက္တယ္။

လူေတြ တစ္ေယာက္ၿပီး တစ္ေယာက္ လာ လက္မေထာင္ၾကတယ္။ Reaction ေတြ ေပးၾကတယ္။ တခ်ိဳ႕က ကြန္မန႔္ေတြမွာ ေအာက္လုံးေတြနဲ႔ လာ႐ိုင္းၾကတယ္။ တခ်ိဳ႕က ကာကြယ္ေပးေနၾကတယ္။ တခ်ိဳ႕ကေတာ့ သနားၾကတယ္။ တခ်ိဳ႕ကေတာ့ ရယ္ေမာ ေလွာင္ေျပာင္ၾကတယ္။

သူ႔ သူငယ္ခ်င္းေတြပါ ဓာတ္ပုံကို ေတြ႕သြားၾကတယ္။ တခ်ိဳ႕ သူငယ္ခ်င္းေတြ စိတ္ပ်က္ကုန္ၾကတယ္။ တခ်ိဳ႕က စတင္ ပုတ္ခတ္လာၾကတယ္။ တခ်ိဳ႕ သူငယ္ခ်င္းေတြက ကာကြယ္ေပးၾကတယ္။ ဒါေပမယ့္ တစ္ေယာက္အတြက္မွ ထူးမသြားဘူး။

မိေမြးတိုင္း ဖေမြးတိုင္းပုံဆိုတာ လူတိုင္း ျမင္ဖူးၿပီးသား။ တခ်ိဳ႕ေတြက ရွယ္ၾကတယ္။ တခ်ိဳ႕ေတြက ေဆ့ဗ္လုပ္ထားၾကတယ္။ တခ်ိဳ႕ဆိုရင္ ေကာင္မေလးရဲ႕ အမ်ိဳးေတြကို သြားျပၾကတယ္။ ေကာင္မေလး ေနာင္တရတယ္။ ငိုတယ္။

ေနာက္တစ္ေန႔ သူမ ေက်ာင္းသြားေတာ့ လူေတြက သူ႔ကို မဲ့႐ြဲ႕ျပတယ္။ အတန္းထဲ ဝင္ထိုင္ထိုင္ခ်င္း ေက်ာင္းအုပ္က လွမ္းေခၚတယ္။ သူမ ရွင္းျပတယ္။ လက္မခံဘူး။ မိဘ ေခၚခံရတယ္။ မိဘေတြ လိုက္လာတဲ့အခါ သူမကို ေက်ာင္းထုတ္ပစ္လိုက္ၾကတယ္။

မိဘေတြက ရွိခိုးၿပီး ေတာင္းပန္တယ္။ ေက်ာင္းအုပ္က ေခါင္းကို ေကာ့ေနေအာင္ ေမာ့ထားတယ္။ သူတို႔ သုံးေယာက္ အိမ္ျပန္သြားၾကတယ္။ လမ္းမွာ အေမက ဆူၿပီး အိမ္မွာ အေဖက ႐ိုက္တယ္။ ဖုန္းကို သိမ္းတယ္။ သူမ ဘဝ အကုန္ ႐ိုက္ခ်ိဳး ခံလိုက္ရတယ္။ ေကာင္မေလး အိမ္က ထြက္ေျပးတယ္။

လမ္းတေလွ်ာက္ လူေတြက လက္ညႇိဳးေတြ ထိုးရယ္ၾကတယ္။ အေတြးေတြ မ်ားလာၿပီး ေနခ်င္စိတ္ေတြ နည္းလာတယ္။ ေသခ်င္စိတ္ေတြ ျပင္းလာၿပီး သတ္ေသဖို႔ ဆုံးျဖတ္လိုက္တယ္။ အိမ္ကို ျပန္တယ္။ အေမ့ကုတင္ေအာက္က ႂကြက္သတ္ေဆးကို ယူတယ္။

