ျဖစ္ခ်ိန္တန္ ျဖစ္ ပ်က္ခ်ိန္တန္ ပ်က္တာ ေလာက ဓမၼတာပါ…

ျဖစ္ခ်ိန္တန္ ျဖစ္ ပ်က္ခ်ိန္တန္ ပ်က္တာ ေလာက ဓမၼတာပါ…

15-5-2019 တုန္းက မိုးႀကိဳးစက္ကြင္းမိလို႔ က်ိဳက္ထီး႐ိုးေစတီေတာ္ ေက်ာက္လုံးေတာ္ႀကီး အျပင္ေက်ာက္လႊာ အနည္းငယ္ကြာက်တယ္။ 16-5-2022မွာ မိုးႀကိဳးစက္ကြင္း မလြတ္လို႔ အျပင္ေက်ာက္လႊာ အနည္းငယ္ ကြာက်တယ္။

ဒါေတြဟာ သဘာဝဒဏ္ေၾကာင့္ ျဖစ္ရတယ္။ ဘုရားေဟာထားတာရွိတယ္။ ဘယ္ဟာမဆို ျဖစ္ၿပီးရင္ ပ်က္မယ္ဆိုတဲ့ သေဘာဘဲ။ ဒါကို နားလည္ရင္ ဟိုနိမိတ္ ဒီနိမိတ္ေတြ ေျပာစရာမလိုဘူး။အညာမွာ မိုးႀကီးလို႔ ဧရာဝတီျမစ္ကမ္းမွာ တည္ထားတဲ့ ေစတီၿပိဳတယ္။

စစ္ကိုင္းဘက္မွာ ငလွ်င္လႈပ္လို႔ ထီးေတာ္ေတြ ေျမခတယ္။ပုဂံမွာ ငလွ်င္လႈပ္လို႔ ေစတီေတြပ်က္စီးတယ္… သဘာဝေဘးဒဏ္ရယ္ ႏွစ္ေပါင္းေထာင္ခ်ီၾကာေတာ့ အုတ္အဆက္ဆြဲအားေတြ က်လာတာရယ္ေၾကာင့္ ပ်က္စီးၿပိဳက်တယ္။ ကိုယ့္ကိုယ္ကိုဘဲ ေလ့လာၾကည့္ပါ။

အသက္ႀကီးလာၿပီဆိုရင္ ငယ္႐ြယ္စဥ္ကလို အစားအေသာက္ေတြ မစားႏိုင္ေတာ့ဘူး။ လႈပ္ရွားတာေတြ မလုပ္ႏိုင္ေတာ့ဘူး….. စသည္ျဖင့္ေပါ့, ယိုယြင္းလာတယ္။ ခုလဲ ဒီလိုဘဲ ႏွစ္ေတြၾကာလာေတာ့ ယိုယြင္းလာၿပီး မိုးႀကိဳး
စက္ကြင္းမိ,ငလ်င္ေတြလႈပ္ေတာ့ ပ်က္စီးလာတာဘဲ။

ဒါကို မေကာင္းတဲ့နိမိတ္ေတြေကာက္ၿပီး ေျပာဆိုေနၾကတာဟာ အသိဉာဏ္မဲ့လြန္းတယ္လို႔ ေျပာခ်င္တယ္။ ဘယ္အရာမဆို ပ်က္ခ်ိန္တန္ရင္ ပ်က္တာဘဲ။ ဘယ္ေလာက္တန္ခိုးႀကီးႀကီး ဘြဲ႕ေတြဘယ္ေလာက္ရရ, အာဏာေတြ ဘယ္ေလာက္ရွိရွိ တစ္ခ်ိန္ခ်ိန္မွာ ပ်က္စီးမယ္,ေသၾကမယ္။

ဒီအတိုင္းသြားၾကမွာဘဲ။ က်ိဳက္ထီး႐ိုးေစတီမွာ မိုးႀကိဳးစက္ကြင္းေၾကာင့္ အျပင္ေက်ာက္လႊာကြာတာဟာ ေက်ာက္လုံးေတာ္ႀကီးကို မထိခိုက္ဘူး။ ကြာခ်ိန္တန္လို႔ကြာတာ။

မိုးႀကိဳးစက္ကြင္းလြတ္လဲ ေနာက္ကြာမွာဘဲ။ အရင္ကလဲ သူ႔အလိုလိုကြာတာဘဲ။ ေလ့လာၾကည့္ပါ။ တျခားတိုင္းျပည္ေတြမွာလဲ သဘာဝေဘးဒဏ္ရွိတာပါဘဲ။ ျမန္မာႏိုင္ငံတခုထဲ ကြက္ျဖစ္တာ မဟုတ္ဘူး။

ေနာက္ဆုံးေျပာခ်င္တာက သဘာဝေဘးေၾကာင့္ျဖစ္တာကို မေကာင္းတဲ့နိမိတ္ေတြ ေျပာဆိုေနမဲ့အစား ကုသိုလ္အလုပ္ေတြလုပ္ပါ။ မနာလိုစိတ္ မထားပါနဲ႔။ သူမ်ားကို ကူညီပါ။ အရာရာ အေကာင္းျမင္စိတ္ ေမြးႏိုင္ေအာင္ႀကိဳးစားပါ။

