စကားႀကီး (၄) ခြန္းမေပါက္ၾကားေစနဲ႔..

စကားႀကီး (၄) ခြန္းမေပါက္ၾကားေစနဲ႔..

ေရွးတုန္းကတိုင္းျပည္ တစ္ျပည္မွာမင္းလုပ္ အုပ္ခ်ဳပ္ေနတဲ့ ဘုရင္ႀကီး တစ္ပါးဟာ တစ္ေန႔ မွာသူဆင္းရဲတစ္ေယာက္ အေယာင္ေဆာင္႐ုပ္ ဖ်က္ၿပီး တိုင္းျပည္ အေျခအေနေလ့လာဖို႔ မင္းေနျပည္ က တိတ္တဆိတ္ထြက္ခဲ့ပါတယ္။သူ ပထမဆုံး ေရာက္ခဲ့တဲ့ေနရာက အလြန္ ဆင္းရဲတဲ့ အဖိုးအို လင္မယား ေနတဲ့တဲအိမ္အ စုတ္ကေလးဆီကိုပါ။

အဖိုးအိုလင္မယားဟာပင္ပမ္းဆင္းရဲစြာနဲ႔ ယာခင္းထဲမွာ စိုက္ပ်ိဳးလုပ္ကိုင္ စားေသာက္ ေနရတာအေယာင္ေဆာင္ဘုရင္ႀကီးေတြ႕ရပါ တယ္ ။ဒီမွာတစ္ညအိပ္ တည္းဖို႔ခြင့္ေတာင္း ေတာ့ အဖိုးအို လင္မယား ကခြင့္ျပဳ ၿပီးလိုေလး မရွိေအာင္လဲရွိတာေလးနဲ႔ဧည့္ခံေကြၽးေမြးၾက ပါတယ္။

လူဆင္းရဲေပမယ့္ေစတနာမဆင္းရဲ တဲ့ အဖိုးအို လင္မယား ကို အေယာင္ ေဆာင္ ဘုရင္ႀကီး စိတ္ထဲႀကိတ္ၿပီး ေက် းဇူးတင္ေနမိ တာေပါ့။ ညက်ေတာ့ အိပ္ယာ မဝင္ခင္ အတူထိုင္ စကားစၿမီေျပာၾကတဲ့အခါ ဘုရင္ႀကီး က..” အဖိုးတို႔မွာ စားမယ့္ေသာက္မယ့္လူလဲမရွိဘဲ ဘာလို႔ ဒီေလာက္ ပင္ပမ္းႀကီးစြာ အလုပ္ေတြ လုပ္ေနရတာလဲ.. ဒီ အ႐ြယ္ ဆိုတာသား ေထာက္သမီးခံ အလုပ္လႊဲထားၿပီး ဘုရားသြား ေက် ာင္းတက္လုပ္ေနရမွာမဟုတ္ေလာ “..ဟုေျပာပါတယ္။

ဒီအခါအဖိုးအိုက ဒီလိုျပန္ၿပီး ေျပာပါတယ္… “အေမာင္ေျပာတာ ဟုတ္ေတာ့လဲဟုတ္ပါရဲ႕ ဒါေပမယ့္သားသမီးဆိုတာလဲ သူ႔မီးနဲ႔ သူ႔အပူ ျဖစ္ေနၾကတာကလား.. က်ဳပ္တို႔မွာလဲကိုယ္ စားဘို႔တင္မက ခိုးမႉးႀကီးလဲ ေပးရေသးတယ္ အာဂႏၲဳ ဧည့္သည္ကိုလဲေကြၽးရတယ္.. သမုဒၵ ရာထဲလဲ ပစ္ခ် ေနရေသးတယ္ ရန္သူကိုလဲ ရွာေဖြေကြၽးေမြးေနရပါတယ္ ” အဖိုးအိုစကားကဘုရင္ႀကီးအတြက္ ထူးဆန္းေနပါတယ္။