အခန္းကိုျပန္တယ္။ ပုလင္းအဖုံးကို ဖြင့္တယ္။ ျမန္ျမန္ေမာ့ခ်ၿပီး သူမ ကုတင္ေပၚ ပစ္လွဲလိုက္တယ္။ ၂ မိနစ္အတြင္း ေသဆုံးသြားခဲ့တယ္။ မိဘေတြက ႐ိုက္ရတာ အားမရလို႔ ထပ္႐ိုက္ဖို႔ ေခၚတယ္။ သူ ျပန္မထူးခဲ့ဘူး။ စိတ္ေတြဆိုးၿပီး ထပ္ေအာ္ေခၚတယ္။ ေကာင္မေလး အသံထြက္ မလာေတာ့ဘူး။

အခန္းထဲထိ ဝင္႐ိုက္မယ္ လုပ္ၿပီး ဝင္သြားၾကတယ္။ ေသေနတဲ့ သမီးရဲ႕ အေလာင္းကို ေတြ႕ခဲ့ၾကတယ္။ ႂကြက္သတ္ေဆး ဝယ္မိတဲ့ အေမက ကိုယ့္ကိုယ္ကို အျပစ္တင္တယ္။ ႐ိုက္မိတဲ့ အေဖက ကိုယ့္ကိုယ္ ကို အျပစ္တင္တယ္။ သူတို႔ ၂ ေယာက္စလုံး အႀကီးအက်ယ္ ငိုေႂကြးၾကတယ္။

ေသဆုံးတဲ့ သတင္းၾကားတဲ့အခါ အမ်ိဳးေတြလည္း စိတ္မေကာင္း ျဖစ္ၾကတယ္။ သူငယ္ခ်င္း အရင္းေတြလည္း ဝမ္းနည္းၾကတယ္။ ငိုယိုၾကပါတယ္။ မင္းလည္း ဒီသတင္းကို ၾကားမိတယ္။ အခ်ိန္ေတြကို အေနာက္ျပန္ရစ္ခ်င္လာတယ္။ လူတစ္ေယာက္ရဲ႕ ကံၾကမၼာကို ျပန္ျပင္ေပးခ်င္လာတယ္။

အသုဘခ်တဲ့ေန႔မွာ လူအားလုံး ငိုေႂကြးေနၾကတယ္။ အသုဘ ၿပီးသြားၿပီ။ အားလုံးကိုယ္စီ ျပန္သြားၾကၿပီ။ ေကာင္မေလးရဲ႕ မိဘေတြ ဘဝ ေျပာင္းလဲ သြားၾကၿပီ။ သူ႔ သူငယ္ခ်င္းေတြ ဘဝ ေျပာင္းလဲ သြားၾကၿပီ။ မင္းရဲ႕ ဘဝ လည္း ေျပာင္းလဲ သြားခဲ့ၿပီ။

ဘာမဟုတ္တဲ့ ကိစၥတစ္ခုေၾကာင့္ ေကာင္မေလး တစ္ေယာက္ကေတာ့ ဘဝပါ ေျပာင္းသြားခဲ့ပါၿပီ။ ဘဝဆိုတာ ဓာတ္လိုက္တတ္တယ္။ လူတိုင္းဟာ မင္းကို ေရွာ့ခ္ရ ေစႏိုင္တယ္။ ဘဝေပးမွ ခ်စ္မွာလား

သုံးႏွစ္သုံးမိုးအစဥ္လာကိုဖ်တ္ၿပီးေတာ့ စိတ္အလ်င္ကိုလိုက္ အခ်စ္ေတြေပးမိတာက မိန္းကေလးတစ္ေယာက္ ရဲ႕မာနကို ခဝါခ်ခဲ့တာမဟုတ္ဘူး။ ဘဝကိုေပးဖို႔ Sexေရးတိုင္ပင္ တစ္ကယ္ယူမွာပါဆိုတဲ့ စကားတစ္ခြန္းအစား မိဘေတြနဲ႔မိတ္ဆက္ေပးမယ္ဆိုတာေလး ေျပာမထြက္ခဲ့တာလား စာလုံးမေပါင္းတက္ခဲ့တာလား……