ေမတၱာျဖင့္
kmt. ygn…

credit : https://www. facebook. com/ profile.php?id=100010338698387 မွဂရုတြင္တင္ထားေသာပို႔စ္အား ကူးယူေဖာ္ျပသည္။

Unicode

ဖြစ်ချိန်တန် ဖြစ် ပျက်ချိန်တန် ပျက်တာ လောက ဓမ္မတာပါ…

15-5-2019 တုန်းက မိုးကြိုးစက်ကွင်းမိလို့ ကျိုက်ထီးရိုးစေတီတော် ကျောက်လုံးတော်ကြီး အပြင်ကျောက်လွှာ အနည်းငယ်ကွာကျတယ်။ 16-5-2022မှာ မိုးကြိုးစက်ကွင်း မလွတ်လို့ အပြင်ကျောက်လွှာ အနည်းငယ် ကွာကျတယ်။

ဒါတွေဟာ သဘာဝဒဏ်ကြောင့် ဖြစ်ရတယ်။ ဘုရားဟောထားတာရှိတယ်။ ဘယ်ဟာမဆို ဖြစ်ပြီးရင် ပျက်မယ်ဆိုတဲ့ သဘောဘဲ။ ဒါကို နားလည်ရင် ဟိုနိမိတ် ဒီနိမိတ်တွေ ပြောစရာမလိုဘူး။အညာမှာ မိုးကြီးလို့ ဧရာဝတီမြစ်ကမ်းမှာ တည်ထားတဲ့ စေတီပြိုတယ်။

စစ်ကိုင်းဘက်မှာ ငလျှင်လှုပ်လို့ ထီးတော်တွေ မြေခတယ်။ပုဂံမှာ ငလျှင်လှုပ်လို့ စေတီတွေပျက်စီးတယ်… သဘာဝဘေးဒဏ်ရယ် နှစ်ပေါင်းထောင်ချီကြာတော့ အုတ်အဆက်ဆွဲအားတွေ ကျလာတာရယ်ကြောင့် ပျက်စီးပြိုကျတယ်။ ကိုယ့်ကိုယ်ကိုဘဲ လေ့လာကြည့်ပါ။

အသက်ကြီးလာပြီဆိုရင် ငယ်ရွယ်စဉ်ကလို အစားအသောက်တွေ မစားနိုင်တော့ဘူး။ လှုပ်ရှားတာတွေ မလုပ်နိုင်တော့ဘူး….. စသည်ဖြင့်ပေါ့, ယိုယွင်းလာတယ်။ ခုလဲ ဒီလိုဘဲ နှစ်တွေကြာလာတော့ ယိုယွင်းလာပြီး မိုးကြိုး
စက်ကွင်းမိ,ငလျင်တွေလှုပ်တော့ ပျက်စီးလာတာဘဲ။

ဒါကို မကောင်းတဲ့နိမိတ်တွေကောက်ပြီး ပြောဆိုနေကြတာဟာ အသိဉာဏ်မဲ့လွန်းတယ်လို့ ပြောချင်တယ်။ ဘယ်အရာမဆို ပျက်ချိန်တန်ရင် ပျက်တာဘဲ။ ဘယ်လောက်တန်ခိုးကြီးကြီး ဘွဲ့တွေဘယ်လောက်ရရ, အာဏာတွေ ဘယ်လောက်ရှိရှိ တစ်ချိန်ချိန်မှာ ပျက်စီးမယ်,သေကြမယ်။

ဒီအတိုင်းသွားကြမှာဘဲ။ ကျိုက်ထီးရိုးစေတီမှာ မိုးကြိုးစက်ကွင်းကြောင့် အပြင်ကျောက်လွှာကွာတာဟာ ကျောက်လုံးတော်ကြီးကို မထိခိုက်ဘူး။ ကွာချိန်တန်လို့ကွာတာ။

မိုးကြိုးစက်ကွင်းလွတ်လဲ နောက်ကွာမှာဘဲ။ အရင်ကလဲ သူ့အလိုလိုကွာတာဘဲ။ လေ့လာကြည့်ပါ။ တခြားတိုင်းပြည်တွေမှာလဲ သဘာဝဘေးဒဏ်ရှိတာပါဘဲ။ မြန်မာနိုင်ငံတခုထဲ ကွက်ဖြစ်တာ မဟုတ်ဘူး။

နောက်ဆုံးပြောချင်တာက သဘာဝဘေးကြောင့်ဖြစ်တာကို မကောင်းတဲ့နိမိတ်တွေ ပြောဆိုနေမဲ့အစား ကုသိုလ်အလုပ်တွေလုပ်ပါ။ မနာလိုစိတ် မထားပါနဲ့။ သူများကို ကူညီပါ။ အရာရာ အကောင်းမြင်စိတ် မွေးနိုင်အောင်ကြိုးစားပါ။

မေတ္တာဖြင့်
kmt. ygn…

credit : https://www. facebook. com/ profile.php?id=100010338698387 မှဂရုတွင်တင်ထားသောပို့စ်အား ကူးယူဖော်ပြသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*