အဓိပၸါယ္ကိုလဲ သေဘာမေပါက္တာေၾကာင့္ အဖိုးအိုကိုျပန္ေမးမိေတာ့တယ္။ “အဖိုးစကားရဲ႕အဓိပၸါယ္ကို တဆိတ္ေလာက္ ရွင္းျပပါလားခင္ဗ်ာ..” ဒီအခါအဖိုးအိုက အဓိပၸါယ္ကိုရွင္းျပပါတယ္ “ဒီလိုပါအေမာင္ ခိုးမႉ းႀကီးကိုေပးရတယ္ဆိုတာက တိုင္းျပည္ကို ဓားျပသူခိုးရန္သူမ်ိဳးေတြရဲ႕ရန္က ကာကြယ္ေပးထားတဲ့ ဘုရင္မင္းျမတ္ တို႔အား အခြန္ဘ႑ာ ဆက္သေပးေနရတယ္လို႔ျဖစ္ပါတယ္

”“ဘုရင္ကိုဘာလို႔ခိုးမႉးးႀကီး ဆိုရပါသလဲအဖိုး”“ကြၽႏ္ုပ္တို႔ေတြနဖူးက ေခြၽးေျခမက်ေအာင္ရွာ ေဖြထားရတဲ့ဥစၥာေတြကို သူခိုးဓားျပလက္မပါရေအာင္ ကာကြယ္ထိန္းသိမ္းေပးႏိုင္စြမ္းရွိလို႔ ခိုးသူတို႔ရဲ႕အ ႀကီးအမႉး လို႔ ဆိုလိုတာပါ ” ဘုရင္ႀကီးဟာ အဖိုးအိုရဲ႕အေျဖကို သေဘာက်သြားပါတယ္။

ဒါနဲ႔ေနာက္ထပ္စကားတစ္ခြန္းကို ထပ္ေမးျပန္ပါတယ္။ “အာဂႏၲဳ ဧည့္သည္ကိုေကြၽးေမြး ရတယ္ဆိုတာကေရာ ဘယ္လိုအဓိပၸါယ္ပါလိမ့္ဗ်ာ ”“ေလာကမယ္မိဘကေကြၽးေမြး ေစာင့္ေရွာက္ခဲ့ရတဲ့ သားသမီးဆိုတာ တကယ္ေတာ့ဧည့္ သည္ေတြပါပဲအေမာင္.. အခ်ိန္တန္အ႐ြယ္ ေရာက္တဲ့အခါ သူတို႔လမ္း သူတို႔ေလွ်ာက္ၾက တာပဲ မဟုတ္လား ဒါေၾကာင့္သူတို႔ကို အာဂႏၲဳ့လို႔ဆိုရတာပါေမာင္ ” ဒီစကားကိုလဲ ဘုရင္ႀကီးသေဘာက်ျပန္ပါတယ္။

ေနာက္ထပ္စကားအဓိပၸါယ္ကိုလဲ ထပ္ေမးလိုက္ျပန္တယ္..

“သမုဒၵရာထဲလဲခ် ရတယ္ဆိုတာကေရာ ဘာ အဓိပၸါယ္ပါလဲအဖိုး ” “ဒါကဒီလိုပါ..ေခ်ာင္းျမစ္အသြယ္သြယ္တို႔ကလာတဲ့ ေရမွန္သမွ်ဟာ ပင္လယ္သမုဒၵရာထဲ စီးဝင္ၾကေပမ ဲ့ျပည့္႐ိုးထုံးစံမရွိသလိုဘဲတ ေန႔တေန႔က်ဳပ္တို႔စားသမွ်အားလုံး ဝမ္းေခါင္းထဲမွာျပည့္တယ္လို႔ မရွိတာအေမာင္အသိပဲ မဟုတ္လား..

ဒါေၾကာင့္သမုဒၵရာထဲ ပစ္ထဲ့ရတယ္ဆိုတာ ရွာေဖြရသမွ် က်ဳပ္တို႔အသက္ရွင္သန္ဖို႔ဒီဝမ္းေခါင္းထဲ အစာစားၿပီးျဖည့္ထဲ့ေနရတယ္လို႔ ဆိုလိုတာပါပဲ ”“ဒါဆိုေနာက္ဆုံးစကား ရန္သူကို ရွာေဖြေကြၽးေမြးေနရတယ္ဆိုကေရာ..”“ဒါက ပိုအေရးႀကီးပါတယ္ အေမာင္.. ကိုယ္ကခ်စ္ၾကင္လို႔ ေပါင္းသင္း ေနထိုင္ေနတဲ့ဇနီးမယားဟာ ကိုယ့္ရဲ႕ရန္သူပါဘဲ..”“အလို ဒီစကားကေတာ့ အဆန္းပါလား ရွင္းျပေပးပါဦးအဖိုးရဲ႕ ”