ဘဝတစ္ခုလုံး ပုံအပ္ဖို႔ေတာင္းဆိုၿပီး တရားဝင္လက္မွတ္ေလး သုံးစကၠန႔္ေလာက္က မိန္းမသားေတြဘဝထက္ အရမ္းတန္ဖိုးျမင့္ေနလို႔လား။ အဝတ္စလစ္နဲ႔ အရွက္မဲ့ေနတဲ့ တည္းခိုခန္းကုတင္တစ္ခုထက္မွာထက္ ျမန္မာဆန္ေလးနဲ႔ အိမ္ဧည့္ခန္းမွာ မိဘႏွစ္ပါးနဲ႔ အလိမၼာစကားေလးေတြ ေျပာတာက တန္ဖိုးရွိတယ္….။

တစ္ကယ္လို႔ မ်က္ရည္က်ခဲ့တယ္ဆိုေတာင္ တည္းခိုခန္း ကေခါင္းအုံးေပၚမွာ ေႂကြကြဲလို႔က်တဲ့မ်က္ရည္ထက္ မိဘေတြဆီလာေတာင္းလို႔ က်တဲ့ ပိတိမ်က္ရည္မ်ိဳးက တန္ဖိုးရွိတယ္။ လိင္ကိစၥ နဲ႔ အခ်စ္ ကြဲပါေစ…။
#credit.

Unicode

သင်ခန်းစာယူပါ ညီမလေး

မင်းကောင်မလေးနဲ့ မင်း chatting ထိုင်နေတယ်။ ရုတ်တရက် သူနဲ့ ဆက်ဇ် chat လုပ်ချင်လာတယ်။ မင်း သူ့ဆီက ဖော်ချွတ်ပြထားတဲ့ ဓာတ်ပုံကို တောင်းတယ်။ ကောင်မလေးက မပေးဘူး ငြင်းတယ်။ မင်း ဆက်တောင်းတယ်။

ကောင်မလေးက သူ့ကို နားလည်ပေးဖို့ တောင်းဆိုတယ်။ မင်းကလည်း မင်းကို ယုံဖို့ ပြောပြတယ်။ ကောင်မလေးက ပုံမပြရဲဘူး ထပ်ငြင်းတယ်။ မင်း ဆက်တောင်းသေးတယ်။ ကောင်မလေးက မင်းကို ခဏစောင့်ခိုင်းတယ်။

မင်း ခဏစောင့်နေလိုက်တယ်။ ဓာတ်ပုံ ရောက်လာတယ်။ မင်းပျော်သွားတယ်။ မင်းဖာသာ အာသာဖြေတယ်။ မင်းကိစ္စပြီးတော့ သူ့ဓာတ်ပုံကို ပြန်ကြည့် တယ်။ မင်းရွံသွားတယ်။ တန်ဖိုးထားစရာ မကောင်းတော့ဘူး။ မသတီတော့ဘူး။

မင်း တစ်ခုခု ဆုံးဖြတ်ချက် ချလိုက်တယ်။ ဓာတ်ပုံကို ဖေ့စ်ဘုတ်ပေါ်ကို တင်လိုက်တယ်။ သူ့ကိုပါ Tag တွဲလိုက်သေးတယ်။ ကောင်မလေး တွေ့သွားတယ်။ မင်းကို ဖျက်ခိုင်းတယ်။ ငိုယိုပြီး တောင်းပန်ရှာတယ်။

ဒါပေမယ့် မင်း မဖျက်ဘူး။ ကောင်မလေးက မင်းဖျက်ပေးရင် ဓာတ်ပုံတွေ ထပ်ပို့ပါ့မယ်လို့ ပြောတယ်။ မင်းက မင်း အကုန်မြင်ပြီးပြီမို့ မလိုတော့ဘူးလို့ ပြောလိုက်တယ်။

လူတွေ တစ်ယောက်ပြီး တစ်ယောက် လာ လက်မထောင်ကြတယ်။ Reaction တွေ ပေးကြတယ်။ တချို့က ကွန်မန့်တွေမှာ အောက်လုံးတွေနဲ့ လာရိုင်းကြတယ်။ တချို့က ကာကွယ်ပေးနေကြတယ်။ တချို့ကတော့ သနားကြတယ်။ တချို့ကတော့ ရယ်မော လှောင်ပြောင်ကြတယ်။

