အသည္းအတြက္သဘာဝအားေဆး

အသည္းအတြက္သဘာဝအားေဆး

ေန႔စဥ္စားေသာက္ေနရတဲ့အစားအေသာက္ေတြမွာ ပါဝင္ေနတဲ့အဆိပ္ေတြေၾကာင့္ က်ေနာ္တို႔ျမန္မာေတြ အသည္းမေကာင္းၾကေတာ့ဘူး။ ပတ္ဝန္းက်င္ကပိုးမႊားေတြေၾကာင့္လည္း အသည္းမွာပိုးေတြတြယ္ေနၾကၿပီ။ မေကာင္းတဲ့အသည္းဆိုရင္ ပိုးေတြဘီလ်ံခ်ီၿပီး အိမ္ဖြဲ႕ေနၾကတယ္။ သၾကားဓာတ္ေတြအစားမ်ားတဲ့အတြက္လည္း အသည္းမွာအဆီဖတ္ေတြဖုံးေနျပန္ေရာ။

အသည္းဆိုတာကေသြးခဲႀကီးဗ်၊ သိပ္ႏူးညံ့တာ။ လက္နဲ႔ေခ်ရင္ေတာင္ ေၾကသြားႏိုင္တယ္။ ပ်က္စီးဖို႔သိပ္လြယ္တယ္။ အထိခိုက္မခံဘူး။ င႐ုတ္သီးပြေျခာက္ထဲက မႈိနဲ႔ေတြ႕ရင္ေတာင္ ပ်က္စီးသြားႏိုင္ပါတယ္။ အသည္းကသိပ္ႏူးညံ့ေပမဲ့ အလုပ္ေတြေတာ့ အမ်ားႀကီးလုပ္ရတယ္။

ေန႔စဥ္လုပ္ရတဲ့အသည္းလုပ္ငန္းေပါင္းတစ္ရာေက်ာ္ကို ေန႔ေရာညပါလုပ္ေနရတယ္။ အသည္းမေကာင္းရင္တစ္ကိုယ္လုံးမက်န္းမာေတာ့ဘူး။ လုံးပါးပါးၿပီးအသက္တိုေတာ့တာပါပဲ။ အသည္းနဲ႔လူနဲ႔က တိုက္႐ိုက္အခ်ိဳးက်တယ္။ လူဝရင္အသည္းလည္းဝ (အဆီဖုံး)တယ္၊ အသည္းမေကာင္းရင္ လူလည္းက်န္းမာေရးခ်ိဳ႕တဲ့ပါတယ္။

လူဆိုတာဟာကိုယ္ခံစြမ္းအားေကာင္းရင္ ေရာဂါမျဖစ္ႏိုင္ဘူး။ ဒါေၾကာင့္အသည္းေရာဂါေတြ မျဖစ္ခ်င္ဘူးဆိုရင္ အသည္းကိုလည္း အားရွိေအာင္လုပ္ေပးရမွာေပါ့။ အသည္းသာအားရွိေနပါေစ၊ အသည္းနဲ႔ပတ္သက္တဲ့ေရာဂါေတြ မကပ္ေရာက္ႏိုင္ဘူး။

ဘီပိုး၊ စီပိုး၊ မႈိအဆိပ္၊ အသည္းကပ္ပါးပိုး၊ အသည္းဖ်က္သံခ်ိတ္ေကာင္၊ အယ္ဒီဟိုက္အဆိပ္၊ အယ္ကိုေဟာ၊ ဓာတ္ေျမၾသဇာနဲ႔ဓာတုေဆးႂကြင္းမ်ိဳးစုံေတြရဲ႕ဒဏ္ကို ႀကံ့ႀကံ့ခံႏိုင္ရည္ရွိၿပီး အသည္းေျခာက္ျခင္း၊ အသည္းႂကြပ္ျခင္း၊ အသည္းCellမ်ားပ်က္စီးျခင္းကေန ဆက္ျဖစ္လာတဲ့အသည္းကင္ဆာျဖစ္ျခင္းမွ ကာကြယ္ထားႏိုင္တာေပါ့။