“စိတ္တူကိုယ္တူဆိုၿပီး ကိုယ္ကခ်စ္ခင္ေပါင္းသင္းေနေပမဲ့ ကိုယ့္ရဲ႕အသက္စည္းစိမ္ကို အမ်ားဆုံးဒုကၡေပးႏိုင္ေခ်ရွိတာ ဒီဇနီးမယားပါပဲ အေမာင္.. ဒီစကားကေတာ့အေရးႀကဳံလာတဲ့ အခါမွ အေမာင္သိပါလိမ့္မယ္.. အခုကေတာ့ ရန္သူကိုလဲရွာေဖြေကြၽးေမြးေနတယ္ပဲ မွတ္သားလိုက္ပါအေမာင္ ”ေနာက္ဆုံးစကားကို ဘဝင္မက် ေပမယ့္မွတ္သားေလာက္စရာမို႔ လက္ခံလိုက္ၿပီး သူဟာ ဘုရင္ျဖစ္ေၾကာင္း ေျပာဆိုလိုက္ေတာ့ အဖိုးအိုလင္မယားဟာ ျပဴးျပဴးပ်ာပ်ာ ျဖစ္သြားပါ ေတာ့တယ္..။

“မေၾကာက္ၾကပါနဲ႔အဖိုး.. တစ္ခုေတာ့ေျပာပါရေစ အခုအဖိုးေျပာတဲ့ စကားႀကီးေလးခြန္းကိုေတာ့ ဘယ္သူကိုမွမေျပာမိေစဖို႔မွာခဲ့ပါရေစ.. တကယ္လို႔ေပါက္ၾကားခဲ့ရင္ ေသဒဏ္သင့္မွာကို သေဘာေပါက္ေစခ် င္တယ္..” “မေပါက္ၾကားေစဖို႔ ဂတိေပးပါတယ္မင္းႀကီး”ဤသို႔ျဖင့္ဘုရင္ႀကီးလဲ နန္းတြင္းျပန္သြားၿပီး ေနာက္တစ္ေန႔ညီလာခံတြင္ အဖိုးအိုေျပာဆို ခဲ့ေသာစကားႀကီးေလးခြန္းကို မႉးးမတ္ေတြကို ေျပာဆိုေမးခြန္းထုတ္ၿပီး အဓိပၸါယ္ကိုေမးျမန္းပါေတာ့တယ္ ။

မႉးမတ္ေတြအားလုံ းမေျဖဆိုႏိုင္ၾကပါဘူး။ ဒီေတာ့ဘုရင္ႀကီးက ေျဖဆိုဖို႔အခ်ိန္ ခုနစ္ရက္ေပးလိုက္ပါတယ္။ မႉးမတ္ေတြအားလုံး အၾကပ္႐ိုက္ေနခ်ိန္မွာ လူလည္အမတ္တစ္ေယာက္ကေတာ့ ဘုရင္ ႀကီး ခရီးထြက္ၿပီးျပန္လာမွ ဒီစကားေလးခြန္းကိုေမးတာဆိုေတာ့ အေၾကာင္းရရွိရမယ္လို႔ စဥ္းစားၿပီး ဘုရင္ႀကီးသြားခဲ့တဲ့ လမ္းေၾကာင္းကိုစုံစမ္းၿပီး ရွာေဖြရာက အဖိုးအိုလင္မယားရွိရာကို ေရာက္သြားပါေတာ့တယ္ ။

အမတ္လူ လည္ဟာ အဖိုးအိုကို တံစိုးလက္ေဆာင္ေပးၿပီး စကားေလးခြန္းကို ေမးေပမယ့္ အဖိုးအိုဟာ လုံးဝမေျပာပါဘူး။ ေနာက္ဆုံးအဖိုးအိုရဲ႕ ဇနီးဖြားအိုကို အသျပာ ေငြ ၁၀၀၀ ေပးၿပီးေမးတဲ့အခါ ဖြားအိုကေငြကို ယူၿပီးစကားေလးခြန္း အဓိပၸါယ္ကို ဖြင့္ဟေျပာ ၾကားလိုက္ပါတယ္။ ဒါနဲ႔ရက္ ခ်ိန္းခုနစ္ရက္ျပည့္လို႔ ညီလာခံျပန္ဝင္ တဲ့အခါ ဘုရင္ႀကီးကိုဘယ္သူမွ အေျဖမေပး ႏိုင္ၾကေပမယ့္ လူလည္အမတ္ကေတာ့ ခပ္ႂကြားႂကြားေလးေျဖႏိုင္လိုက္ပါတယ္။