သူ့ သူငယ်ချင်းတွေပါ ဓာတ်ပုံကို တွေ့သွားကြတယ်။ တချို့ သူငယ်ချင်းတွေ စိတ်ပျက်ကုန်ကြတယ်။ တချို့က စတင် ပုတ်ခတ်လာကြတယ်။ တချို့ သူငယ်ချင်းတွေက ကာကွယ်ပေးကြတယ်။ ဒါပေမယ့် တစ်ယောက်အတွက်မှ ထူးမသွားဘူး။

မိမွေးတိုင်း ဖမွေးတိုင်းပုံဆိုတာ လူတိုင်း မြင်ဖူးပြီးသား။ တချို့တွေက ရှယ်ကြတယ်။ တချို့တွေက ဆေ့ဗ်လုပ်ထားကြတယ်။ တချို့ဆိုရင် ကောင်မလေးရဲ့ အမျိုးတွေကို သွားပြကြတယ်။ ကောင်မလေး နောင်တရတယ်။ ငိုတယ်။

နောက်တစ်နေ့ သူမ ကျောင်းသွားတော့ လူတွေက သူ့ကို မဲ့ရွဲ့ပြတယ်။ အတန်းထဲ ဝင်ထိုင်ထိုင်ချင်း ကျောင်းအုပ်က လှမ်းခေါ်တယ်။ သူမ ရှင်းပြတယ်။ လက်မခံဘူး။ မိဘ ခေါ်ခံရတယ်။ မိဘတွေ လိုက်လာတဲ့အခါ သူမကို ကျောင်းထုတ်ပစ်လိုက်ကြတယ်။

မိဘတွေက ရှိခိုးပြီး တောင်းပန်တယ်။ ကျောင်းအုပ်က ခေါင်းကို ကော့နေအောင် မော့ထားတယ်။ သူတို့ သုံးယောက် အိမ်ပြန်သွားကြတယ်။ လမ်းမှာ အမေက ဆူပြီး အိမ်မှာ အဖေက ရိုက်တယ်။ ဖုန်းကို သိမ်းတယ်။ သူမ ဘဝ အကုန် ရိုက်ချိုး ခံလိုက်ရတယ်။ ကောင်မလေး အိမ်က ထွက်ပြေးတယ်။

လမ်းတလျှောက် လူတွေက လက်ညှိုးတွေ ထိုးရယ်ကြတယ်။ အတွေးတွေ များလာပြီး နေချင်စိတ်တွေ နည်းလာတယ်။ သေချင်စိတ်တွေ ပြင်းလာပြီး သတ်သေဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ကို ပြန်တယ်။ အမေ့ကုတင်အောက်က ကြွက်သတ်ဆေးကို ယူတယ်။

အခန်းကိုပြန်တယ်။ ပုလင်းအဖုံးကို ဖွင့်တယ်။ မြန်မြန်မော့ချပြီး သူမ ကုတင်ပေါ် ပစ်လှဲလိုက်တယ်။ ၂ မိနစ်အတွင်း သေဆုံးသွားခဲ့တယ်။ မိဘတွေက ရိုက်ရတာ အားမရလို့ ထပ်ရိုက်ဖို့ ခေါ်တယ်။ သူ ပြန်မထူးခဲ့ဘူး။ စိတ်တွေဆိုးပြီး ထပ်အော်ခေါ်တယ်။ ကောင်မလေး အသံထွက် မလာတော့ဘူး။

အခန်းထဲထိ ဝင်ရိုက်မယ် လုပ်ပြီး ဝင်သွားကြတယ်။ သေနေတဲ့ သမီးရဲ့ အလောင်းကို တွေ့ခဲ့ကြတယ်။ ကြွက်သတ်ဆေး ဝယ်မိတဲ့ အမေက ကိုယ့်ကိုယ်ကို အပြစ်တင်တယ်။ ရိုက်မိတဲ့ အဖေက ကိုယ့်ကိုယ် ကို အပြစ်တင်တယ်။ သူတို့ ၂ ယောက်စလုံး အကြီးအကျယ် ငိုကြွေးကြတယ်။