အသည္းအတြက္သဘာဝႀကီးကေပးထားတဲ့အားေဆးကေတာ့ ထန္းသီးျဖစ္ပါတယ္။ ထန္းသီးထိပ္ဖက္ကိုဒါးနဲ႔လွီးလိုက္ရင္ အိမ္၃အိမ္ေတြ႕လိမ့္မယ္။ အဲဒါကိုလက္ညႇိဳးနဲ႔ေဖာက္လိုက္ရင္ အထဲကအရည္ေတြပန္းထြက္လာေရာ။ အရည္ေတြကိုစုပ္ၿပီးေသာက္ပါ။ အထဲမွာထန္းသီးရွိတယ္။ အဲဒီထန္းသီးကိုစားပါ။ ဂ်ယ္လီေလးေတြသိပ္စားေကာင္းတယ္။ ထန္းသီးထဲကအရည္နဲ႔ ဂ်ယ္လီဟာအသည္းအတြက္ လိုအပ္တဲ့အင္ဇိုင္းေတြျဖစ္တယ္။

အသည္းကလိုအပ္တဲ့အင္ဇိုင္းေတြျပည့္သြားေတာ့ အင္မတန္အားေကာင္းလာၿပီး သူ႔မွာရွိတဲ့ေရာဂါေတြကို သူကိုယ္တိုင္ဖယ္ရွားပစ္လိုက္တယ္။ တကယ့္ကိုအံ့ၾသစရာေကာင္းေလာက္ေအာင္ လွ်င္ျမန္စြာျပန္ေကာင္းေအာင္ လုပ္ႏိုင္ပါတယ္။ သာဓဏေလး၂ခု၃ခုေလာက္ ထုတ္ျပေပးပါမယ္။

နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕ကစက္႐ုံဝန္ထမ္းတစ္ေယာက္ သူ႔စက္႐ုံကchemicalအဆိပ္သင့္ၿပီး အသည္းေရာဂါျဖစ္လာတယ္။ အလုပ္မလုပ္ႏိုင္ေတာ့လို႔ ရန္ကုန္မွာ ေဆး႐ုံလာတက္ၿပီးကုတယ္။ တစ္လခြဲၾကာတဲ့အထိ မေပ်ာက္တဲ့အျပင္ တစ္ကိုယ္လုံးဝါထိန္လာေတာ့ ဆက္ၿပီးမကုေတာ့ဘဲ သူ႔နယ္ၿမိဳ႕ေလးကိုျပန္သြားတယ္။ နယ္ေရာက္ေတာ့သူ႔သတင္းကိုၾကားတဲ့ သူငယ္ခ်င္းကလိုက္လာၿပီး ကိုယ္ေတြ႕အသည္းေရာဂါေပ်ာက္နည္းကို ေပးလိုက္တယ္။

ထန္းသီးခြဲ၊ အရည္စုပ္ေသာက္၊ အသီးကိုဝေအာင္စား၊ ၿပီးရင္အိပ္ခ်င္လာလိမ့္မယ္၊ အိပ္လိုက္၊ ႏိုးလာရင္ ဆီးေၾကာတင္းလာလိမ့္မယ္၊ ဆီးေတြအမ်ားႀကီးသြားလိမ့္မယ္၊ ၿပီးရင္ဗိုက္တအားဆာလာမယ္၊ အားရပါးရသာစားပစ္လိုက္၊ အားရွိၿပီးလုံးဝေနေကာင္းသြားလိမ့္မယ္လို႔ သူငယ္ခ်င္းက ကိုယ္ေတြ႕ေတြေျပာျပၿပီး ျပန္သြားပါတယ္။

ဒါနဲ႔ပဲသူလည္း ထန္းသီးေတြလိုက္ရွာၿပီး ေနာက္တစ္ရက္မွာပဲ သူငယ္ခ်င္းမွာသလို လိုက္လုပ္ပါတယ္။ သူ႔ရဲ႕သူငယ္ခ်င္းနဲ႔ထပ္တူပဲ တစ္ရက္ထဲနဲ႔အသားဝါတာေတြ မ်က္လုံးဝါတာေတြအားလုံး ယူပစ္သလိုကို ေပ်ာက္သြားပါတယ္။ အသည္းမွာရွိတဲ့ေရာဂါေတြဟာ ဆီးလမ္းေၾကာင္းနဲ႔ဝမ္းလမ္းေၾကာင္းကေန အကုန္ထြက္သြားပါတယ္။