ဒါေပမယ့္ဘုရင္ႀကီးက သူ႔အစြမ္းအစနဲ႔ ေျဖႏိုင္တာမဟုတ္ဘူးသိေနေတာ့ မွန္မွန္မေျပာ ေသဒဏ္ေပးမယ္. ဘယ္လိုသိလာတာလဲဆိုတာ မွန္မွန္ေျပာဆိုၿပီး အၾကပ္ကိုင္ေမးေတာ့မွ အဖိုးအိုလင္မယားဆီက သိလာတာလို႔အမွန္အတိုင္းေျပာပါေတာ့တယ္။

ဘုရင္ႀကီးဟာ အဖိုးအိုလင္မယားကို အမ်က္မာန္ရွၿပီး ေရွ႕ေတာ္ဆင့္ေခၚလိုက္ပါတယ္။ ေရွ႕ေတာ္ေရာက္တဲ့ အခါ… “အဖိုး..ေပးခဲ့တဲ့ဂတိကိုဖ်က္ၿပီး ဘာလို႔တားျမစ္ခ်က္ကို လြန္ဆန္ရတာလဲ.. ေသဒဏ္ေပးခံရမွာကို မေၾကာက္ဖူးလား ”“မင္းႀကီး.. ကြၽန္ေတာ္မ်ိဳးဟာ ဆင္းရဲႏုံျခာေပမယ့္ ဂတိတစ္လုံးကို အသက္ထက္ကာကြယ္ ပါတယ္.. ကြၽန္ေတာ္မ်ိဳး၏ ဇနီးေျပာၾကားျခင္းသာျဖစ္ပါတယ္.

အသျပာေငြ ၁၀၀၀အတြက္ ကြၽန္ေတာ္မ်ိဳး၏အသက္ကို ေရာင္းစားသည့္ဇနီးသည္ဟာ အနီးဆုံးရန္သူျဖစ္ေၾကာင္း မင္း ႀကီး ဒီေလာက္ဆိုသေဘာေပါက္နားလည္ၿပီ ယုံၾကည္ပါတယ္..”ဒီေတာ့မွဘုရင္ႀကီးဟာ စိတ္ထဲဘဝင္မက်ခဲ့တဲ့ ေနာက္ဆုံးစကားရဲ႕အဓိပၸါယ္ကို နားလည္လက္ခံသြားၿပီး သူဆင္းရဲအဖိုးအိုလင္မယား ကို ဆုလာဘ္မ်ား ေပးသနား လိုက္ပါေတာ့တယ္ ။#Credit

Unicode

စကားကြီး (၄) ခွန်းမပေါက်ကြားစေနဲ့..

ရှေးတုန်းကတိုင်းပြည် တစ်ပြည်မှာမင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်ကြီး တစ်ပါးဟာ တစ်နေ့ မှာသူဆင်းရဲတစ်ယောက် အယောင်ဆောင်ရုပ် ဖျက်ပြီး တိုင်းပြည် အခြေအနေလေ့လာဖို့ မင်းနေပြည် က တိတ်တဆိတ်ထွက်ခဲ့ပါတယ်။သူ ပထမဆုံး ရောက်ခဲ့တဲ့နေရာက အလွန် ဆင်းရဲတဲ့ အဖိုးအို လင်မယား နေတဲ့တဲအိမ်အ စုတ်ကလေးဆီကိုပါ။

အဖိုးအိုလင်မယားဟာပင်ပမ်းဆင်းရဲစွာနဲ့ ယာခင်းထဲမှာ စိုက်ပျိုးလုပ်ကိုင် စားသောက် နေရတာအယောင်ဆောင်ဘုရင်ကြီးတွေ့ရပါ တယ် ။ဒီမှာတစ်ညအိပ် တည်းဖို့ခွင့်တောင်း တော့ အဖိုးအို လင်မယား ကခွင့်ပြု ပြီးလိုလေး မရှိအောင်လဲရှိတာလေးနဲ့ဧည့်ခံကျွေးမွေးကြ ပါတယ်။