သေဆုံးတဲ့ သတင်းကြားတဲ့အခါ အမျိုးတွေလည်း စိတ်မကောင်း ဖြစ်ကြတယ်။ သူငယ်ချင်း အရင်းတွေလည်း ဝမ်းနည်းကြတယ်။ ငိုယိုကြပါတယ်။ မင်းလည်း ဒီသတင်းကို ကြားမိတယ်။ အချိန်တွေကို အနောက်ပြန်ရစ်ချင်လာတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြန်ပြင်ပေးချင်လာတယ်။

အသုဘချတဲ့နေ့မှာ လူအားလုံး ငိုကြွေးနေကြတယ်။ အသုဘ ပြီးသွားပြီ။ အားလုံးကိုယ်စီ ပြန်သွားကြပြီ။ ကောင်မလေးရဲ့ မိဘတွေ ဘဝ ပြောင်းလဲ သွားကြပြီ။ သူ့ သူငယ်ချင်းတွေ ဘဝ ပြောင်းလဲ သွားကြပြီ။ မင်းရဲ့ ဘဝ လည်း ပြောင်းလဲ သွားခဲ့ပြီ။

ဘာမဟုတ်တဲ့ ကိစ္စတစ်ခုကြောင့် ကောင်မလေး တစ်ယောက်ကတော့ ဘဝပါ ပြောင်းသွားခဲ့ပါပြီ။ ဘဝဆိုတာ ဓာတ်လိုက်တတ်တယ်။ လူတိုင်းဟာ မင်းကို ရှော့ခ်ရ စေနိုင်တယ်။ ဘဝပေးမှ ချစ်မှာလား

သုံးနှစ်သုံးမိုးအစဉ်လာကိုဖျတ်ပြီးတော့ စိတ်အလျင်ကိုလိုက် အချစ်တွေပေးမိတာက မိန်းကလေးတစ်ယောက် ရဲ့မာနကို ခဝါချခဲ့တာမဟုတ်ဘူး။ ဘဝကိုပေးဖို့ Sexရေးတိုင်ပင် တစ်ကယ်ယူမှာပါဆိုတဲ့ စကားတစ်ခွန်းအစား မိဘတွေနဲ့မိတ်ဆက်ပေးမယ်ဆိုတာလေး ပြောမထွက်ခဲ့တာလား စာလုံးမပေါင်းတက်ခဲ့တာလား……

ဘဝတစ်ခုလုံး ပုံအပ်ဖို့တောင်းဆိုပြီး တရားဝင်လက်မှတ်လေး သုံးစက္ကန့်လောက်က မိန်းမသားတွေဘဝထက် အရမ်းတန်ဖိုးမြင့်နေလို့လား။ အဝတ်စလစ်နဲ့ အရှက်မဲ့နေတဲ့ တည်းခိုခန်းကုတင်တစ်ခုထက်မှာထက် မြန်မာဆန်လေးနဲ့ အိမ်ဧည့်ခန်းမှာ မိဘနှစ်ပါးနဲ့ အလိမ္မာစကားလေးတွေ ပြောတာက တန်ဖိုးရှိတယ်….။

တစ်ကယ်လို့ မျက်ရည်ကျခဲ့တယ်ဆိုတောင် တည်းခိုခန်း ကခေါင်းအုံးပေါ်မှာ ကြွေကွဲလို့ကျတဲ့မျက်ရည်ထက် မိဘတွေဆီလာတောင်းလို့ ကျတဲ့ ပိတိမျက်ရည်မျိုးက တန်ဖိုးရှိတယ်။ လိင်ကိစ္စ နဲ့ အချစ် ကွဲပါစေ…။
#credit.

Be the first to comment

Leave a Reply

Your email address will not be published.


*