သူလည္းက်န္းမာေရးျပန္ေကာင္းၿပီး အရင္လိုပဲ အလုပ္ဆင္းႏိုင္ပါတယ္။ သူအလုပ္ဆင္းေတာ့ သူ႔လိုပဲအျခားဝန္ထမ္းတစ္ေယာက္လည္း အသည္းေရာဂါျဖစ္လို႔ ဒီနည္းနဲ႔ပဲေပ်ာက္သြားေၾကာင္း ကိုယ္ေတြ႕အေတြ႕အႀကဳံကို မွ်ေဝခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကေတာ့ မႏၲေလးကအမ်ိဳးသားတစ္ေယာက္။ သူကစီပိုးအေကာင္ေရ သန္းခ်ီၿပီးရွိေနၿပီး အသည္းကင္ဆာျဖစ္ေနၿပီ၊ မရေတာ့ဘူးဆိုတဲ့သူ။ ဘာလုပ္ရမွန္းမသိတုန္း အခုလိုထန္းသီးနည္းကိုရသြားၿပီး မႏၲေလးပတ္ဝန္းက်င္က႐ြာေတြမွာ ထန္းသီးလွည့္ပတ္စားေနတာ၂လအၾကာမွာ စီပိုးေတြမရွိေတာ့ဘူး၊ အခုဆိုရင္က်န္းမာတာမဝၿဖိဳးေနတာပဲတဲ့။

ဟိုတစ္ေလာကအိမ္လာတဲ့အင္ဂ်င္နီယာေလးတစ္ေယာက္၊ ႏိုင္ငံျခားမွာအလုပ္သြားလုပ္ဖို႔ ေဆးက်လို႔မသြားရဘူး။ ဘီပိုးရွိလို႔တဲ့၊ ၃ခါေျဖတာ၃ခါလုံးက်တယ္။ ဘာလုပ္ရမလဲတဲ့၊ ထန္းသီးသာရွာစားကြာလို႔။ အခုေတာ့ေဆးေအာင္လို႔ ႏိုင္ငံျခားေရာက္သြားပါၿပီ။ ဝမ္းသာပါတယ္လို႔။

အစာလည္းေဆး ေဆးလည္းအစာဆိုတဲ့အတိုင္း သဘာဝႀကီးကေပးထားတဲ့ ေဆးေတြရွိပါတယ္။ အမ်ားဆုံးကအပင္ေတြမွာရွိေနပါတယ္။ ထန္းပင္သည္လည္း ေဆးဖက္ဝင္အပင္ပါပဲ။ ထန္းသီးကရတဲ့အရည္ ေဆးဖက္ဝင္သလို ထန္းအညႇာကထြက္တဲ့ ထန္းရည္ကလည္းေဆးပါပဲ။ ထန္းလ်က္ကလည္း ေဆးပါပဲ။ ဒါေၾကာင့္ထန္းပင္ေတြခုတ္ေနတာကို တားဆီးဖို႔လိုတယ္။ ထန္းပင္ကို တန္ဖိုးထားရမယ္။

နယ္မွာထန္းသီးေပါေပမဲ့ ရန္ကုန္မွာက နဲနဲရွားတယ္။ သို႔ေသာ္ရွာရင္ ရပါတယ္။ က်ေနာ္ကေတာ့မဂၤလာဒုံေလယာဥ္ကြင္းဘက္ မၾကာခဏေရာက္ေလ့ရွိေတာ့ ေလဆိပ္ရိပ္သာလမ္းမွာ သြားဝယ္စားတယ္။ အုန္းစိမ္း၊ ထန္းသီးအသည္ေတြ တန္းစီေနတာပဲ။ စိတ္ႀကိဳက္စားပဲ။ ရန္ကုန္ကမိတ္ေဆြမ်ား ကိုယ္ပိုင္ကားနဲ႔ေတာင္ သြားစရာမလိုပါဘူး။ အားလပ္ရက္မွာ Airport Bus အသြားအျပန္အေပ်ာ္စီးၿပီး သြားစားလို႔ရတာပဲ။ ၅၀၀ထဲနဲ႔ Aircon Bus ကိုေခ်ာင္ေခ်ာင္စီးၿပီး မိသားစုpicnic ထြက္လို႔ေတာင္ရပါတယ္။