လူဆင်းရဲပေမယ့်စေတနာမဆင်းရဲ တဲ့ အဖိုးအို လင်မယား ကို အယောင် ဆောင် ဘုရင်ကြီး စိတ်ထဲကြိတ်ပြီး ကျေ းဇူးတင်နေမိ တာပေါ့။ ညကျတော့ အိပ်ယာ မဝင်ခင် အတူထိုင် စကားစမြီပြောကြတဲ့အခါ ဘုရင်ကြီး က..” အဖိုးတို့မှာ စားမယ့်သောက်မယ့်လူလဲမရှိဘဲ ဘာလို့ ဒီလောက် ပင်ပမ်းကြီးစွာ အလုပ်တွေ လုပ်နေရတာလဲ.. ဒီ အရွယ် ဆိုတာသား ထောက်သမီးခံ အလုပ်လွှဲထားပြီး ဘုရားသွား ကျေ ာင်းတက်လုပ်နေရမှာမဟုတ်လော “..ဟုပြောပါတယ်။

ဒီအခါအဖိုးအိုက ဒီလိုပြန်ပြီး ပြောပါတယ်… “အမောင်ပြောတာ ဟုတ်တော့လဲဟုတ်ပါရဲ့ ဒါပေမယ့်သားသမီးဆိုတာလဲ သူ့မီးနဲ့ သူ့အပူ ဖြစ်နေကြတာကလား.. ကျုပ်တို့မှာလဲကိုယ် စားဘို့တင်မက ခိုးမှူးကြီးလဲ ပေးရသေးတယ် အာဂန္တု ဧည့်သည်ကိုလဲကျွေးရတယ်.. သမုဒ္ဒ ရာထဲလဲ ပစ်ချ နေရသေးတယ် ရန်သူကိုလဲ ရှာဖွေကျွေးမွေးနေရပါတယ် ” အဖိုးအိုစကားကဘုရင်ကြီးအတွက် ထူးဆန်းနေပါတယ်။

အဓိပ္ပါယ်ကိုလဲ သဘောမပေါက်တာကြောင့် အဖိုးအိုကိုပြန်မေးမိတော့တယ်။ “အဖိုးစကားရဲ့အဓိပ္ပါယ်ကို တဆိတ်လောက် ရှင်းပြပါလားခင်ဗျာ..” ဒီအခါအဖိုးအိုက အဓိပ္ပါယ်ကိုရှင်းပြပါတယ် “ဒီလိုပါအမောင် ခိုးမှူ းကြီးကိုပေးရတယ်ဆိုတာက တိုင်းပြည်ကို ဓားပြသူခိုးရန်သူမျိုးတွေရဲ့ရန်က ကာကွယ်ပေးထားတဲ့ ဘုရင်မင်းမြတ် တို့အား အခွန်ဘဏ္ဍာ ဆက်သပေးနေရတယ်လို့ဖြစ်ပါတယ်

”“ဘုရင်ကိုဘာလို့ခိုးမှူးးကြီး ဆိုရပါသလဲအဖိုး”“ကျွန်ုပ်တို့တွေနဖူးက ချွေးခြေမကျအောင်ရှာ ဖွေထားရတဲ့ဥစ္စာတွေကို သူခိုးဓားပြလက်မပါရအောင် ကာကွယ်ထိန်းသိမ်းပေးနိုင်စွမ်းရှိလို့ ခိုးသူတို့ရဲ့အ ကြီးအမှူး လို့ ဆိုလိုတာပါ ” ဘုရင်ကြီးဟာ အဖိုးအိုရဲ့အဖြေကို သဘောကျသွားပါတယ်။

ဒါနဲ့နောက်ထပ်စကားတစ်ခွန်းကို ထပ်မေးပြန်ပါတယ်။ “အာဂန္တု ဧည့်သည်ကိုကျွေးမွေး ရတယ်ဆိုတာကရော ဘယ်လိုအဓိပ္ပါယ်ပါလိမ့်ဗျာ ”“လောကမယ်မိဘကကျွေးမွေး စောင့်ရှောက်ခဲ့ရတဲ့ သားသမီးဆိုတာ တကယ်တော့ဧည့် သည်တွေပါပဲအမောင်.. အချိန်တန်အရွယ် ရောက်တဲ့အခါ သူတို့လမ်း သူတို့လျှောက်ကြ တာပဲ မဟုတ်လား ဒါကြောင့်သူတို့ကို အာဂန္တု့လို့ဆိုရတာပါမောင် ” ဒီစကားကိုလဲ ဘုရင်ကြီးသဘောကျပြန်ပါတယ်။

နောက်ထပ်စကားအဓိပ္ပါယ်ကိုလဲ ထပ်မေးလိုက်ပြန်တယ်..

“သမုဒ္ဒရာထဲလဲချ ရတယ်ဆိုတာကရော ဘာ အဓိပ္ပါယ်ပါလဲအဖိုး ” “ဒါကဒီလိုပါ..ချောင်းမြစ်အသွယ်သွယ်တို့ကလာတဲ့ ရေမှန်သမျှဟာ ပင်လယ်သမုဒ္ဒရာထဲ စီးဝင်ကြပေမ ဲ့ပြည့်ရိုးထုံးစံမရှိသလိုဘဲတ နေ့တနေ့ကျုပ်တို့စားသမျှအားလုံး ဝမ်းခေါင်းထဲမှာပြည့်တယ်လို့ မရှိတာအမောင်အသိပဲ မဟုတ်လား..

ဒါကြောင့်သမုဒ္ဒရာထဲ ပစ်ထဲ့ရတယ်ဆိုတာ ရှာဖွေရသမျှ ကျုပ်တို့အသက်ရှင်သန်ဖို့ဒီဝမ်းခေါင်းထဲ အစာစားပြီးဖြည့်ထဲ့နေရတယ်လို့ ဆိုလိုတာပါပဲ ”“ဒါဆိုနောက်ဆုံးစကား ရန်သူကို ရှာဖွေကျွေးမွေးနေရတယ်ဆိုကရော..”“ဒါက ပိုအရေးကြီးပါတယ် အမောင်.. ကိုယ်ကချစ်ကြင်လို့ ပေါင်းသင်း နေထိုင်နေတဲ့ဇနီးမယားဟာ ကိုယ့်ရဲ့ရန်သူပါဘဲ..”“အလို ဒီစကားကတော့ အဆန်းပါလား ရှင်းပြပေးပါဦးအဖိုးရဲ့ ”

“စိတ်တူကိုယ်တူဆိုပြီး ကိုယ်ကချစ်ခင်ပေါင်းသင်းနေပေမဲ့ ကိုယ့်ရဲ့အသက်စည်းစိမ်ကို အများဆုံးဒုက္ခပေးနိုင်ချေရှိတာ ဒီဇနီးမယားပါပဲ အမောင်.. ဒီစကားကတော့အရေးကြုံလာတဲ့ အခါမှ အမောင်သိပါလိမ့်မယ်.. အခုကတော့ ရန်သူကိုလဲရှာဖွေကျွေးမွေးနေတယ်ပဲ မှတ်သားလိုက်ပါအမောင် ”နောက်ဆုံးစကားကို ဘဝင်မကျ ပေမယ့်မှတ်သားလောက်စရာမို့ လက်ခံလိုက်ပြီး သူဟာ ဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့ အဖိုးအိုလင်မယားဟာ ပြူးပြူးပျာပျာ ဖြစ်သွားပါ တော့တယ်..။

“မကြောက်ကြပါနဲ့အဖိုး.. တစ်ခုတော့ပြောပါရစေ အခုအဖိုးပြောတဲ့ စကားကြီးလေးခွန်းကိုတော့ ဘယ်သူကိုမှမပြောမိစေဖို့မှာခဲ့ပါရစေ.. တကယ်လို့ပေါက်ကြားခဲ့ရင် သေဒဏ်သင့်မှာကို သဘောပေါက်စေချ င်တယ်..” “မပေါက်ကြားစေဖို့ ဂတိပေးပါတယ်မင်းကြီး”ဤသို့ဖြင့်ဘုရင်ကြီးလဲ နန်းတွင်းပြန်သွားပြီး နောက်တစ်နေ့ညီလာခံတွင် အဖိုးအိုပြောဆို ခဲ့သောစကားကြီးလေးခွန်းကို မှူးးမတ်တွေကို ပြောဆိုမေးခွန်းထုတ်ပြီး အဓိပ္ပါယ်ကိုမေးမြန်းပါတော့တယ် ။