က်ေနာ္တို႔ျမန္မာေတြ ေရွးေရွးကတည္းက ထန္းသီးစားခဲ့ၾကပါတယ္။ အသည္းေရာဂါေတြျဖစ္တယ္ဆိုတာ ၾကားရခဲပါတယ္။ အရက္သမားေတြအသည္းႂကြမ္းၿပီး ေသတာေလာက္ပဲၾကားဖူးပါတယ္။ ဒါေၾကာင့္မည္သူမဆို အသည္းအားရွိေအာင္ ထန္းသီးစားေပးၾကပါလို႔ အလင္းျပေပးပါတယ္ခ်စ္သူမ်ား……Functional Nutrition ပါ။

ခ်စ္ခင္ေလးစားလွ်က္……… ေဆာင္းပါး – အသည္းအားေဆး, စာအုပ္ – ဓာတ္စာ, ေရးသူ – မင္းေက်ာ္ဝင္း
#Credit

Unicode

အသည်းအတွက်သဘာဝအားဆေး

နေ့စဉ်စားသောက်နေရတဲ့အစားအသောက်တွေမှာ ပါဝင်နေတဲ့အဆိပ်တွေကြောင့် ကျနော်တို့မြန်မာတွေ အသည်းမကောင်းကြတော့ဘူး။ ပတ်ဝန်းကျင်ကပိုးမွှားတွေကြောင့်လည်း အသည်းမှာပိုးတွေတွယ်နေကြပြီ။ မကောင်းတဲ့အသည်းဆိုရင် ပိုးတွေဘီလျံချီပြီး အိမ်ဖွဲ့နေကြတယ်။ သကြားဓာတ်တွေအစားများတဲ့အတွက်လည်း အသည်းမှာအဆီဖတ်တွေဖုံးနေပြန်ရော။

အသည်းဆိုတာကသွေးခဲကြီးဗျ၊ သိပ်နူးညံ့တာ။ လက်နဲ့ချေရင်တောင် ကြေသွားနိုင်တယ်။ ပျက်စီးဖို့သိပ်လွယ်တယ်။ အထိခိုက်မခံဘူး။ ငရုတ်သီးပွခြောက်ထဲက မှိုနဲ့တွေ့ရင်တောင် ပျက်စီးသွားနိုင်ပါတယ်။ အသည်းကသိပ်နူးညံ့ပေမဲ့ အလုပ်တွေတော့ အများကြီးလုပ်ရတယ်။

နေ့စဉ်လုပ်ရတဲ့အသည်းလုပ်ငန်းပေါင်းတစ်ရာကျော်ကို နေ့ရောညပါလုပ်နေရတယ်။ အသည်းမကောင်းရင်တစ်ကိုယ်လုံးမကျန်းမာတော့ဘူး။ လုံးပါးပါးပြီးအသက်တိုတော့တာပါပဲ။ အသည်းနဲ့လူနဲ့က တိုက်ရိုက်အချိုးကျတယ်။ လူဝရင်အသည်းလည်းဝ (အဆီဖုံး)တယ်၊ အသည်းမကောင်းရင် လူလည်းကျန်းမာရေးချို့တဲ့ပါတယ်။

လူဆိုတာဟာကိုယ်ခံစွမ်းအားကောင်းရင် ရောဂါမဖြစ်နိုင်ဘူး။ ဒါကြောင့်အသည်းရောဂါတွေ မဖြစ်ချင်ဘူးဆိုရင် အသည်းကိုလည်း အားရှိအောင်လုပ်ပေးရမှာပေါ့။ အသည်းသာအားရှိနေပါစေ၊ အသည်းနဲ့ပတ်သက်တဲ့ရောဂါတွေ မကပ်ရောက်နိုင်ဘူး။

ဘီပိုး၊ စီပိုး၊ မှိုအဆိပ်၊ အသည်းကပ်ပါးပိုး၊ အသည်းဖျက်သံချိတ်ကောင်၊ အယ်ဒီဟိုက်အဆိပ်၊ အယ်ကိုဟော၊ ဓာတ်မြေသြဇာနဲ့ဓာတုဆေးကြွင်းမျိုးစုံတွေရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရည်ရှိပြီး အသည်းခြောက်ခြင်း၊ အသည်းကြွပ်ခြင်း၊ အသည်းCellများပျက်စီးခြင်းကနေ ဆက်ဖြစ်လာတဲ့အသည်းကင်ဆာဖြစ်ခြင်းမှ ကာကွယ်ထားနိုင်တာပေါ့။