မှူးမတ်တွေအားလုံ းမဖြေဆိုနိုင်ကြပါဘူး။ ဒီတော့ဘုရင်ကြီးက ဖြေဆိုဖို့အချိန် ခုနစ်ရက်ပေးလိုက်ပါတယ်။ မှူးမတ်တွေအားလုံး အကြပ်ရိုက်နေချိန်မှာ လူလည်အမတ်တစ်ယောက်ကတော့ ဘုရင် ကြီး ခရီးထွက်ပြီးပြန်လာမှ ဒီစကားလေးခွန်းကိုမေးတာဆိုတော့ အကြောင်းရရှိရမယ်လို့ စဉ်းစားပြီး ဘုရင်ကြီးသွားခဲ့တဲ့ လမ်းကြောင်းကိုစုံစမ်းပြီး ရှာဖွေရာက အဖိုးအိုလင်မယားရှိရာကို ရောက်သွားပါတော့တယ် ။

အမတ်လူ လည်ဟာ အဖိုးအိုကို တံစိုးလက်ဆောင်ပေးပြီး စကားလေးခွန်းကို မေးပေမယ့် အဖိုးအိုဟာ လုံးဝမပြောပါဘူး။ နောက်ဆုံးအဖိုးအိုရဲ့ ဇနီးဖွားအိုကို အသပြာ ငွေ ၁၀၀၀ ပေးပြီးမေးတဲ့အခါ ဖွားအိုကငွေကို ယူပြီးစကားလေးခွန်း အဓိပ္ပါယ်ကို ဖွင့်ဟပြော ကြားလိုက်ပါတယ်။ ဒါနဲ့ရက် ချိန်းခုနစ်ရက်ပြည့်လို့ ညီလာခံပြန်ဝင် တဲ့အခါ ဘုရင်ကြီးကိုဘယ်သူမှ အဖြေမပေး နိုင်ကြပေမယ့် လူလည်အမတ်ကတော့ ခပ်ကြွားကြွားလေးဖြေနိုင်လိုက်ပါတယ်။

ဒါပေမယ့်ဘုရင်ကြီးက သူ့အစွမ်းအစနဲ့ ဖြေနိုင်တာမဟုတ်ဘူးသိနေတော့ မှန်မှန်မပြော သေဒဏ်ပေးမယ်. ဘယ်လိုသိလာတာလဲဆိုတာ မှန်မှန်ပြောဆိုပြီး အကြပ်ကိုင်မေးတော့မှ အဖိုးအိုလင်မယားဆီက သိလာတာလို့အမှန်အတိုင်းပြောပါတော့တယ်။

ဘုရင်ကြီးဟာ အဖိုးအိုလင်မယားကို အမျက်မာန်ရှပြီး ရှေ့တော်ဆင့်ခေါ်လိုက်ပါတယ်။ ရှေ့တော်ရောက်တဲ့ အခါ… “အဖိုး..ပေးခဲ့တဲ့ဂတိကိုဖျက်ပြီး ဘာလို့တားမြစ်ချက်ကို လွန်ဆန်ရတာလဲ.. သေဒဏ်ပေးခံရမှာကို မကြောက်ဖူးလား ”“မင်းကြီး.. ကျွန်တော်မျိုးဟာ ဆင်းရဲနုံခြာပေမယ့် ဂတိတစ်လုံးကို အသက်ထက်ကာကွယ် ပါတယ်.. ကျွန်တော်မျိုး၏ ဇနီးပြောကြားခြင်းသာဖြစ်ပါတယ်.

အသပြာငွေ ၁၀၀၀အတွက် ကျွန်တော်မျိုး၏အသက်ကို ရောင်းစားသည့်ဇနီးသည်ဟာ အနီးဆုံးရန်သူဖြစ်ကြောင်း မင်း ကြီး ဒီလောက်ဆိုသဘောပေါက်နားလည်ပြီ ယုံကြည်ပါတယ်..”ဒီတော့မှဘုရင်ကြီးဟာ စိတ်ထဲဘဝင်မကျခဲ့တဲ့ နောက်ဆုံးစကားရဲ့အဓိပ္ပါယ်ကို နားလည်လက်ခံသွားပြီး သူဆင်းရဲအဖိုးအိုလင်မယား ကို ဆုလာဘ်များ ပေးသနား လိုက်ပါတော့တယ် ။#Credit

Be the first to comment

Leave a Reply

Your email address will not be published.


*