အသည်းအတွက်သဘာဝကြီးကပေးထားတဲ့အားဆေးကတော့ ထန်းသီးဖြစ်ပါတယ်။ ထန်းသီးထိပ်ဖက်ကိုဒါးနဲ့လှီးလိုက်ရင် အိမ်၃အိမ်တွေ့လိမ့်မယ်။ အဲဒါကိုလက်ညှိုးနဲ့ဖောက်လိုက်ရင် အထဲကအရည်တွေပန်းထွက်လာရော။ အရည်တွေကိုစုပ်ပြီးသောက်ပါ။ အထဲမှာထန်းသီးရှိတယ်။ အဲဒီထန်းသီးကိုစားပါ။ ဂျယ်လီလေးတွေသိပ်စားကောင်းတယ်။ ထန်းသီးထဲကအရည်နဲ့ ဂျယ်လီဟာအသည်းအတွက် လိုအပ်တဲ့အင်ဇိုင်းတွေဖြစ်တယ်။

အသည်းကလိုအပ်တဲ့အင်ဇိုင်းတွေပြည့်သွားတော့ အင်မတန်အားကောင်းလာပြီး သူ့မှာရှိတဲ့ရောဂါတွေကို သူကိုယ်တိုင်ဖယ်ရှားပစ်လိုက်တယ်။ တကယ့်ကိုအံ့သြစရာကောင်းလောက်အောင် လျှင်မြန်စွာပြန်ကောင်းအောင် လုပ်နိုင်ပါတယ်။ သာဓဏလေး၂ခု၃ခုလောက် ထုတ်ပြပေးပါမယ်။

နယ်မြို့လေးတစ်မြို့ကစက်ရုံဝန်ထမ်းတစ်ယောက် သူ့စက်ရုံကchemicalအဆိပ်သင့်ပြီး အသည်းရောဂါဖြစ်လာတယ်။ အလုပ်မလုပ်နိုင်တော့လို့ ရန်ကုန်မှာ ဆေးရုံလာတက်ပြီးကုတယ်။ တစ်လခွဲကြာတဲ့အထိ မပျောက်တဲ့အပြင် တစ်ကိုယ်လုံးဝါထိန်လာတော့ ဆက်ပြီးမကုတော့ဘဲ သူ့နယ်မြို့လေးကိုပြန်သွားတယ်။ နယ်ရောက်တော့သူ့သတင်းကိုကြားတဲ့ သူငယ်ချင်းကလိုက်လာပြီး ကိုယ်တွေ့အသည်းရောဂါပျောက်နည်းကို ပေးလိုက်တယ်။

ထန်းသီးခွဲ၊ အရည်စုပ်သောက်၊ အသီးကိုဝအောင်စား၊ ပြီးရင်အိပ်ချင်လာလိမ့်မယ်၊ အိပ်လိုက်၊ နိုးလာရင် ဆီးကြောတင်းလာလိမ့်မယ်၊ ဆီးတွေအများကြီးသွားလိမ့်မယ်၊ ပြီးရင်ဗိုက်တအားဆာလာမယ်၊ အားရပါးရသာစားပစ်လိုက်၊ အားရှိပြီးလုံးဝနေကောင်းသွားလိမ့်မယ်လို့ သူငယ်ချင်းက ကိုယ်တွေ့တွေပြောပြပြီး ပြန်သွားပါတယ်။

ဒါနဲ့ပဲသူလည်း ထန်းသီးတွေလိုက်ရှာပြီး နောက်တစ်ရက်မှာပဲ သူငယ်ချင်းမှာသလို လိုက်လုပ်ပါတယ်။ သူ့ရဲ့သူငယ်ချင်းနဲ့ထပ်တူပဲ တစ်ရက်ထဲနဲ့အသားဝါတာတွေ မျက်လုံးဝါတာတွေအားလုံး ယူပစ်သလိုကို ပျောက်သွားပါတယ်။ အသည်းမှာရှိတဲ့ရောဂါတွေဟာ ဆီးလမ်းကြောင်းနဲ့ဝမ်းလမ်းကြောင်းကနေ အကုန်ထွက်သွားပါတယ်။

သူလည်းကျန်းမာရေးပြန်ကောင်းပြီး အရင်လိုပဲ အလုပ်ဆင်းနိုင်ပါတယ်။ သူအလုပ်ဆင်းတော့ သူ့လိုပဲအခြားဝန်ထမ်းတစ်ယောက်လည်း အသည်းရောဂါဖြစ်လို့ ဒီနည်းနဲ့ပဲပျောက်သွားကြောင်း ကိုယ်တွေ့အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ မန္တလေးကအမျိုးသားတစ်ယောက်။ သူကစီပိုးအကောင်ရေ သန်းချီပြီးရှိနေပြီး အသည်းကင်ဆာဖြစ်နေပြီ၊ မရတော့ဘူးဆိုတဲ့သူ။ ဘာလုပ်ရမှန်းမသိတုန်း အခုလိုထန်းသီးနည်းကိုရသွားပြီး မန္တလေးပတ်ဝန်းကျင်ကရွာတွေမှာ ထန်းသီးလှည့်ပတ်စားနေတာ၂လအကြာမှာ စီပိုးတွေမရှိတော့ဘူး၊ အခုဆိုရင်ကျန်းမာတာမဝဖြိုးနေတာပဲတဲ့။

ဟိုတစ်လောကအိမ်လာတဲ့အင်ဂျင်နီယာလေးတစ်ယောက်၊ နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ ဆေးကျလို့မသွားရဘူး။ ဘီပိုးရှိလို့တဲ့၊ ၃ခါဖြေတာ၃ခါလုံးကျတယ်။ ဘာလုပ်ရမလဲတဲ့၊ ထန်းသီးသာရှာစားကွာလို့။ အခုတော့ဆေးအောင်လို့ နိုင်ငံခြားရောက်သွားပါပြီ။ ဝမ်းသာပါတယ်လို့။

အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့အတိုင်း သဘာဝကြီးကပေးထားတဲ့ ဆေးတွေရှိပါတယ်။ အများဆုံးကအပင်တွေမှာရှိနေပါတယ်။ ထန်းပင်သည်လည်း ဆေးဖက်ဝင်အပင်ပါပဲ။ ထန်းသီးကရတဲ့အရည် ဆေးဖက်ဝင်သလို ထန်းအညှာကထွက်တဲ့ ထန်းရည်ကလည်းဆေးပါပဲ။ ထန်းလျက်ကလည်း ဆေးပါပဲ။ ဒါကြောင့်ထန်းပင်တွေခုတ်နေတာကို တားဆီးဖို့လိုတယ်။ ထန်းပင်ကို တန်ဖိုးထားရမယ်။

နယ်မှာထန်းသီးပေါပေမဲ့ ရန်ကုန်မှာက နဲနဲရှားတယ်။ သို့သော်ရှာရင် ရပါတယ်။ ကျနော်ကတော့မင်္ဂလာဒုံလေယာဉ်ကွင်းဘက် မကြာခဏရောက်လေ့ရှိတော့ လေဆိပ်ရိပ်သာလမ်းမှာ သွားဝယ်စားတယ်။ အုန်းစိမ်း၊ ထန်းသီးအသည်တွေ တန်းစီနေတာပဲ။ စိတ်ကြိုက်စားပဲ။ ရန်ကုန်ကမိတ်ဆွေများ ကိုယ်ပိုင်ကားနဲ့တောင် သွားစရာမလိုပါဘူး။ အားလပ်ရက်မှာ Airport Bus အသွားအပြန်အပျော်စီးပြီး သွားစားလို့ရတာပဲ။ ၅၀၀ထဲနဲ့ Aircon Bus ကိုချောင်ချောင်စီးပြီး မိသားစုpicnic ထွက်လို့တောင်ရပါတယ်။

ကျနော်တို့မြန်မာတွေ ရှေးရှေးကတည်းက ထန်းသီးစားခဲ့ကြပါတယ်။ အသည်းရောဂါတွေဖြစ်တယ်ဆိုတာ ကြားရခဲပါတယ်။ အရက်သမားတွေအသည်းကြွမ်းပြီး သေတာလောက်ပဲကြားဖူးပါတယ်။ ဒါကြောင့်မည်သူမဆို အသည်းအားရှိအောင် ထန်းသီးစားပေးကြပါလို့ အလင်းပြပေးပါတယ်ချစ်သူများ……Functional Nutrition ပါ။

ချစ်ခင်လေးစားလျှက်……… ဆောင်းပါး – အသည်းအားဆေး, စာအုပ် – ဓာတ်စာ, ရေးသူ – မင်းကျော်ဝင်း
#Credit

Be the first to comment

Leave a Reply

Your email address will not be published.


*